Everyday အသုံးကွဲပြားပုံများ

in #steemit6 years ago

image

Everyday နဲ့ Every day အသုံးကွဲပြားပုံ

ဒီစကားလုံး ၂ လုံးကို လွဲမှားစွာ အသုံးမပြုမိကြစေဖို့
ဆရာတော်တော်များများက Fb မှာ သူတို့နည်း သူတို့ဟန်နဲ့
ရှင်းပြပေးထားကြပါတယ်။သို့ပေမယ့်လည်း
မသိသေးတဲ့သူတွေ သိရှိစေဖို့ ကျွန်တော့်အနေနဲ့
အနည်းငယ် ထပ်ရှင်းပြပေးချင်ပါတယ်ခင်​ဗျာ။
Everyday နဲ့ Every day မှာ
Everyday က Adjective ဖြစ်ပြီး
Every day က Adverb ဖြစ်ပါတယ်။
သူတို့ရဲ့ အသုံးအနှုန်းတွေကို အောက်မှာလေ့လာကြည့်ကြပါ။
Every day ( Adverb ) = နေ့တိုင်း။
I go to the park every day. ကျွန်တော် ပန်းခြံကို နေ့တိုင်းသွားတယ်။ My father goes to his work every day. အဖေက သူ့ရဲ့အလုပ်ကို နေ့တိုင်းသွားတယ်။ I have a bath every day. ကျွန်တော် နေ့တိုင်း ရေချိုးတယ်။ ( Every day = Each day ) Everyday ( Adjective ) = နေ့စဉ်။ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်။
everyday ကိုသုံးချင်ရင် Noun ရဲ့ရှေ့မှာ ထားသုံးကြပါ။
Teaching is his everyday work.
သင်ကြားရေးက သူ့ရဲ့နေ့စဉ်အလုပ်ပဲ။
The internet has become part of everyday life.
အင်တာနက်က နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာပါပြီ။
ဒီလောက်ဆို Everyday နဲ့ Every day တို့ရဲ့
အသုံးအနှုန်းတွေကို နားလည်လောက်ပြီ ထင်ပါတယ်။

အကောင်းဆုံးသော မေတ္တာ၊ဆန္ဒမွန်များဖြင့်
လေးစားလျက်ပါ ဆရာ
With love and best wishes !