တက္ကသိုလ် ကျောင်းသား (Chapter 2)

in #myanmar6 years ago

FB_IMG_1527335451652.jpg

ကျောင်းဖွင်ပြီး တပတ်လောက်နေမှ major ခွဲပြီး အတန်းခွဲ၏။ major အလိုက် ကြောင့် အခန်းကွဲ သွားသော သူငယ်ချင်းများလည်း ရှိ၏။ ကျနော်တို့ IT major က mining major နှင့် ပေါင်းသင်ရ၏။ ဆယ်တန်းတုန်းက တကျောင်းထဲ၊ တခန်းထဲ၊ တကျူရှင်ထဲ သူငယ်ချင်းသည် mining major ရ၏။ ထို သူငယ်ချင်းသည် ဆယ်တန်းတုန်းက ဂိမ်းဆော့ဖက် သူငယ်ချင်းများထဲမှ တယောက် ဖြစ်၏။ major ဘာသာရပ်အချိန်များမှ လွဲလျှင် minor ဘာသာရပ်ချိန်များတွင် major (၂) ခု ပေါင်းသင်ကြ၏။

တက္ကသိုလ်မှာ သူငယ်ချင်း သစ်များ ထပ်ရ၏။ ထိုသူငယ်ချင်းများစွာထဲမှ ဟဲဟိုးမြို့မှ အဆောင်လာနေပြီး တက်သည့် major တူ သူငယ်ချင်းနှင့် တတွဲတွဲ ရှိလှ၏။ ခင်သာခင်ကြသည် သူနှင့် ကျနော် အကြိုက်မတူ ကြပေ။ သူက Lazy club ကိုကြိုက်ပြီး၊ ကျနော်က IC ကြိုက်၏။ သူက Chelsea ကြိုက်ပြီး၊ ကျနော်က Manchester United ကြိုက်၏။ သူက ဖျော်ရည်၊ အအေးများ နှစ်သက်ပြီး၊ ကျနော်က coffee ကြိုက်နှစ်သက်၏။ ကျနော်က အသားနှင့် အသီးအရွက် (၂) မျိုးလုံးကို ကြိုက်သော်လည်း သူက အသီးအရွက်ကို ပိုမို ခုံမင်နှစ်သက်၏။ သူနှင့် ကျနော့်တွင် တူသည်ဆိုလို့ စာဖတ်ခြင်းသာ ရှိ၏။ (၂) ယောက်လုံး စာဖတ်အား သန်၏။ ကျောင်းစာထက် အပြင် စာပေများကို ပိုပြီး ဖတ်ဖြစ်ကြ၏။

received_367207637048102.jpeg

လူအများ အမြင်၊ လူအများ ရှေ့တွင် ကျနော်တို့ (၂) ယောက်သည် အကြောင်းအရာ တခုခုနှင့် ပတ်သက်ပြီး အမြဲ ငြင်းခုန်နေလေ့ ရှိ၏။ ဂိမ်းဆော့ချိန်များဆိုလျှင် သာ၍ ဆိုးသေး၏။ တယောက်နှင့် တယောက် မခံချင်အောင် စနောက်နေကြ။ တယောက် ဦးတည်လိုက်သည့် အကြောင်းအရာ၏ အားနည်းချက်ကို မရမက ရှာကြံပြီး ကတ်သီးကတ်ဖဲ့ ပြောလေ့ ရှိ၏။ သူက အသားဖြူပြီး အရပ်ရှည်၏။ ကျနော်က အသားညိုပြီး သူ့လောက်တော့ အရပ် မရှည်ပေ။ သူ့ဆံပင်က ဖြောင့်ပြီး၊ ကျနော့် ဆံပင်က အနည်းငယ် ကောက်ပြီး တွန့်၏။ ထိုကဲ့သို့ ဆန့်ကျင်ဖက် ဖြစ်နေသဖြင့် ထိုအချိန်က ကျနော်တို့ သူငယ်ချင်း (၂) ယောက်ကို လူအများ သတိထားမိကြလေ၏။

ပထမနှစ် စတက်တော့လည်း အတူတူ၊ ပထမနှစ် မအောင်လို့ ပြန်တက်တော့လည်း အတူတူ ဖြစ်၏။ ပထမနှစ်ကို ဒုတိယအကြိမ် ပြန်တက်တော့ တယောက်နှင့် တယောက် ယခင်ထက် ပိုပြီး ခင်မင်သွား၏။ သွားအတူ၊ စားအတူ၊ ကျောင်းလစ်အတူ၊ ဂိမ်းဆော့အတူ ဖြစ်၏။ တယောက်နှင့် တယောက် မတည့်ပဲ အပြန်အလှန် ပြောဆိုနေကြပေမယ့် အခြားတပါးသူများက ကျနော်တို့ (၂) ယောက်ထဲမှ တယောက် ယောက်ကို ပြောဆိုမှုများ ရှိလာလျှင် (၂) ယောက်ပေါင်းပြီး ထိုလူများကို ပြန်ပြီး ပြောဆိုတတ်၏။ ကျနော်နှင့် သူသည် မတည့်အတူနေ၊ မမြင်ချောင်းကြည့် သူများ ဖြစ်၏။ သူ့အကြောင်းကို ပြောနေလျှင် စာအတော် ရှည်သွားပေလိမ့်မည်။ နောက်များမှ သူ့အကြောင်းကို ရေးသားပါဦးမည်။

ပထမနှစ် ကျောင်းသားဘ၀ကတော့ သိသည့်အတိုင်း နေ့ရက်တိုင်းသည် တက်ကြွမှု အပြည့်နှင့်ပေါ့။ သို့ပေမယ့် အနှီ တက်ကြွမှုများသည် တလသာ ခံ၏။ IT Major ဖြစ်ပြီး Computer ခန်း မ၀င်ရတာလောက် ဆိုးသည် မရှိပေ။ ဆရာတွေ၊ ဆရာမတွေနှင့်သာ ၀င်ခွင့်ရ၏။ မိမိ ကိုယ်ကို အတန်းအားချိန်များ သွားလျှင် computer သည် သော့ပိတ်တားသည်နှင့်သာ ကြုံရ၏။ တခါတလေကျပြန်တော့ computer ခန်းစောင့် ဆရာ၊ ဆရာမက အတန်းသွားတတ်လေ ဆိုပြီး ပြန်ခိုင်းတတ်၏။ ဆရာ၊ ဆရာမ မလာလို့ပါ ဆိုတော့ အဲ့ဆို အခန်းထဲမှာ စာသွား ကျက်နေပေါ့ ဟုဆို၏။ သို့နှင့် ကျနော်သည် ယခင် ကဲ့သို့ အချိန်ရလျှင် ရသလို computer ခန်းသို့ မသွားတော့ပဲ canteen သို့ သွားသွားနေတော့၏။ computer ခန်းမှာလို မောင်းထုတ်မခံရသည့်အပြင် ကြိုဆိုတောင် ခံရသေးသည် မဟုတ်လား။

received_367159270386272.jpeg

နောက်ပိုင်း လများတွင်တော့ ကျနော်တို့ နှစ်ကို စာသင်ပေးသည့် ဆရာ၊ ဆရာများနှင့် အပီပေါင်းထားပြီး ထိုဆရာ၊ ဆရာများ computer ခန်း စောင့်သည့် အချိန်မှသာ computer ခန်းသို့ သွားတော့၏။ ပထမနှစ် ကျောင်းသားဘ၀မှာ computer ခန်း၌ လေ့လာအဖြစ်ဆုံး သင်ခန်းစာများမှာ Typing ရိုက်ခြင်းပင် ဖြစ်၏။ မတော် အလုပ်ကောင်း မရလျှင် မိမိ ဘာသာ စာစီစာရိုက်လေး ဖွင့်လို့တော့ ရသည် ဆိုသည့် အတွေးနှင့်ပေါ့။ ဆိုင်နံရံမှာ ဘွဲ့ဓါတ်ပုံကြီး ချိတ်ထားဦးမည်။ နောက်တခုက Plant and Zombies Game ဆော့ခြင်း ဖြစ်၏။ ထိုစဉ်က ထို ဂိမ်းသည် ယခုကဲ့သို့ Smart Phone များတွင် မထွက်သေးပေ။ PC မှာပဲ ဆော့လို့ရ၏။ computer ခန်းထဲရှိ computer တိုင်းမှာ ထို ဂိမ်း မရှိပေ။ စက်အနည်းငယ်မှာသာ ရှိ၏။ ဆရာနှင့် အတန်းကြီးမှ အကိုများက ထိုအနည်းငယ်သာ သိမ်းထားသည့် ဂိမ်းကို စက်များတွင် ကွယ်ဝှက်သိမ်းဆည်းထားသေး၏။

သူတို့ မည်သို့ပင် ၀ှက်ဝှက် ထိုစဉ်က ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင်နှင့် ဆရာမြသန်းတင့် ဘာသာပြန်သည့် ဆာအသာကိုနင်ဒွိုင်း၏ ရှားလော့ဟုမ်း စာအုပ်များကို ဖတ်ထားသည့် ကျနော်နှင့် ကျနော့် သူငယ်ချင်း မမြင်၊ မသိအောင် သူတို့ မ၀ှက်နိုင်ကြပေ။ ဆရာများ လစ်လျှင် လစ်သလို ထိုဂိမ်းကို ခိုးခိုးပြီး ဆော့၏။ ကျနော်တို့ ဘယ်လောက်များ အတွဲ ညီညီ ဆော့ကြသလိုဆို နောက်ပိုင်းတွင် ဆရာကိုယ်တိုင် ထိုဂိမ်းကို ဖြုတ်ပစ်လိုက်ရသည် အထိ ဖြစ်၏။ သို့ပေမယ့် ဆရာကိုင် သီးသန့်ထားသည့် ဆရာ့စက်ထဲတွင်တော့ ထိုဂိမ်းရှိနေသေး၏။ သို့နှင့် ဆရာ့စက်ကို ဆရာလစ်လျှင် အတန်းကြီး အကိုများနှင့် လုပြီး ကိုင်ကြပြန်၏။ သို့နှင့် နောက်ပိုင်း မည်သို့မှ လုပ်မရသည့် အဆုံး computer စက်ခန်းတွင်း ဂိမ်းမဆော့ရ ဆိုပြီး စာကပ် ယူရသည့် အထိ ဖြစ်သွားတော့၏။ သို့နှင့် ကျနော်တို့လည်း ဆရာ့စက်ကို ဆရာ့အတွက်ပါ ဆိုပြီး စက်ခန်း၏ မျက်နှာချင်းဆိုင်ရှိ လွတ်နေသော အခန်းငယ်ထဲသို့ ရွှေ့ပြောင်းပေးလိုက်ကြ၏။ ကျနော်တို့ စက်ခန်းထဲတွင် ဂိမ်းမဆော့ပါ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဟဟ တောင်ကြီးကျောင်းနဲ့ တို့ ကျောက်ဆည်ကျောင်း တူတူပဲကိုး... ဂိမ်းတွေလုဆော့ရ ၊ typing tutor ကြီးဖွင့်ပီး တဂျောင်းဂျောင်းမြည်အောင် လုရိုက်ရ ၊ www.google.com ပေါ်လာအောင် ၅ မိနစ်လောက်စောင့်ရတာကိုပဲ တလှိမ့်ချင်းပေါ်လာတာမြင်ရင် ပျော်မဆုံးဖြစ်ကြရ...အော် ကျောင်းသားဘဝ

ဟုတ်ပဗျာ။
Google ဆိုတဲ့ စာလုံးလေး မြင်ရရရင်ကို ငါကွ IT ကျောင်းသား ဆိုပြီး ဖြစ်နေရတဲ့ အဖြစ်။

တက္ကသိုလ်​​ကျောင်းသားဘ၀အ​တွေ့အကြုံများဆက်​လက်​ဖတ်​ဖို့​မျော်​​နေမယ်​....

Posted using Partiko Android

ဟုတ်

ဂိမ်းဆော့တာကလည်း အလွန်ပဲကိုး ဒါ့ကြောင့် မက်စိလေး ပလေကပ် ပလေကပ် ဖစ်နာနေမယ် ☺

နည်းနည်းပါလိုစ့်

ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ စိန်ပန်းတွေလဲပွင့်နေပြီကွာ...

အချိန် စက်ဝိုင်းများက ကုစား မစွမ်းနိုင်ပါ။
လွမ်းရယ်မပြေဘူး ကျောင်းသား ဘဝ ...

IC တော့ ကြိုက်တယ် ဘောပွဲတော့ ကြည့်ဘူး

Posted using Partiko Android

ဟုတ်

‌သြော်‌ ‌တော်‌‌တော်‌ ဝါသနာကြီးလှ ချည်‌လား။

အဟီး ...