Change Your Life by Money-logy

in #myanmar6 years ago (edited)

... မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
orca-image--571920765.jpeg

ဒီနေ့မှာတော့ ငွေကြေးချမ်းသာမှု၊ အောင်မြင်မှု
တို့နှင့် ပတ်သက်လို့ အနည်းငယ်လောက် ပြောပြ
မေးမြန်းချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံ လူအများစုမှာ ပညာရေးကို
အလေးထား၊ တန်ဖိုးထားကြသလို ရှိကြပေမယ့်
အလေးအနက်ထား၊ တန်ဖိုးတတ်အောင် စွမ်းဆောင်
နိုင်မှုမှာ အားနည်းလွန်းလှပါသည်။
အခြေခံပညာ အောင်မြင်ပြီး တက္ကသိုလ်ဘွဲ့ရ ဖြစ်ရေးသည်
ဘဝအတွက် လိုအပ်ချက်တစ်ခုတော့ ဖြစ်နိုင်ပါသည်။
သို့သော် ထိုပညာတို့သည်ကား ချမ်းသာကြွယ်ဝမှု၊
အောင်မြင်မှုကိုကား ရရှိရန် အာမခံချက် နည်းလှပေသည်။
Screenshot_2018_0907_230453.png

ကျောင်းသင်ပညာရေးဟာ ငွေပညာကို ကောင်းကောင်း
မသင်ပေးပါဘူး။
ကျောင်းသားအများစုဟာ ကျောင်းပြီး ဘွဲ့ရသောအခါမှ
ငွေရရှိဖို့ အလုပ်ကို ထပ်ရှာရကြပါတယ်။
အလုပ်တစ်ခု ရဖို့ အတွက် ကျောင်းပြင်ပ ပညာတွေကို
ထပ်မံ သင်ယူကြရပါတယ်။ ထို့နောက်တော့
ငွေအတွက် အလုပ်လုပ်ရင်း အချိန်တွေ ကုန်ဆုံးရပါတယ်။
သို့သော်လည်း ကြွယ်ဝမှုက အလှမ်းဝေးလို့ပဲပေါ့။
ငွေက ငွေရှာပေးတဲ့ပညာ မတတ်တာကြောင့်
စားဝတ်နေရေးအာမခံချက် ရှိတာကို လုပ်ရင်း လုပ်ရင်း
လက်ရှိဘဝမှာ နေသားကျသွားတတ်ကြပါတယ်။
ထိုသို့ နေသားကျခြင်းကြောင့် အခွင့်အလမ်းကောင်းတွေကို
ရှာဖွေ ဖန်တီးယူဖို့ မစွမ်းသာကြတော့ပါဘူး။
ဒီတော့လည်း စီးပွားရေးလွတ်မြောက်မှု မရရှိကြတော့ဘူးပေါ့။
ကဲ မိတ်ဆွေတို့ရော ဘယ်လိုပါလဲ။

စားဝတ်နေရေး အတွက် လုံးပမ်းနေရသော၊
နေသားကျနေသော Comfort zone ထဲမှာပဲ
ဆက်နေမလား?
စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ့် အပြောင်းအလဲရဲ့
အခွင့်အလမ်းတွေကို သိမ်းပိုက်မလား?
ပြောင်းလဲလိုက်လို့ ကြုံလာရနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကြောက်နေမလား?

ထို့နောက်တစ်ဖန် ရှေးလူကြီးသူမအများ ပြောခဲ့ကြလေ့
ရှိသည်မှာ ချွေတာစုဆောင်း သူဋ္ဌေးလောင်း ဟူသည်
ယနေ့ခေတ်ကာလနှင့်ကာ ကိုက်ညီမည် မဟုတ်တော့ပါ။
ချွေတာ စုဆောင်းရုံမျှသည် အသုံးအစွဲ မတတ်သူတွေ
အတွက်တော့ ကောင်းသည့်အကျင့်တစ်ခုပါ။ သို့သော်...
Screenshot_2018_0907_083334.png

ငွေကြေးချမ်းသာကြွယ်ဝချင်ရင် မိမိမှာရှိနှင့်ပြီးသား
ဥစ္စာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်
နေရုံဖြင့် တိုးပွားလာမှာ မဟုတ်ပါဘူး။
ငွေပညာကို သင်ယူတတ်မြောက်ပြီး
ကြိုးစားရှာဖွေမှသာ ပိုမိုကြွယ်ဝချမ်းသာလာမှာပါ။

ဒီအကြောင်းနှင့် ပတ်သက်၍ ကျွန်တော်၏ အတွေ့အကြုံ
တစ်ခုကို သာဓက ပြုလိုပါသည်။
ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတွေနှင့်အတူ
ဘောလုံး ဝင်ကန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ ဘောလုံး ကိုယ့်ဆီလာမလားလို့
စောင့်ဆိုင်းနေမိခဲ့ပါတယ်။
တခြားလူတွေလို တွန်းတွန်းတိုက်တိုက် လှည့်ပတ်ပြေးလွှား
မကစားခဲ့ပါဘူး။
ဒီအကျိုးဆက်က ဘာဖြစ်လာပါသလဲ ဆိုတော့
ကျွန်တော်ဟာ ဘောလုံးမကစားတတ်တော့တာကြောင့်
နောက်နောက်ပွဲတွေမှာ ဘောလုံးကစားခွင့် မရတော့ပါဘူး။
ဒီလိုနဲ့ ကျွန်တော်ဟာ ဘေးနားက ဘောလုံးပွဲ
ကြည့်သူသာ ဖြစ်လာခဲ့ပြီး၊ နိုင်ဂိုးသွင်းနိုင်တဲ့ အောင်နိုင်သူ
ဖြစ်မလာတော့ပါဘူး။

စီးပွားရေးလောကမှာလည်း...
မိမိဆီကို အခွင့်အလမ်းတွေ ရောက်လာမှာပဲလို့
ထိုင်စောင့်နေရုံကဖြင့် အသက်တွေသာကြီးသွားပါမယ်။
ထိုင်စောင့်နေသူတို့ထံ အခွင့်အလမ်းက ရောက်လာကောင်း
ရောက်လာနိုင်ပေမယ့် သွားရောက်ရှာဖွေရယူသူတို့
မလိုတော့သော အကျန်သာ ဖြစ်လိမ့်မည်
ဟု
အဆိုတစ်ခု ကြားဖူးပါတယ်။

ကဲ မိတ်ဆွေတို့ရော....
ကိုယ်တိုင်ဝင်ကန်ပြီး နိုင်ဂိုးတွေသွင်းယူကြမှာလား?
ပွဲကြည့်ပရိတ်သတ်ပဲ လုပ်ကြမှာလား?
ငွေ အတွက် အလုပ်ပဲ လုပ်နေကြမှာလား?
ငွေ ကို ခိုင်းစားကြမလား?

မိမိရွေးချယ်တာကိုပဲ မိမိရရှိမည်မှာ သေချာသလောက်
ရှိပါသည်။ မိမိသည်သာ မိမိဘဝရဲ့ ဗိသုကာ မဟုတ်ပါလား။

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ
အောင်မြင် ပျော်ရွှင်ကြပါစေ...

MSC - 193
@billionairehein

Sort:  

မိမိသာလျှင်ဘဝ၏ပဲ့ကိုင်ရှင်

You are the architect of your life.

တိုက်‌စစ်‌မှူးဖြစ်‌ချင်‌‌ပေမယ့်‌ ဂိုးဖမ်း‌နေရတယ်‌။

ဂိုးဖမ်းနေရုံနဲ့တော့ မရှုံးရုံပဲ ရှိနိုင်မှာပေါ့

အမှန်​ပါ...​အောင်​မြင်​ချင်​တယ်​...ဆိုပြီးအခွင့်​အလမ်းရလာနိုးထိုင်​​စောင့်​​နေလို့ကုန်​သွားတဲ့အချိန်​န​မြောစရာပါ...

ဟုတ်ပ နေရင်းထိုင်ရင်း ငွေ ဝင်မလား တွေးနေတာ အသက်တွေကြီးလာတယ်😁

You got a 6.86% upvote from @dailyupvotes courtesy of @billionairehein!

မိမိဆီ အခွင့်အလမ်းတွေရောက်လာမှာဆိုတဲ့ အတွေးကမျာကြတယ်

ထီပေါက်မှာပဲ ဆိုပြီး ထိုးနေရသလိုပါဗျာ

ဟုပ်​တယ်​ ​လောကကြီးမှာ ပညာရှာသူ ပညာရ ၊
တရားရှာသူတရားရ ၊မယားရှာသူမယားရ ၊​ငွေရှာတပ်​သူ​ငွေရတဲ့
ငွေရှာတပ်​တဲ့ပညာရှိမှ ​ငွေရှာလို့ရမှာ​လေ

ဟုတ်ပ ဟုတ်ပ ဦးယုရေ

You got a 7.65% upvote from @minnowvotes courtesy of @billionairehein!

မိမိပုံဖော်တဲ့ အတိုင်း ဖြစ်ကျရတာ မှန်ပေမဲ့ တခါတလေ မထင်မှတ်တဲ့ ဖြစ်ရပ်တွေကြောင့် ဘဝလမ်းပျောက်ရတာလည်း ရှိပါတယ်

မထင်မှတ်တာတွေ ဆိုတာက မိမိ မသိစိတ်ထဲက ထင်မှတ်ခဲ့တာတွေပါ။

အောင်မြင်ချင်ရင်ကြိုးစားရမယ် ဘီဘီလိုပေါ့ စာနေ့တိုင်း တင်နိုင်တယ် မတ်မတ်တော့ အလကားလူဖြစ်နေပါပီ😖

လက်ကျန်လေးတွေ ရှင်းနေတုန်းပါဗျာ
အသစ်ရေးရရင် မတ်မတ်တို့လောက် လက်မသွက်လောက်ဘူးရယ်

ငွေကိုကစားတယ်၊ရင်းနှီးမြုပ်နှံတယ်ဆိုရင် Risk တွေရှိတယ်။ စုထားတယ်ဆိုရင် Risk အရမ်းနည်းတယ်။ Risk များများရှိလေ မြန်မြန်ချမ်းသာနိုင်လေဖြစ်သလို ဒုက္ခလည်းမြန်မြန်ရောက်နိုင်တယ်။ ဒါကြောင့် စွန့်စားမှုများတယ်ဆိုရင် ဥာဏ်ကောင်းဖို့လိုတယ် ကံလည်းအထိုက်အလျှောက်ကောင်းမှ ချမ်းသာမယ်။ ကံမရှိဥာဏ်ရှိတိုင်းမွဲဆိုတဲ့စကားပုံလည်းရှိတော့လေ

ဟုတ် မှန်သင့်သလောက် မှန်ပါတယ်ဗျ....
ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဆိုတာတော့ မဟုတ်ပါဘူးဗျ...
အသိပညာဉာဏ်၊ အတတ်ပညာဉာဏ်၊ ဆင်ခြင်ဉာဏ်
စသော မှန်ကန်တိကျတဲ့ဉာဏ် မစစ်လို့ပဲ ဖြစ်ပါမယ်...

ဂိုးသွင်းချင်လို့ စောင့်နေတာ ဖြစ်နိုင်ရင် တစ်ထိုင်တည်းနဲ့ ဘောသမားတွေပြောပြောနေတဲ့ ဟက်ထရစ် ဆိုလား အဲမျိုးကို ချပစ်လိုက်ချင်တာ ဒါပေမယ့် ခုချိန်ထိ ဘောလုံးက ကိုယ့်ဆီကို မရောက်လာတော့ ကန်ခွင့်ကို မရတာပါ ကိုဟိန်းရယ် ☺

သွားလုပါဆိုဗျာ

Comfort zone က ရုန်းထွက်ဖို့ အတော်ခက်ခဲတယ်ရယ်..။

လူအများစုက သက်သောင့်သက်သာလေးပဲ နေချင်ကြတာကိုး...

တချို့ကျတော့ ရလိုဇောကြီးတယ်ဗျ ကန်စရာမလိုဘဲ စောင့်ဖမ်းရတာကို ဂိုးမစောင့်ဘဲကိုယ်တိုင်တက်ကန်တော့ ဂိုးသွင်းခံရကော တခါတလေလူ့လောကမှာလဲ ဒီလိုပုံစံလေးတွေလဲရှိတတ်ပါတယ်

အိတ်ပေါက်နှင့် ဖားကောက်သလိုပေါ့

Robert Kiyosakiရဲ့အဆိုအမိန့်လေးတော့တော်တော်
သဘောကျတယ်ဗျာ ကျွန်တော်နဲ့လည်းတိုက်ဆိုင်တယ်
ssရိုက်ထားလိုက်ပါပြီဗျာ

ကောင်းပါပြီ ဝမ်းသာပါတယ်ဗျာ

ခုထိ​တော့ ​ရွေးလို့​ကောင်း​နေတုံး ကိုဟိန်း​ရေ

ရွေးလွန်းရင် မရ ဖြစ်နေဦးမယ်...

ကိုယ်တိုင်ဝင်ကန်ပြီး နိုင်ဂိုးတွေသွင်းယူမယ် ကိုဟိန်းရေ
နည်းပြပေးပါ

ကန်သာကန်ပါ ညီရာ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 11.87% upvote!
I was summoned by @billionairehein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of @youarehope and @tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works