အိုဘယ့်​...မြန်​မာ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာကြပါ​စေ။

အခုတ​လော မှဖြစ်​ပျက်​သွားတဲ့သတင်းတစ်​ခုနဲ့ပတ်​သက်​ပြီးတင်​ပြပါရ​စေ။မူခင်းသတင်း​တွေက​တော့ fb တစ်​ခွင်​ မှာပလူးကိုပျံလို့ပါ။တစ်​​နေ့တစ်​​နေ့ ​တွေ့ရတဲ့မူခင်း​တွေလည်းမနည်းဘူး။မြန်​မာကရဲ​တွေလည်းအငြိမ်​မ​နေရဘူး။တစ်​ခုမဟုတ်​တစ်​ခုဖြစ်​​နေ​တော့ ရဲလည်းမနိုင်​ဘူးထင်​ပါရဲ့ ။ဟိုတစ်​​နေ့ကမှဖြစ်​သွားတဲ့ မူခင်း​တောင်​ရဲမပါဘဲအနီးနားက လူ​တွေ​ကြောင့်​ ဖမ်းမိသွားတယ်​လို့ကြားတယ်​။အဲ့လိုဆို​တော့ ရဲ​တွေအသုံးမကျ​ကြောင်း​ရေးလိုက်​ကြတဲ့ comment ​တွေ မနည်းဘူး။ဒါလည်းသူတို့အမြင်​သူတို့ချပြတာ အပြစ်​မရှိပြန်​ဘူး။

FB_IMG_1534413904424.jpg
Image source

အဲ့ဒီအမှုမှာ ရွာကအကိုတစ်​​ယောက်​​ကြောင့်​မိသွားတာလို့ကြားတယ်​။သူကကျွန်​မတို့ရွာက​နေ မန္တ​လေးမှာလာပြီးစီးပွားရှာ​နေတဲ့သူတစ်​​ယောက်​ပါ။သူကဆံပင်​ညှပ်​ဆရာတသ်​​ယောက်​ဆို​တော့ ဆံပင်​ဆိုင်​ဖွင့်​ပြီး စီးပွားရှာ​နေတာကြာပြီ​ပေါ့​လေ။7 Day newsက သူနဲ့အ​မေးအ​ဖြေ​လေးတင်​​ပေးတာ ​တွေ့လို့ဖတ်​ကြည့်​တာ သူဒီမှာ​နေတာ နှစ်​ချီ​နေပြီ မှုခင်း​တွေလည်း အ​တော်​များများ​တွေ့တယ်​၊မြင်​တယ်​။ အားလုံးလည်းသိကြမှာပါ မန္တ​လေး ​မှာ​နေ့ခင်းကြီး ​သေနတ်​နဲ့ပစ်​ပြီးဆိုင်​ကယ်​လုတဲ့သတင်းကို​လေ။ဟိုတ​နေ့ကမှ ​နေ့ခင်းလူရိုက်​ပြီး ဆိုင်​ကယ်​လုတာ ကို​ရေးပြီးတင်​ခဲ့တယ်​။အဲ့တုန်းကလည်း ​နေ့ခင်းကြီး လုရဲတယ်​ဆိုပြီး အ​တော်​​လေးလည်းအံ့သြမိတယ်​။အခုကျပြန်​​တော့လည်း ​နေ့ခင်းမှာ​တောင်​​သေနတ်​နဲ့ပစ်ပြီးလုတယ်​ဆို​တော့ ​ပါးစပ်​အ​ဟောင်းသားဖြစ်​သွားတယ်။

FB_IMG_1534414199746.jpg
Image source

သြော်​....ဘယ်​သူ​တွေအပြစ်​ရှိပါတယ်​လို့ လက်​ညိုးမထိုးချင်​ဘူး။ဘာလို့ဆို အခုက ပျက်​ချင်​ရာပျက်​၊ဖြစ်​ချင်​ရာဖြစ်​ ​နေတဲ့ အ​ခြေအ​နေကိုး​နော်​။စိတ်​ဓာတ်​​တွေပဲ ပြင်​ရမလား၊လက်​ရှိအ​ခြေအ​နေကိုပဲပြင်​ရမလား။နိုင်​ငံက အရမ်းကြီး မဖွင့်​ဖြိုးလို့ ဒီလိုဖြတ်​လမ်း​တွေသုံး​နေကြတာလား။လုပ်​စရာအလုပ်​​တွေမရှိ​တော့လား။စဉ်းစားစရာပါပဲ။မြန်​မာနိုင်​ငံရဲ့ လက်​ရှိအ​ခြေအ​နေ​ကြောင့်​လား ??ဒီလိုလူအဆန်​တဲ့ အရဲစွန့်​ပြီးလုပ်​၇မယ့်​ ဂုဏ်​သိက္ခာမရှိတဲ့ သူခိုး၊လူလိမ်​အလုပ်​​တွေကို ပညာတတ်​တဲ့သူက​တော့ မလုပ်​​လောက်​ဘူးလို့ယူဆမိတယ်​။ဘာလို့ဆို မြန်​မာမှာက ဘွဲ့တစ်​ခုရရင်​ အနည်းဆုံး​တော့ အလုပ်​တစ်​ခုရနိုင်​တယ်​​လေ။ဘယ်​အလုပ်​ပဲ​ခေါ်​ခေါ် ဘွဲ့ရ၊အ​တွေ့အကြုံရှိတဲ့သူကိုမှ ​ခေါ်ကြတာချည်းပဲ။ဒါ​ကြောင့်​ အခုလို လုပ်​ရပ်​မျိုးကို ပညာသိပ်​မတတ်​ဘဲ ​လေလွင့်​​နေတဲ့ ဂျပစီလို ၁၀၉၊၁၁၀​တွေပဲ လုပ်​ကြမယ်​လို့ ကျွန်​မထင်​တယ်​။ကျွန်​မအထင်​မှားနိုင်​ပါတယ်​။

FB_IMG_1534414328224.jpg
Image source

အခြားနိုင်​ငံ​တွေနဲ့ယှဉ်​ရင်​ လုရက်​တဲ့အမှုမှာ မြန်​မာကထိပ်​ကဖြစ်​​နေ​လောက်​ပြီ။ဒီမန္တ​လေးမှာကိုပဲ ရက်​သတ္တပတ်​မကွာဘူး ၃ခုဆက်​တက်​ ဖြစ်​တယ်​။၃ခုလုံး လူရိုက်​ပြီးလုတာနဲ့၊​သေနတ်​နဲ့ပစ်​ပြီးလုတာနဲ့၊ဓားထိုးပြီးလုတာနဲ့ ။ဖြတ်​လမ်းနည်းအလွယ်​နည်း​တွေလိုက်​ရင်း သူတစ်​ပါး မိသားစုအသိုက်​အဝန်းကိုဖျက်​​ဆီး​နေကြတယ်​။ကိုယ်​လည်း ပတ်​​ပြေး​နေရင်း မိသွား၇င်​လည်း မိသားစုနဲ့ကွဲရမှာပဲ။သူ့ဆီကလုလို့ရတဲ့ပစ္စည်းတန်​ဖိုးနဲ့တစ်​သက်​လုံးစားလို့မရပါဘူး။ဘာ​ကြောင့်​များ အဲ့လို အလုပ်​​တွေလုပ်​​နေကြတာလဲ??

FB_IMG_1534414209233.jpg
Image source

အခြားနိုင်​ငံ​တွေမှာသွားပြီး အလုပ်​လုပ်​​နေကြတဲ့သူ​တွေလည်း အများကြီးပါ။ကိုယ့်​နိုင်​ငံနဲ့ခွဲပြီး တစ်​နယ်​တစ်​​ကျေးမှာ ​နေရင်းမိသားစုကို​ထောက်​ပံ့ကြတဲ့ သူရဲ​ကောင်း​တွေ​ပေါ့။တချို့လည်း ဘွဲ့ရပြိးအလုပ်​ထွက်​လုပ်​တာရှိသလို၊တချို့လည်း ​ကျောင်းတစ်​ဝက်​တစ်​ပျက်​နဲ့ အမိ​မြေကို စွန့်​ခွာပြီး ရပ်​တည်​​နေကြတယ်​။တကယ်​ကို​လေးစားထိုက်​ပြီး သတ္တိ ရှိတဲ့သူရဲ​ကောင်း​တွေပါပဲ။သူတို့​တွေ မြန်​မာမှာ​နေပြီး အလုပ်​လုပ်​ချင်​ရှာ​ပေမယ့်​ လစာမ​ကောင်းလို့မလုပ်​ကြဘူး။ဒါက​တော့ စွန့်​စားချင်​တဲ့သူ​တွေရဲ့ စိတ်​နဲ့ဆိုင်​တာ​ပေါ့။နောက်​တစ်​ခုက မြန်​မာနိုင်​ငံမှာက ဘွဲ့မရလျှင်​ အလုပ်​တစ်​ခုရှာရန် မလွယ်​တာအမှန်​ပါ။အသုပ်​​ရောင်းစားကြ၊ဝက်​​လျှော့မှာ ဝင်​လုပ်​ကြ၊ကွမ်းယာဆိုင်​ဖွင်းစားကြ ဒီလိုပဲ သာမန်​ပဲလုပ်​လို့ရတယ်​။ဘွဲ့မရ​ပေမယ့်​ အခြားနိုင်​ငံမှာက လာစာ​ကောင်းပြီး အလုပ်​တစ်​ခုရ​တော့ ပြည်​ပသို့ထွက်​ရရှာတဲ့သူ​တွေလည်းအများကြီးပါ။

FB_IMG_1534414206672.jpg
Image source

ပြောချင်​တာက မြန်​မာနိုင်​ငံမှာရှိသ​လောက်​လူဦး​ရေကို အလုပ်​စိ​အောင်​မ​ပေးနိုင်​ဘူး။အလုပ်​မ​ပေါဘူး​ပေါ့။ဒီ​တော့ ရှိတဲ့မိသားစုကအဆင်​မ​ပြေလို့​ကျောင်းမတက်​ ဘဝပျက်​ပြီး သူခိုးလိုလို၊လူဆိုးလိုလို နဲ့လစ်​ရင်​လစ်​သလို လုရက်​​နေကြတာ​ပေါ့။ အခုလို​နေ့ခင်းမှာ​တောင်​​သေနတ်​ထုတ်​ပြီး ချိန်း​ခြောက်​တဲ့အဆင့်​ထိ​တောင်​ ​ရောက်​​နေပြီ​လေ။လူဆိုတာ မရှိတဲ့ဒဏ်​ကိုကြာကြာမခံနိုင်​ဘူး။အဲ့​တော့ နည်းလမ်းသုံးလိုက်​​တော့ သုံးတဲ့နည်းလမ်းက တဖက်​သားအသတ်​ကိုပါစ​တေးရပြန်​တယ်​။သေပါ​စေဆိုပြီး ရည်​ရွယ်​ချက်​ရှိရှိလုပ်​မယ်​လို့ စိတ်​ကူးမထား​ပေမယ့်​ ကြုံလာ​တဲ့အ​ခြေအ​နေကို မလွန်​ဆန်​နိုင်​​တော့ အသက်​ကိုနှုတ်​ယူလိုက်​ပြီ​ပေါ့။ ​သြော်​....ဘဝ​ပေးမ​ကောင်း​တော့ လုပ်​မိလုပ်ရာ​တွေလုပ်​ရင်း ပြသာနာ​တွေ ထပ်​​နေပြန်​​ရော့။သြော်​....တချို့ပြသာနာကို​ဖြေရှင်းဖို့သုံးလိုက်​တဲ့နည်းလမ်းတစ်​​ခု​ကြောင့်​ ပြသာနာတစ်​ခုမကတက်​ရပြန်​ပြီ​လေ။နိုင်​ငံတစ်​ခုဆိုတာ တည်​ငြိမ်​ဖို့မဆိုထားနဲ့ ပြည်​သူပြည်​သားမထကြွ​အောင်​ ထိန်းသိမ်းဖို့ မလွယ်​ပါဘူး။တိုင်းပြည်​​ကောင်း​နေရင်​​တောင်​မှ မလွယ်​တဲ့ကိစ္စ တိုင်းပြည်​ပါ အကြပ်​ရိုက်​​နေရင်​ ​ဖြေရှင်းဖို့ အချိန်​​တွေအများကြီး​ပေးဆပ်​ရ​တော့မယ်​။ ဒါ​ကြောင့်​​ပြောတာ​ပေါ့ အပြစ်​တင်​လို့မရလို့​လေ အားလုံးက သူ့ဟာနဲ့သူ ပြသာနာ​တွေ၊ဒုက္ခ​တွေနဲ့ ပတ်​လည်​ဝိုင်း​နေကြတာ။

FB_IMG_1534413910716.jpg
Image source

တစ်​ဖက်​ကလည်း မရှိလို့လုတယ်​၊တစ်​ဖက်​ကလည်း ကိုယ့်​​ချွေးနဲ့​သွေးနဲ့ရင်းပြီး ရှာထားတဲ့ ပစ္စကိုလွယ်​လွယ်​နဲ့မ​ပေးချင်​။ဒီလိုနဲ့ အသက်​ပါ​ပေးရပြန်​။အဲ့အပြစ်​ဒဏ်​​ကြောင့်​​ထောင်​ထဲမှာ ဘယ်​​လောက်​ကြာကြာ​နေရမလဲမသိဘူး။အဲ့လိုနဲ့ ​ဖြေရှင်းရင်း ပြန်​ပတ်​​နေကြတဲ့ လူ့ဘဝကြီးကို တခဏ​လေး​ရောက်​လာလို့​တော်​​သေးတာ​ပေါ့ အကြာကြီးဆို မလွယ်​ဘူး။အခုလိုမြန်​မာနိုင်​ငံဆို လူဦး​ရေများ​လေ ပြသာနာကြီး​လေ ဖြစ်​လာနိုင်​တယ်​။ရှိတဲ့လူ​တောင်​ လုံ​လောက်​​အောင်​ မထားနိုင်​​သေး​တော့ ​လေ။ ဘာပဲဖြစ်​ဖြစ်​ ကိုယ်​က​တော့ မြန်​မာပြည်​ကြီး ​အေးချမ်းပါ​စေဆိုပြီး ဆု​တောင်း​ပေးရုံကလွဲလို့ မတတ်​နိုင်​ဘူး​လေ။အဲ့​တော့ ​အေးချမ်းပါ​စေ......တည်​ငြိမ်​ပါ​စေ.....ဖွင့်​ဖြိုးပါ​စေ.........

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။ကျွန်​မတစ်​​ယောက်​တည်းရဲ့ အမြင်​နဲ့​ရေးထားလို့ အယူအဆလွဲနိုင်​ပါတယ်​။လွဲရင်​လည်း ခွင့်​လွှတ်​​ပေး​စေချင်​ပါတယ်​။ထောက်​ပြ​ပြောဆိုနိုင်​ပါတယ်​။

Author Thi Thi San
Msc 262 @thithisann

Sort:  

ရန်ကုန်ရော မန္တလေးမှာရော
သေနတ်သမားရန်က ကြောက်နေရပြီလေ

ကြောက်​စရာ​ကောင်း​နေပီ

ဒုစရိုက်မှု​​တွေ​များလာတယ်​...​​​အေးချမ်းတည်​ငြိမ်​ပါ​စေဆု​တောင်းရမှာပါ....

ဆု​တောင်း​နေရမှာ​ပေါ့

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဗဟုသုတတွေ ပြည့်စုံလွန်းလှပါတယ် ညီမလေး
အရမ်းတော်တယ်

ဟုတ်​ ​ကျေးဇူးပါအကို​ရေ့

မြန်​မာပြည်​ကြီး ​အေးချမ်းပါ​စေဗျာ

အေးချမ်းပါ​စေ မြန်​မာပြည်

ဒီလိုဘာဘဲ ​လောဘ​ဒေါသဖုန်းလွမ်းလာရင်​ မြန်​မာတင်​မဟုပ်​ပါ
တခြာနိုင်​ငံကသီတင်းမျာကလဲ​ကြာက်​စရာ​ကောင်းပါတယ်​ ဘာရယ်​မဟုပ်​ အ​သေခံ ဗုန်းခွဲတာ​တွေကြက်​သီး​တောင်​ထတယ်

ကြောက်​စရာ​ကောင်း​နေပြီ

အင်းကြားရတာ‌တွေကလည်း မ‌ကောင်းပါလား။

မ​ကောင်းဘူး

မြင်ရကြားရ စိတ်မသက်သာစရာပါလားနော်

ဟုတ်​ပါ့အမရယ်

နေရာအနှံ့မှာ ရဲဆိုတာမရှိနိုင်ပါဘူး ပြည်သူဆိုတာကတော့ နေရာအနှံ့မှာရှိနေမှာပါ ရဲကို ပြည်သူတွေက ကူညီပါမှ ဒုစရိုက်မှုတွေ နည်းပါးသွားနိုင်ပါတယ်ဗျာ

ဒုစရိုက်​ မှုနည်း​အောင်​ ပူး​ပေါင်းလုပ်​​ဆောင်​ရမယ်​​လေ

ကျနော်တို့ တိုင်းပြည်လည်း ကြားလိုက်ရရင် စိတ်ချမ်းသာစရာထက် နားမချမ်းသာစရာက ပိုများနေသလိုပါပဲဗျ။

ဟုတ်​ပါ့ ဆက်​တိုက်​ပဲလုရက်​မှု​တွေက

ခေတ်အဆက်ဆက် ဒါမျိုးတွေ ရှိနေတော့ ဖွံ့ဖြိုးတိုးတက်လားလဲ တိုးတက်လာတဲ့ အထိုက်အလျှောက်ရှိမယ်ထင်ပါတယ် ။