ကျွန်တောတို့ရဲ့ Hive-Myanmar ကော်မတီ
စတင်တည်ထောင်စဉ်က စည်းကမ်းချက်တွေ
ထုတ်ပြန်ခဲ့သည်။ ကျွန်တော်မှတ်မိသည့်
စည်းကမ်းချက်များက နိုင်ငံရေးပိုစ့်မရေးရ၊
ဘာသာရေးကို ထိခိုက်သည့် အရေးအသားများ
မတင်ရ စသဖြင့် အချက်များပါဝင်သည်ဟု
ထင်ပါသည်။
ထိုသို့ စည်းကမ်းချက်များ ရှိပါသော်လည်း
အခါအားလျှော်စွာ ရေးတင်မိသည်။ အထူးသဖြင့်
ထိုစဉ်က 2021ခုနှစ် မရောက်ခင်ကာလဖြစ်၍
ထိုစည်းကမ်းချက်များ ရေးသားခဲ့ကြခြင်း
ဖြစ်ပေမည်။ ယခုလိုဖြစ်ခဲ့လိမ်မယ်ဟု
မတွေးမိ၊ မစဉ်းစားခဲ့ကြပါဘူး။ ယခုအခါမှာ
နိုင်ငံရေးပိုစ့် ရေးတင်သူကိုပင် စောင့်မျှော်
နေရပါသည်။
Cryptocurrency အကြောင်း ရေးသားသူများ
ကိုလည်း မျှော်မိသည်။ အထူးသဖြင့် ကျွန်တော်တို့၏
Hive အကြောင်း ရေးသားသူက မရှိသလောက်
ဖြစ်သည်။ မက်ဆင်ဂျာဂရုမှာပင် Hive အကြောင်း
ပြောဆိုသူမရှိတော့ပေ။ တယ်လီဂရမ်မှ အဲဒေါ့
များအကြောင်းဖြင့် ဝေဆာနေသည်။
Hive အကြောင်း မပြော၊ မရေးဆို ကျွန်တောတို့၏
အချစ်တော် Hive သည်က မတုန်မလှုပ် တေမိ
မင်းသားဖြစ်လေ ရောသလားပင်။ တနေ့က
ပြားလေးဆယ်ကျော်သွား၍ ရင်ခုန်လိုက်ရပါ
သေးသည်။ နိုင်ငံရေးအကြောင်းကတော့
Facebook မှာ ရှာဖွေဖတ်၍ရသည်။
Hive အကြောင်းက မည်သည်မှာ ရှာဖွေ
ဖတ်ရပါ့။
ဟိုစဉ်ကတော့ ကျွန်တော်တို့၏ ခေါင်းဆောင်
ကိုဟင်နရီအောင် က ရေးသားခဲ့သည်။
ထိုကြောင့် Hive အကြောင်း အဆိုး၊ အကောင်း
သိရှိခွင့်ရသည်။ ယခုလို ခေတ်ဆိုး၊ စနစ်ဆိုး
ကြီးမှာ သူသူ ငါငါ ရုန်းကန်လှုပ်ရှားနေကြရ
သူက များသည်။ Hive ဈေးတက်၍
အောင်ပွဲရ ခေတ်ကောင်းချိန်ရောက်ပါမူ
Hive ကော်မတီမှာ လူများစည်ကားလာ
မှာပင်။
ယခုတော့ စိတ်မကောင်းဖွယ်ရာ ကိုယ်တွေရဲ့
ဘာသာတရားပြသူများအကြောင်း ရေးရပါအုံး
မည်။ ကျွန်တော်တို့၏ ဘာသာက ဗုဒ္ဓဘာသာ
ဖြစ်သည်။ ဘာသာ၏ အဓိက အသက်သွေး
ကြော ဗုဒ္ဓံ၊ ဓမ္မ၊ သံဃံ ဖြစ်သည်။ ထိုကြောင့်
ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံ
သရဏံဂစ္ဆာမိဟုနေ့စဉ် ရွတ်ဆိုပူ ဇော်သည်။
ထိုသို့ရွတ်ဆိုမှုတွင် နောက်ဆုံးဖြစ်သော
သံဃံသရဏံဂစ္ဆာမိ သည်က အချို့သော
ရဟန်းသံဃာတော်များသည် အတော်ကို ဆိုးရွား
နေသည်။ ယနေ့ပင် မနက်ခင်း ဈေးသွား
စဉ် ကားလမ်းဖြတ်ကူးစဉ်ခဏ ကားမောင်း
သွားသော သင်္ကန်းဝတ်တဦးကို မြင်ရသည်။
စောစီးစွာ စိတ်မသက်မသာဖြစ်ရသည်။
အခြားသော အရာများစွာလည်း ရှိပေသေးသည်။
ထားတော့ စာရှည်မည်ဖြစ်၍။
မြန်မာပြည်တော်လှန်ရေးက ပျက်စီးမှု
အားလုံးကို တော်လှန်ရပေအုံးမည်။
December 14, 2024@htwegyi
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIZZA from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our