ပုဇွန်ဆီရောင် သန်းနေတဲ့ ညနေခင်းတစ်ခု....တသွင်သွင်စီးနေတဲ့ မြစ်ရေဘေးက သဲသောင်ပြင်လေးမှာ မိန်းကလေးတစ်ယောက် ငြိမ်သက်စွာ ရပ်နေသည်။ မြင်ရေပြင်ကို ငေးမောနေနေသည့် မျက်ဝန်းတစ်စုံတွင် ဆွေးမြေ့ခြင်း၊ နာကျင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ထို့အတူပင် မြစ်ကမ်းတစ်ဖက်သို့ ဝင်သွားသော နေလုံး၏ အရှိန်ကြောင့် တိမ်တိုက်တွေကလဲ ရဲရဲနီနေသည့် သဘာဝအလှတရားကြီးက သူမ၏ အလှကို ပြည့်စုံစွာ ထောက်ပံ့ပေးနေတော့သည်။ "မေမွန်းခ"တစ်ယောက် မနက်အစောကြီးကတည်းကပင် ကလေးမြို့ အိမ်မှထွက်လာ၍ စိတ်ကူးပေါက်ရာ ကားကိုမောင်းလာခဲ့ရာ ချင်းတွင်းမြစ်ကမ်းနံဘေးပေါ်ရှိကလေးဝမြို့ကိုရောက်လာခဲ့သည်။ ကလေးဝမြို့ တွင် ဖေဖေ့အသိမိတ်ဆွေများရှိ၍ သူတို့ဆီလဲ မသွားချင်၊ ရောက်ချင်တဲ့ဆီရောက် ဟု စိတ်ပိုင်းဖြတ်ပြီး ခြေဦးတည့်ရာ မောင်းလာခဲ့ရာ သဲသောင်ပြင်ဖြစ်နေသော မြစ်ကမ်းဘေးသို့ရောက်လာသည်။ ကားကိုစက်သတ်လိုက်ပြီး မြစ်ပြင်ဘက်ကို မျက်နှာမူ၍ ရပ်နေသည်မှာ အချိန်မည်မျှကြာသွားသည်ပင် မသိတော့ချေ။ အတွေးစတို့သည်လည်း ဟိုတစ၊ ဒီတစ လွင့်ပျံ့နေသည်...."မင်းနဲ့ငါ မဖြစ်နိုင်တော့ဘူး.. မင်းတို့အသိုင်းအဝိုင်းနဲ့ ငါနဲ့လုံးဝမဖြစ်ဘူး....မင်းကလည်း မင်းအသိုင်းအဝိုင်းကို မစွန့်လွှတ်ရဲသလို ငါဆိုတဲ့ကောင်ကလည်း မင်းတို့အသိုင်းအဝိုင်းထဲ ခြေမချနိုင်ဘူး" ...ဟု သူမသိပ်ချစ်ရပါသော ချစ်ဦးသူ ဖြစ်သည့် "ခွန်း" က ဆိုခဲ့သည်။ သူမရဲ့အခေါ် "ခွန်း" နာမည်အပြည့်အစုံမှာ ခွန်းထက်လျှံ....သက်ဆုံးတိုင်လက်တွဲကြမည်။ ဘယ်သူနဲ့မှမတူအောင်ချစ်ကြလို့ ပတ်ဝန်းကျင်မှ မြင်သူတကာ အားကြကျသည်။ မိဘနှစ်ဦးစလုံးမှာလည်း မြို့ခံ မြို့မျက်နှာဖုံးတွေဖြစ်ကြ၍ နေနှင့်လ ၊ ရွှေနှင့်မြ ဟု သတ်မှတ်ထားခံရသူများဖြစ်သည်။ တစ်နေ့တွင် "မေမွန်း"တို့ ချစ်သူနှစ်ဦးကြားထဲသို့ မုန်တိုင်းတစ်ခုဝင်လာခဲ့သည်၊ ဖေဖေ၏ ညီအစ်မ ဝမ်းကွဲနှင့် "ခွန်း" ၏ ဖေဖေတို့ လူမှုရေးဖောက်ပြား ခဲ့သည်။ ထီုသတင်းဆိုးကြောင့် "ခွန်း" မေမေက အိပ်ယာထဲ ဗုန်းဗုန်းလဲတော့သည်။ "မေမွန်း"တို့ အမျိုးဆိုလျှင် အသံပင်မကြားချင်တော့သည်ဟု ကြားရသည်။ "ခွန်း" ကလည်း ထိုအဖြစ်အပျက်ကြောင့် လမ်းခွဲစကားဆိုလာသည်...၊ "မေမွန်း" အလွန်ခံစားရခတ်ပါသည်။ ဒီကိစ္စရပ်ကြီးဟာ "မေမွန်း" တို့ ချစ်သူနှစ်ဦးကြား ဘာကြောင့်ပေါ်ပေါက်ခဲ့ရသည်လဲ၊ မေမွန်း..၏ အဒေါ်ဝမ်းကွဲကိုလဲ ဆွဲစုတ်ပစ်ချင်သလို "ခွန်း"၏ ဖေဖေ့ကိုလည်း နာကြည်းမိသည်။ "မေမွန်း" နှင့် "ခွန်း" တစ်သက်လုံးဝေးရတော့မည်လား၊ "ခွန်း" ကလည်း "မေမွန်း" အပေါ်တွင် တစ်သက်လုံး စွန့်ပစ်နိုင်မည်လား၊ ဒေါသစိတ်မွှန်ထူနေ့သည့်အချိန်တွင်သာ သည်လိုပြောသည်လား၊ စိတ်ထဲတွင် အလွန် ဝေခွဲရခတ်ပြီး ကြောက်စိတ်များဖြစ်ပေါ်နေသည်။ ထိုသို့ အတွေးနယ်ထဲသို့လွင့်မျောနေစဉ် ဈေးရောင်းသည့် ခေါင်းရွက်သည် ကလေးမလေးမှ "မကြီး. မကြီး.... ဂဏန်းကြော် လေးအားပေးဦးရှင့်" ဆို၍ ဖျတ်ကနဲ အတွေးတို့လတ်စသတ်၍ ကောင်မလေးဆီသို့အကြည့်တို့ကရောက်သွားသည်။ ထမိန် ကို ဒူးလောက်ထိ အတိုဆုံးဝတ်ထား၍ အကျီင်္လက်ရှည်အကွက်ကျဲကျဲ နှင့် အသက်က ခန့်မှန်းခြေ15နှစ်ခန့်သာရှိဦးမည်။ ကောင်မလေးကိုကြည့်၍ သနားသောကြောင့် ဈေးမဆစ်တော့ဘဲ သုံးထောင်ဖိုးဝယ်ပေးလိုက်သည်။ အရမ်းပျော်သွားပုံရသည်။ ညနေ 5နာရီခွဲတော့မည်ဖြစ်သောကြောင့် မေမွန်း.. ကလေးမြို့သို့ပြန်ရတော့မည်။ ဖုန်းကိုလည်းစက်ပိတ်ခဲ့သောကြောင့် အိမ်မှ အဒေါ် နှင့်ကြီးတော်ကြီးမှ စိတ်ပူနေရော့မည်။ ကားပေါ်သို့တက်၍ ဖုန်းကိုဖွင့်လိုက်သည့်အချိန်တွင် ထင်သည့်အတိုင်းပင် ဖုန်းခေါ်ထားသည်များ ဝင်လာသည်။ message ထဲတွင် ခွန်း ၏ အဝင်call အား တွေ့မည်အထင်ဖြင့်ရှာမိသေးသည်။ အိမ်ဖုန်းနံပါတ်နှင့် အဒေါ့်ဖုန်းနံပါတ်များသာ တွေ့ရသည်။ "ခွန်း"ကိုလည်း နားမလည်နိုင် ၊ သူ မေမွန်း အပေါ်သံယောဇဉ်ပြတ်နိုင်သည်ပေါ့......မေမွန်း စိတ်ထဲနာကျင်နေသည့်ခံစားချက်မှ အပ ဘာမှမတက်နိုင်ခဲ့ပါ။ မေမွန်း ကားကို စက်နှိုးလိုက်ပြီး ကလေးမြို့ သို့ပြန်တော့မည်။ နှစ်နာရီဝန်းကျင်လောက် ကားမောင်းရမည်ဖြစ်သဖြင့် ရေကိုအဝသောက်လိုက်သည်။ အလာတုန်းက ဇောနှင့်ကြောင့် မည်သို့ပင် ဒီအထိ ရောက်ရှိလာခဲ့သည်ပင်သတိမထားမိ၊ အခုအပြန်လမ်းတွင် မိုးကလည်းချုပ်နေဘီ။ နည်းနည်းလန့်မိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပြန်ရမည်ဖြစ်သောကြောင့် စိတ်ကိုအားခဲကာ ဖြည်းဖြည်းချင်းမောင်းခဲ့သည်။ လမ်းတစ်လျှောက်တွင်လည်း သဘာဝလေကို ခံစားချင်သောကြောင့် ကားမှန်ဖွင့်၍ မောင်းခဲ့သည်။ထို့ကြောင့် လေနုအေးလေး က ကျီစယ်၍ စိတ်ထဲ လန်းဆန်းသလို ဖြစ်သွားသည်။ တဖြည်းဖြည်းမောင်းလာရင်း... ရှစ်နာရီထိုးခါနီးလောက်တွင် ကလေးမြို့မှကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ်နားရောက်ခဲ့သည်။ မြို့ပြင်တွင် သည်အချိန်လူမပြတ်သေး.......အိမ်သို့ချက်ချင်းမပြန်ချင်သောကြောင့် မိရွှေရည့်ဆီ ဖုန်းခေါ်ရာ ဖုန်းမကိုင်သောကြောင့် အိမ်သို့ပြန်လာခဲ့သည်။ ထိုအချိန်တွင် တစ်အိမ်လုံး မှ စောင့်နေကြသည်။...............အပိုင်း(2) ဆက်ရန်
တော်တာ