ကုန်ဆုံးသွားတဲ့နေ့ရက်တွေကို စဉ်းစားရင်း ထွန်းတောက်တစ်ယောက်ငိုင်နေမိသည်။
ဒီနေ့အမေနှင့် ဖုန်းဖြင့်စကားပြောဖြစ်၏၊ ထုံးစံအတိုင်းအမေမှပြန်လာခဲ့ရန် တစ်တွတ်တွတ်မှာကြားနေခြင်းဖြစ်သည်၊
ထွန်းတောက် ရောက်နေတာက အရှေ့အလယ်ပိုင်းကနိုင်ငံတစ်ခုရဲ့ ဟိုတယ်တစ်ခုမှာ ဝန်ထမ်းတစ်ယောက်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။ ထွန်းတောက် မြန်မာနိုင်ငံ နှင့် ကွဲကွာနေသည်မှာ ၁၀ နှစ်ခန့်ရှိပြီ။
၂နှစ်တစ်ခါမြန်မာပြည်သို့ ပြန်ဖြစ်ပေမယ့် အများဆုံးနေခဲ့ တစ်လသာ၊ထိုတစ်လ၌ လည်းဘယ်မှမရောက်ဖြစ်။
ထွန်းတောက်တွင် ညီတစ်ယောက်နှင့် ညီအစ်မ နှစ်ယောက်ရှိကာ ငယ်စဉ်က ရန်ကုန်မြို့တွင်နေထိုင်သော်လည်း ဖခင်ဖြစ်သူမှာ အစိုးရဝန်ထမ်း ဖြစ်သဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ကလေးတစ်ခုတွင် ပြောင်းရွှေ့နေထိုင်ရလေသည်။
ထွန်းတောက် ငယ်စဉ်က ဆိုးသည်၊ပေသည်။သူဆိုးသည်က သူများနှင့်မတူ၊ အများအမြင်မှာ ထွန်းတောက်ကအေးသည် မည်သူနှင့်မျှစကားမပြော တစ်ယာက်ထဲသာ အမြဲ တွေ့ရတတ်သည်။
သို့သော် ထွန်းတောက်ဆိုးသည်ကတစ်မျိုး၊ ကျောင်းပြေး၊ ဆေးလိပ်ခိုးသောက်၊ အရက်ခိုးသောက်သည်တို့ ဖြစ်သည်။ ငယ်ရွယ်စဉ်မို့ စူးစမ်းစိတ်ကြောင့်လားတော့မသိ၊ ဒါကို ဆိုးသည်ပြောလျှင် ထွန်းတောက်ဆိုးသည်ဟုပြောရမည်၊ ဒါကြောင့်လည်း အမြဲလိုလို ဖခင်ဖြစ်သူ၏ ရိုက်နှက်ဆုံးမမှုကိုခံရလေသည်။
ထွန်းတောက်နှင့်၎င်း၏ညီမှာ အသက်တစ်နှစ်သာကွာ၍ အတန်းတူလေသည်၊ ညီအစ်မနှစ်ယောက်ကတော့ ထွန်းတောက် ၁၀ နှစ် ကျော်မှမွေးခြင်းဖြစ်သည်။
ထွန်းတောက်အဲ့လိုဆိုးပေမဲ့ ၁၀ တန်းကိုနှစ်ခြင်းပေါက်အောင်သည်၊ ညီဖြစ်သူကတော့ နောက်တစ်နှစ်ထပ်ဖြေရလေသည်၊၁၀ တန်းအောင်တော့ ထွန်းတောက် ယောင်လည်လည်နှင့်၊ဖခင်ကဗိုလ်သင်တန်းတတ်ရန်စီစဉ်ပေးသော်လည်း မိခင်မှ မကြိုက်သောကြောင့် ဗိုလ်သင်တန်းအတွက် စာရေးဖြေ သောနေ့တွင် စာမေးပွဲခန်း၌ မဖြေပဲ ငုတ်တုတ်ထိုင်ကာ ကျရှုံးအောင် လုပ်ခဲ့လေသည်၊
ဒီလိုနဲ ဖခင်မှရန်ကုန်ရှိ ညီမဖြစ်သူထံ (ထွန်းတောက်အဒေါ်)ပို့ထားလေသည်၊အဒေါ်ဖြစ်သူမှာ ထွန်းတာက်အားအလွန်ချစ်ကာ လက်နှိပ်စက်သင်တန်း၊ ENGLISH SPEAKING သင်တန်း၊ COMPUTER အခြေခံ သင်တန်းများစွာ တတ်စေသည်။
သို့သော် ထွန်းတောက်မျက်စိကျနေသည်က အစ်ကိုဝမ်းကွဲတစ်ယောက် လုပ်နေသော ဟိုတယ်ဝန်ထမ်း အလုပ်ဖြစ်သည်၊ ထို့ကြောင့် ဟိုတယ်သင်တန်းတတ်ကာ အစ်ကိုဖြစ်သူလုပ်နေသော ဟိုတယ်တွင် ထွန်းတောက်ပါ ဝင်ရောက်လုပ်ကိုင်လေသည်။
အချိန်ကာလ ၄ နှစ်အကြာ နိုင်ငံခြားရှိဟိုတယ်တွင်လုပ်ကိုင်ရန် အကြောင်းဖန်လာသည်၊( ထိုအကြောင်းအား သီးခြားဖော်ပြပါမည်)။
သို့ဖြင့် ထွန်းတောက်တစ်ယောက် ရန်ကုန်ရှိ အေဂျင်စီ တစ်ခုနှင့်ဆက်သွယ်ကာ အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခုသို့ ဟိုတယ်ဝန်ထမ်း အဖြစ်လုပ်ကိုင်ရန်ထွက်ခွာသွားပါတော့သည်။
ထွန်းတောက်ပထမဆုံးရောက်ရှိသည်က အရှေအလယ်ပိုင်းရှိ အဘူဒါဘီဆိုတော အာရပ်နိုင်ငံတစ်ခု၊ ရေနံကြောင့် ချမ်းသာကြွယ်ဝကာ နိုင်ငံသားအများစုမှာ ပညာတတ်များဖြစ်သည်။ထွန်းတောက်တို့ သွားသော အဖွဲ့တွင် မြန်မာ ၅ယောက် အားလုံးကအခုမှနိုင်ငံခြားသို့ စရောက်ဖူးသူများသာဖြစ်သည်။
စရောက်ကာစတွင် ထွန်းတောက်မှာ အစဉ်မပြေ၊ အနေအထိုင်၊ အစားအသောက်၊ အိပ်ချိန်တို့ဖြစ်သည်၊ အဓိကကတော့ စကားပြောဖြစ်သည်၊ ကမ္ဘာသုံး ENGLISH စကား သူပြောတာနားလည်ပြီး ကိုယ်ကပြန်ပြောဖို့ ပါးစပ်ကမထွက်၊ ပြောနေမကျ၍ ဖြစ်မည်။
ထို့ကြောင့်ထွန်းတောက် တွေ့သည့်လူနှင့်စကား
ပြောသည်။ကြာတော့ COMMUNICATION မှာအစဉ်ပြေလာသည်။ ထွန်းတောက်လုပ်ရသည်က ဟိုတယ်အိပ်ခန်းဆောင်၏ သန့်ရှင်းမှူးတစ်ယောက်၊ ထွန်းတောက်အလုပ်ကြိုးစားမှုကြောင့် ၂နှစ်အကြာတွင် NIGHT INCHARGE ရာထူးကိုရသော်လည်း လစာကတော့မတိုးပေ။မန်နေဂျာမှ ထွန်းတောက် လုပ်ရည်ကိုင်ရည် ကိုကြိုက်သော်လည်း လက်ထောက်မန်နေဂျာက တော့မကြိုက်၊
ထွန်းတောက်ကလည်းလူတစ်မျိုး အထက်လူကြီးကိုဖားယားပြီး ရာထူးတိုး လစာတိုးတာကိုမလိုချင်၊ ဒီလိုနဲ့ ၅နှစ်ကြာသွားခဲ့သည်၊ ရသမျှ လစာ အိမ်ကို ပို့လိုက် သုံးလိုက်နှင့်စုဆောင်းမိသည်မရှိသေး။ ၅နှစ်ကျော်သောအခါ လူဟောင်းများရာထူးတိုး လစာတိုးတော့ ထွန်းတောက် တစ်ယောက်မပါပေ။ထွန်းတောက်စိတ်ကုန်ကာ ထွက်စာတင်လိုက်သည်။ ကံကောင်းတယ်ပြောရမလား။ ထွန်းတောက် မိတ်ဆွေ၏ မန်နေဂျာမှ ထွန်းတောက်ကို အခြားအရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုသို့ ခေါ်ဆောင်သွားလေတော့သည်။
ဒီတစ်ခါ ထွန်းတောက် ရောက်ရှိသွားသော အရှေ့အလယ်ပိုင်းနိုင်ငံမှာ ကူဝိတ်ဖြစ်သည်။ရေနံဖြင့် ချမ်းသာသောနိုင်ငံ ဖြစ်ကာ ၎င်းနိုင်ငံ၏ ငွေကြေးလဲလှယ်နှုန်းမှာ မြင့်မားသည်။
နိုင်ငံ၏ ရာသီဥတုမှာ နွေနှင့်ဆောင်း ၂မျိုးသာရှိသည်၊ မိုးတွင်းမရှိ မိုးရွာလျှင် တစ်နှစ်လုံးမှ ၂ ရက် ၃ ရက်ခန့်သာဖြစ်သည်။
ထွန်းတောက် ကူဝိတ်ရောက်ရှိသောအခါ အစမှ ပြန်စရသည်။အိပ်ခန်းဆောင်သန့်ရှင်းရေးမှုး၊ သို့သော် ထွန်းတောက်အားခေါ်ယူခဲ့သော မန်နေဂျာမှ ထွန်းတောက်၏ လုပ်ရည်ကိုင်ရည်ကို သဘောကျသဖြင့် တစ်နှစ်အကြာတွင် ORDERTAKER, SUPERVISOR, COORDINATIOR TRAINING များပေးလေတော့သည်။
ထွန်းတောက် အကိုဝမ်းကွဲရဲ့ အကူအညီနဲ့ ရန်ကုန်မှာရှိတဲ့ ၃ စတားဟိုတယ်တစ်ခုမှာ ထွန်းတောက်အလုပ်စလုပ်ပါတယ်၊ အိပ်ခန်းဆောင် သန့်ရှင်းရေးဝန်ထမ်း၊ ဒါပေမယ့် ထွန်းတောက်လုပ်ရသည်က PUBLIC AREA CLEANER ဟိုတယ်ရဲ့ စားသောက်ဆိုင်သန့်ရှင်းရေးတို့၊ ဟိုတယ်အပြင် သန့ရှင်းရေးတို့လုပ်ရသည်၊
စလုပ်ကာစတွင် ထွန်းတောက် ရှက်နေမိ၏၊ လူ အများရှေ့ မှာ ကိုယ်ကတံမျက်စည်းလှည်းသန့်ရှင်းရေးလုပ်နေရသည်ကိုး။ကိုယ်သင်ထားသည်က ဧည့်သည်အခန်း သန့်ရှင်းရေး လုပ်ရသည် တစ်ခြား၊ထားတော့။ထွန်းတောက်အလုပ်ကိုကြိုးစားလုပ်သည်။ဒီလိုနဲ့ သူနှင့်စတွေ့ ဖြစ်သည်။ သူက တစ်ခြားမဟုတ်၊ ထွန်းတောက်၏ ချစ်သူ၊ ထွန်းတောက်ကို နိုင်ငံခြားသွားဖို့ တွန်းအားဖြစ်စေခဲ့သူ။သူ့နာမည်က စံပယ်။စံပယ်က ထန်းတောက်နောက်မှ အလုပ်ဝင်သူဖြစ်သည်။ဒါပေမယ့် အရင်ကတစ်ခြားဟိုတယ် တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးသည်။
" စံပယ် အိမ်ရောက်ရင် ဖုန်းခေါ်နော်"
ဒါက ထွန်းတောက်မှာနေကျ စကား၊ ချစ်သူမဖြစ်ခင်ကပင် ထိုကဲ့သို့မှာသည်။စံပယ်ကလည်း နားထောင်သည်၊ နေ့စဉ် မပျက်မကွက် ဖုန်းခေါ်ကာ ထွန်းတောက်နှင့် စံပယ်ဖုန်းပြောဖြစ်သည်။ထိုမှတစ်ဆင့် ချစ်သူတွေဖြစ်ခဲ့ကြခြင်းဖြစ်သည်။
စံပယ်မှာ အချောအလှကြီးမဟုတ်ပေ၊ သူ၏ တည်စွာငြိမ်စွာ စကားပြောပုံ၊ ယဉ်ကျေးသော ဝတ်စားမှု တို့ကြောင့် ထွန်းတောက် စံပယ့်ကို ချစ်သည်၊ လက်ထက်ဖို့အထိရည်ရွယ်ထားသည်။ဒါပေမယ့် စံပယ် အမြဲပြောသော စကားတစ်ခွန်းရှိသည်။
ထွန်းတောက်နှင့် စံပယ်တို့ ချစ်သူဘဝမှ လက်ထက်ဖို့အထိ ရည်ရွယ်မှုများဟာ တစ်နေ့မှာ အိမ်မက်လိုပျောက်ကွယ်သွားမှာ ဟုအမြဲပြောသည်။စံပယ်ဘာကိုဆိုလိုမှန်း ထွန်းတောက်မသိခဲ့။
ထွန်းတောက်နှင့်စံပယ်တို့ အရမ်းချစ်ခဲ့ကြသည်။အတူစား အတူသွား၊ ဘာလုပ်လုပ် အတူတူဖြစ်သည်။တစ်နေ့မမြင်ရ မနေနိုင်အောင် ချစ်ခဲ့ကြသည်။မနက်မိုးလင်းသည် ထွန်းတောက် စံပယ်အား အလုပ်သွားဖို့ သွားကြိုမြဲ၊ အချိန်ကား မနက် ၄နာရီခွဲ ၅နာရီ၊ ညနေအလုပ်ဆင်းချိန် နေ့လည် ၄နာရီ ဆိုလည်း ထွန်းတောက် စံပယ်ကိုအိမ်လိုက်ပို့မြဲ။ဒါက ထွန်းတောက်နေ့စဉ် အလုပ်ဖြစ်သည်။အလုပ်နားသည့်နေ့တွင်ပင် အနည်းဆုံးဖုန်းပြော ဖြစ်သည်။
ဒီလိုနဲ့ တစ်နေ့မှာ ထွန်းတောက်၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတချို့ နိုင်ငံခြားသို့ထွက်ခွာသွားလေသည်။ဒါက ထွန်းတောက်နိုင်ငံခြားသွားရန် ဖြစ်ပေါ်လာသည့်ကြောင်း တစ်ချက်၊ ၎င်းတို့ အိမ်သို့ပြန်ပို့ ပိုက်ဆံအမြောက်အများမြင်နေ ကြားနေရသည်ကိုး။
ထွန်းတောက်နှင့်စံပယ် ချစ်သူသက်တမ်း ၄နှစ်အတွင်းမှာ နှစ်ယောက်လုံး အိမ်ကိုထောက်ပံ့လိုက် သုံးလိုက်ဖြင့် စုမိဆောင်းမိသည် မရှိ၊ နိုင်ငံခြားသွားလျှင် ပိုက်ဆံအနည်းငယ် စုမိနိုင်သည်ဟု ထွန်းတောက်တို့ နှစ်ယောက်တွေးထင်ခဲ့ကြသည်။ထို့ကြောင့်ထွန်းတောက်ပတ်စ်ပို့ အားချင်းလုပ်ကာ သူငယ်ချင်များရှိရာ အဘူဒါဘီသို့ ဟော်တယ် ဝန်ထမ်းအဖြစ် ထွက်ခွာသွားလေတော့သည်။
ထွန်းတောက်တို့စီးသောလေယာဉ်က ကာတာလေကြောင်းလိုင်း၊ ရန်ကုန်မှကာတာ၊ ကာတာမှအဘူဒါဘီသို့ဖြစ်သည်။ထိုအချိန်က ကာတာလေကြောင်းလိုင်းမှာ မြန်မာနိုင်ငံနှင့်စတင်ပြေးဆွဲချိန်ဖြစ်သည်။ထွန်းတောက်တို့ လေယာဉ်ထွက်ခွာချိန်မှာ ညနေ ၆နာရီခန့်ဖြစ်သည်။
လေယာဉ်ပေါ်ရှိ SERVICE မှာ အလွန်ကောင်းသည်။လေယာဉ်စီးချိန်မှာ ၇ နာရီခန့်ရှိသော်လည်း အိမ်ချိန်မရှိ ထိုအချိန်တွင်းမှာ အစားအသောက် ၅ ကြိမ်ခန့်ကျွေးသောကြောင့်ဖြစ်သည်။
ထွန်းတောက်တို့စီးသောလေယာဉ်က ကာတာလေကြောင်းလိုင်း၊ ရန်ကုန်မှကာတာ၊ ကာတာမှအဘူဒါဘီသို့ဖြစ်သည်။ထိုအချိန်က ကာတာလေကြောင်းလိုင်းမှာ မြန်မာနိုင်ငံနှင့်စတင်ပြေးဆွဲချိန်ဖြစ်သည်။ထွန်းတောက်တို့ လေယာဉ်ထွက်ခွာချိန်မှာ ညနေ ၆နာရီခန့်ဖြစ်သည်။
လေယာဉ်ပေါ်ရှိ SERVICE မှာ အလွန်ကောင်းသည်။လေယာဉ်စီးချိန်မှာ ၇ နာရီခန့်ရှိသော်လည်း အိပ်ချိန်မရှိ ထိုအချိန်တွင်းမှာ အစားအသောက် ၅ ကြိမ်ခန့်ကျွေးသောကြောင့်ဖြစ်သည်။
နိုင်ငံခြားသားအများစုကတော့မစားကြပေ၊အိပ်၍လိုက်လာကြသည်၊ထွန်းတောက်တို့ကတော့ စားစရာ လာပေးသမျှ စားကြသည်၊ ပထမဆုံးလေယဉ်ပေါ်မှအစားအစာ စားဖူးသည်ကိုး၊ တောသားမြို့ရောက်ဆိုတာဒါမျိုးဖြစ်မည်၊ တစ်ခုမှကိုမလွတ်ပေ။
ကာတာကို ထွန်းတောက်တို့ ရောက်ချိန်က ညနက် ချိန် အဘူဒါဘီသို့ ဆက်သွားမည့် လေယာဉ်မရှိ နောက်လေယာဉ်စီးဖို့ အချိန်၆နာရီခန့်စောင့်ရသည်။ထိုစဉ်အချိန်က ကာတာလေဆိပ်မှာ ရန်ကုန်လေဆိပ်ကဲ့သို့ပင် TERMINAL တစ်ခုတည်းသာဖြစ်သည်။
ကာတာလေဆိပ်တွင် နောက်လေယဉ်စောင့်ဆိုင်းချိန် ထွန်းတောက်တို့ ဗိုက်စာကြသည်။ထို့ကြောင့် လေဆိပ်ရှိ ဘာဂာဆိုင်တွင် ဝယ်ယူရန်မေးမြန်းရာမှ ထွန်းတောက်တို့ လေယာဉ်လက်မှတ်တွင် ထိုဆိုင်မှ FREE MEAL ပါရှိသည်ကို သိရှိရသည်။သို့သော် သက်မှတ်ချိန်ကျော်သွားသောကြောင့် ကိုယ့်အိပ်မှစိုက်ကာ ဝယ်ယူစားသောက်ရလေတော့သည်။
စားသောက်ပြီးနောက် ထွန်းတောက်တို့ အလှည့်နှင့်အိပ်ကြသည်။လေယာဉ်လွတ်သွားမှာစိုး၍ ဖြစ်သည်။ထွန်းတောက်ကမူ အိပ်လို့လဲမရ၊ အိပ်လို့လည်းမပျော်ပေ။တစ်ညလုံး ဆေးလိပ်သောက်လိုက် လျှောက်ကြည့်လိုက်ဖြင့် အချိန်ကုန်လွန်ခဲ့သည်။
မနက် ၆ နာရီ ခန့်တွင် ထွန်းတောက်တို့ နောက်လေယာဉ်ထပ်စီးရသည်၊ ခရီးကား အဘူဒါဘီသို့။
ဒီတစ်ခါထွန်းတောက်တို့ စီးသောလေယာဉ်က အနည်းငယ်သေးသည်၊ ပထမစီးသောလေယာဉ်မှာ လူ ၃၀၀ ခန့်ဆန့်၍ ယခုစီးသောလေယာဉ်မှာ လူ ၁၀၀ ခန့်သာဆန့်မည်ထင်သည်၊ သို့သော်လူသိပ်မပါပေ လေယာဉ်ထွက်ပြီး နာရီဝက်ခန့်အကြာတွင် BRAKEFAST ကျွေးလေရာ ထွန်းတောက်တို့လည်း ဗိုက်ဆာဆာနှင့် စားလိုက်ကြသည်။၁ နာရီခွဲ ခန့်အကြာတွင် အဘူဒါဘီ လေဆိပ်သို့ ရောက်ရှိလေသည်။
အဘူဒါဘီလေဆိပ်မှာတော့ ထွန်းတောက်တို့ အလုပ်လုပ်မည့်ဟိုတယ်မှ လာရောက်ကြိုဆိုလေသည်။ လေဆိပ်နှင့် ထွန်းတောက်တို့အားထားမည် အဆောင်သည် ၁၅ မိနစ်ခန့်သာ ကားမောင်းရသည်။
ထွန်းတောက်တို့အား အခန်းတစ်ခုတည်း အတူတူထားကာ ရောက်ရှိသောနေ့အဖို့ နားစေသည်။ ထွန်ူတောက်တို့နေသော အဆောက်အဦးမှာ အပြင်မှကြည့်လျှင် ဟောင်းနွှမ်းပြီဟု ထင်ရသော်လည်း အတွင်းပိုင်း၌မူ အသစ်အတိုင်းပင်။ နောက်နေ့တွင်ဟိုတယ်မှ လာရောက်ခေါ်ယူကာ UNIFORM တိုင်းခြင်း၊ လှည့်လည်မိတ်ဆက်ခြင်းများပြုလုပ်ကြသည်။
အလုပ်လုပ်သောဟိုတယ်သို့ ကားဖြင့်သွားရမည်ဟုထင်သော်လည်း ၅မိနစ်ခန့်သာလမ်းလျှေက်ရဇသည်၊ ဟိုတယ်နှင့် ACCOMODATION မှာ ကပ်ရပ်ဖြစ်သောကြောင့်ပင်။အလုပ်ချိန်မှာ မနက် ၈နာရီမှ ညနေ ၅ နာရီ ဖြစ်ကာ ၎င်း တို့ပေးသောအလုပ် (TASK) ကိုပြီးအောင်လုပ်ရသည်။မပြီးလျှင် ပြန်ခွင့်မရှိ။
ထွန်းတောက်တို့မှာ အလုပ်လုပ်ကိုင်မှု့အပိုင်း၌ အခက်အခဲ မရှိသော်လည်း စကားပြောအပိုင်း၌လွန်စွာ အခက်အခဲ တွေ့ကြသည်။ သူတို့ပြောသောစကားကို နားလည်ကာ မည်သို့ပြန်ပြောရမည်ကိုလည်း သိပေမဲ့ မိမိတို့၏ ပါးစပ်မှ စကားသံက ထွက်မလာပေ။ ထွန်းတောက်တို့ အားလုံးလိုလိုပင်။အသံထွက်ပိုင်းဆိုင်ရာတွင်လည်း ကွဲလွဲမှု့များတွေ့ရကာ၊ ထွန်းတောက်တို့ပြောသောစကားကို
တခြားဝန်ထမ်းများနားမလည်ကြ၊ သို့သော် ဟိုတယ်တွင်လာရောက်တည်းခိုသော ဧည့်သည်များကမူ နားလည်ကြသည်။
ထို့ကြောင့်ထွန်းတောက်တို့ အားလုံးစကားပြောကို ကြိုးစားပြင်ကြရလေတော့သည်။
ထွန်းတောက်တို့ စကားပြောအခက်အခဲမှာ ထိုကဲ့သို့ဖြစ်သည်။
အစားသောက်တွင်လည်း မတူညီသောအစားအစာများဖြစ်သည်၊ထိုဟော်တယ်တွင်မြန်မာ စားဖိုမှူးမရှိပေ၊ထို့ကြောင့် မြန်မာအစားအစာမှာ ကိုယ်တိုင်ချက်စားမှသာ စားဖြစ်တော့သည်။
သို့သော် INDIA / PHILIPPINE အစားအစာမှာမူ မြန်မာအစားအစာနှင့်အနည်းငယ်တူသဖြင့် ထိုဟိုတယ်တွင်အလုပ်လုပ်ချိန်အတွင်း ၎င်းအစားအစာများဖြင့်သာ စားသောက်နေထိုင်ခဲ့ကြသည်။
အချိန်ကွာခြားမှုတွင် မြန်မာနိုင်ငံနှင့် ၂ နာရီခွဲ စောသောကြောင့် ရောက်ခါစတွင် အစဉ်မပြေပေ၊ နောက်ပိုင်းတွင် အနည်းငယ်အစဉ်ပြေလာခဲ့သည်။
အဘူဒါဘီ၌ရောက်ရှိချိန်အတွင်း အမေနှင့် မကြာခဏ ဆိုသလို စကားပြောဖြစ်သည်၊ ထွန်းတောက်အဖေမှာ အလုပ်မှ အငြိမ်းစားယူလိုက်သည့်အပြင် ညီမနှစ်ယောက်မှာလည်း ကျောင်းသူများဖြစ်သောကြောင့် ထွန်းတောက်မှာ အိပ်သို့အလုံးစုံ ထောက်ပံ့ရသူဖြစ်လာတော့သည်။
စံပယ်နှင့်လည်း မကြာခဏ စကားပြောဖြစ်သည်၊ ပြောဖြစ်တိုင်းငိုကာ ပြန်လာခဲ့ရန်ပြော၍ အမြဲနှစ်သိမ့်ခဲ့ရလေသည်။ထိုအချိန်က INTERNET မှ စကားပြောရန် GTALK တစ်ခုသာရှိသည်။
ထွန်းတောက်တို့ စကားပြောအခက်အခဲမှာ ထိုကဲ့သို့ဖြစ်သည်။
အစားသောက်တွင်လည်း မတူညီသောအစားအစာများဖြစ်သည်၊ထိုဟော်တယ်တွင်မြန်မာ စားဖိုမှူးမရှိပေ၊ထို့ကြောင့် မြန်မာအစားအစာမှာ ကိုယ်တိုင်ချက်စားမှသာ စားဖြစ်တော့သည်။
သို့သော် INDIA / PHILIPPINE အစားအစာမှာမူ မြန်မာအစားအစာနှင့်အနည်းငယ်တူသဖြင့် ထိုဟိုတယ်တွင်အလုပ်လုပ်ချိန်အတွင်း ၎င်းအစားအစာများဖြင့်သာ စားသောက်နေထိုင်ခဲ့ကြသည်။
အချိန်ကွာခြားမှုတွင် မြန်မာနိုင်ငံနှင့် ၂ နာရီခွဲ စောသောကြောင့် ရောက်ခါစတွင် အစဉ်မပြေပေ၊ နောက်ပိုင်းတွင် အနည်းငယ်အစဉ်ပြေလာခဲ့သည်။
အဘူဒါဘီ၌ရောက်ရှိချိန်အတွင်း အမေနှင့် မကြာခဏ ဆိုသလို စကားပြောဖြစ်သည်၊ ထွန်းတောက်အဖေမှာ အလုပ်မှ အငြိမ်းစားယူလိုက်သည့်အပြင် ညီမနှစ်ယောက်မှာလည်း ကျောင်းသူများဖြစ်သောကြောင့် ထွန်းတောက်မှာ အိပ်သို့အလုံးစုံ ထောက်ပံ့ရသူဖြစ်လာတော့သည်။
စံပယ်နှင့်လည်း မကြာခဏ စကားပြောဖြစ်သည်၊ ပြောဖြစ်တိုင်းငိုကာ ပြန်လာခဲ့ရန်ပြော၍ အမြဲနှစ်သိမ့်ခဲ့ရလေသည်။ထိုအချိန်က INTERNET မှ စကားပြောရန် GTALK တစ်ခုသာရှိသည်။
ဖုန်းဖြင့် မပြောနိုင်ပေ လွန်စွာ ဈေးကြီးသောကြောင့်ဖြစ်သည်။
ထွန်းတောက်၏ အလုပ်ကြိုးစားမှုကြောင့် တစ်နှစ်ကြာသောအခါ မန်နေဂျာမှ အသိအမှတ်ပြုကာ NIGHT INCHARGE အဖြစ် ညပိုင်းတွင်တာဝန်ချထားကာမကြာခင် SUPERVISOR အဖြစ်သို့ ရာထူးတိုးရန် စီစဉ်ထားလေသည်။
ထိုအတောအတွင်း လက်ထောက်မန်နေဂျာ အသစ်ရောက်ရှိလာလေသည်။ ၎င်းမန်နေဂျာမှာ ထွန်းတောက်အား မကြည်ပေ။
ထွန်းတောက်၏ လုပ်ကိုင်မှု့များအား အမြဲပင် အပြစ်ပြောဆိုလျက် ဖြေရှင်းမှု့ များကို နားမဝင်ပေ၊ ထို့ကြောင့် ထွန်းတောက်မှာ ၎င်းမန်နေဂျာနှင့် မေး ထူး ခေါ် ပြော သာနေသည်၊ အမြင်ကြည်လာစေရန် ဖားရားခြင်းများမလုပ်၊ဒါကြောင့် ထွန်းတောက်နှင့်မတည့်ခြင်းဖြစ်သည်။
"ဟဲလို. . .ဟဲလို ထွန်းတောက်နင်နေကောင်းလား ဘယ်တော့ပြန်လာမှာလဲ"
"ပြန်လာမှာပေါ့ဟာ. .နင်ကောနေကောင်းရဲ့လား"
"ကောင်းပါတယ်ဟာ၊ နင့်ကိုအရမ်းသတိရတာပဲ ထွန်းတောက်ရယ်၊ ပြန်လာခဲ့ပါတော့ဟာ"
"အေးပါဟာ. .ငါလဲ သတိရပါတယ်၊ ငါပြန်လာဖို့ နီးပါပြီ။"
ဒါ ထွန်းတောက်နှင့် စံပယ်တို့ နောက်ဆုံးအကြိမ် အွန်လိုင်းမှ စကားပြောဖြစ်ခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထွန်းတောက် မြန်မာနိုင်ငံပြန်ရန် ၃ လအလို၌ စံပယ်နှင့် အဆက်အသွယ်ဖျက်ထားခဲ့လေသည်။
ဟုတ်ပါတယ်၊ မြန်မာနိုင်ငံသို့ မပြန်ခင် ထွန်းတောက် စံပယ်နှင့် ၃လခန့် အဆက်အသွယ်ဖြတ်ထား လေသည်။ မိမိပြန်ရောက်ကြောင်း မသိစေရန်နှင့် စံပယ်အံ့သြသွားစေရန်း တိတ်တဆိတ် ပြန်ရန်စီစဉ်ထားလေသည်။
သို့ဖြင့် နှစ်နှစ်ပြည့်သောအခါ ထွန်းတောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ထွန်းတောက်၏ မိသားစုမှ လေဆိပ်တွင် ပျော်ရွှင်စွာ လာရောက်ကြိုဆိုကြသည်။စံပယ်ကိုမူ အဆက်အသွယ်ဖြတ်ထား၍ မိမိပြန်လာမည်ကိုမသိဟု ထင်ခဲ့သည်။
မိမိအထင်မှာ မှားကြောင်း ထွန်းတောက်နောက်မှသိခဲ့ရလေသည်။မြန်မာနိုင်ငံ ရောက်ပြီးနောက်တစ်နေ့တွင် ထွန်းတောက် စံပယ်အား အလုပ်ကြိုဖူးသည့် ကားမှတ်တိုင်တွင် သွားရောက်စောင့်ဆိုင်းနေခဲ့သည်။
အချိန်ကားနေ့လည် ၂ နာရီခန့်၊ စံပယ်မှာ AFTERNOON DUTY ဖြစ်သောကြောင့်ဖြစ်သည်။ တွေ့ပါပြီ၊ မိမိနှင့် ၂နှစ်ကျော်ဝေးကွာခဲ့ရသော ချစ်သူ၊ နေ့စဉ်ရက်စက် တစ်နေ့မှမေ့မရခဲ့သော အချစ်ဆုံးချစ်သူ စံပယ် ကားပေါ်မှဆင်းလာသည်။စံပယ့်ကိုတွေ့ရတာ အနည်းငယ်ပိန်သွားသည်၊ မိမိအား လွမ်း၍ဖြစ်မည်၊
"ဟေး. .စံပယ် နေကောင်းရဲ့လား"
"ထွန်းတောက်ပါလား. .နင်ပြန်ရောက်နေတယ်ဆို"
"ဟုတ်တယ်မနေ့ကဘဲ ငါပြန်ရောက်တာ"
စံပယ် စကားပြောပုံမှာ အေးတိအေးစက် နိုင်လွန်းလှသည်။ထွန်းတောက် စံပယ်လက်အားလက်ကိုင်ကာ
"လာ. .တခုခုစားရင်းစကားပြောရအောင်"
စံပယ်မှာ ထွန်းတောက်ကို သူမလက်အား အကိုင်မခံဘဲ အလုပ်သွားရာလမ်းအတိုင်းလမ်းလျှောက်မပျက်ဘဲ
"ငါ. .အလုပ်သွားရတော့မှာ"
"အစောကြီး ရှိသေးတာဘဲ စံပယ်ကလဲ"
ထွန်းတောက် စံပယ်ကို ထပ်မံကြိုးစား၍ သူမလက်အား ဖမ်းယူရင်း ခေါ်နေမိသည်။
"ငါ လက်ထက်ပြီးသွားပြီ ထွန်းတောက်"
ထွန်းတောက်မျက်လုံးများ ပြာဝေသွားသည်၊ မိမိနားကြားများလွဲလေသလား၊ သို့တည်းမဟုတ် မိမိအား အဆက်အသွယ် မလုပ်၍ စိတ်ဆိုးနေတာများလား
" နင် ငါကို. .စိတ်ဆိုးနေတာလား စံပယ်. .ငါနင့်ကိုအဆက်အသွယ်မလုပ်တာ ငါပြန်လာတာ နင်သိရင် အံ့သြသွားအောင်လို့ပါ"
"မဟုတ်ဘူးထွန်းတောက်. .ငါတစ်ကယ်ပြောတာ . . .ငါလက်ထက်ပြီးသွားပြီ"
မိမိနှင့် စံပယ်တို့ပြောဆိုပုံမှာ တစ်ဖြည်းဖြည်းနှင့် ထွန်းတောက်မှ စံပယ်အား နှောက်ယှက်သည့်ပုံပေါက်လာသည်။လမ်းမပေါ်တွင်ဖြစ်၍ လမ်းသွားလမ်းများနှင့် ဈေးရောင်းချသူများကလည်း ကြည့်နေကြပြီဖြစ်သည်။ထို့ကြောင့် ထွန်းတောက် လက်လျော့ကာ မတ်တတ်ရပ်လျက် ကျန်နေခဲ့လေသည်၊စံပယ်မှာမူ သူမအလုပ်လုပ်သော ဟိုတယ်အတွင်းသို့တစိရွေ့ရွေ့နှင့် ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
good