အိပ်မပျော်သောည

in #writing3 years ago

adult_1850177_640.jpg
https://pixabay.com/photos/adult-diary-journal-notebook-book-1850177/

ခေါင်းစဉ်လေးကတော့ အရမ်းလှတာပါဘဲ ဘာတဲ့ အိပ်လို့မပျော်တဲ့ည
ဘာတွေများ ရေးမယ်မသိဘူးပေါ့နော် အိပ်လို့မပျော်တဲ့အကြောင်းတွေ ရေးတော့မယ် ဟုတ်တယ် ဒီည အိပ်လို့မပျော်ဘူး ဖြစ်နေပါတယ်
အတိတ်အကြောင်းတွေ တွေးပြီး အိပ်မပျော်တာလည်းမဟုတ်ရပါဘူးကွယ်
မျက်စိတွေ ကြောင်နေတာ လူက လန်းဆန်းတက်ကြွနေတာ လွမ်းစရာ ဆွေးစရာလည်း မရှိပါဘူး
နေ့ခင်းဘက်လည်း မအိပ်ထားမိပါဘူး ဒီည အိပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်
ဒါနဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ စာထရေးမယ်လို့ တွေးမိတာနဲ့ အခုလာရေးတာဘဲ
အမှန်ကလေ ညနေကတည်းက စာရေးပြီး ပို့စ်တင်မယ်လို့ စီစဉ်ထားတာ
အခုမှကို အဆင်ပြေတော့တယ်
ညနေက စာတွေ ရေးပြီးသား ပို့စ်တင်ဖို့ လုပ်နေတုန်း တင်လို့ကိုမရဘူး ဘာဖြစ်တာလဲပေါ့
တကယ်က ပို့စ်တင်ရန်အတွက် လုံလောက်တဲ့ ပါဝါ မရှိလို့ တင်မရတာပါ
ရေးပြီးသားစာတွေ ကို မသိမ်းလိုက်ရဘူး
တိုက်ဆိုင်တော့ အဲ့သလို အဆင်မပြေဖြစ်နေတုန်း မီးက ပျက်သွားပါလေရော
ရေးပြီးသားစာတွေလည်း မဆေ့လိုက်ရဘူး
မီးလာလို့ ပြန်ဖွင့်ကြည့်တော့ မရှိတော့ဘူး
အဲ့ဒါနဲ့ စိတ်ညစ်ပြီး ထပ်မရေးချင်တော့ဘူးလေ မတင်တော့ဘူးဆိုပြီး နေလိုက်တာ အခုမှ အိပ်မပျော်တာလည်းဖြစ်နေတော့ စာလေး ရေးပြီး တင်ကြည်မယ်ဆိုပြီး ကြိုးစားကြည့် တာ ဒီတစ်ခါတော့ အဆင်ပြေမယ်ထင်ပါတယ်
နောက်ရက်တွေ တော့ သေချာလေး ရေးရမယ် ဒီနေ့တော့ ဒီလောက်ဘဲ ရေးလိုက်တယ်
အခုဆို လူတွေ စာရေးတာကို စိတ်ဝင်စားလာကြတာတွေ့တယ် သူတို့လည်း ကိုယ့်လိုဘဲ အချိန်အားတွေကို အသုံးချနိုင်ဖို့ကြိုးစားလာကြတာဖြစ်မယ်လေ
လူတွေ စည်ကားလာတော့မှာဆိုတော့လည်း စာရေးရတာက ပျော်စရာကောင်းလာတော့မယ်ထင်ပါတယ်
@sevenyear7

Sort:  

Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more, by @kozawlay.