ရင့်ကျက်သူဖြစ်ဖို့

in #republic6 years ago

ရင့်ကျက်သူဖြစ်ဖို့

<pre><code> ![image](https://img.esteem.ws/48ls3y34ep.jpg) (၁) မဖြေချင်တဲ့ မေးခွန်းမျိုးမေးလာတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။ (၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ် ထားပါ။ စိတ်ရှု ပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေကို နှုတ်မဆက်ချင်ရင်တောင် ခေါင်းညိတ်ပြုံးပြပါ။ (၃)သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူ ပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာ မှတ်ထားပါ။ (၄)ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးမရှိဘူးဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ (၅)ကိုယ်လုပ်ဆောင်ရမဲ့ အလုပ်ကို ရာနှုန်းပြည့် ကြိုးစားပြီးလုပ်ပါ။ (၆)ကိုယ့်ကိုကိုယ် 'သေးသေးလေး' (နှိမ့်ချ)လို့  လက်ခံပြီး မျက်စိ ထဲမှာတော့ ' လောကက အကြီးကြီး' လို့  ထည့်သွင်းထားပါ။ (၇)လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ ကို လွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သူက သင့်ကို တကယ်ချစ်ရင် သင့်ထံ ပြန်လာလိမ့်မယ်။ (၈)ကိုယ့်ကိုကိုယ် ကာကွယ်ဖို့  ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။အ မှားနောက်က ဆင်ခြေတွေကို ဘယ်သူကမှနားမထောင်ချင်ကြ ဘူး။ (၉)ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ်အကြွေး မတင်ဘူး။ (၁၀)မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့ မှာပေါ်စမြဲပါ။ (၁၁)ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။ (၁၂) သင့်မှာ ပရိသတ် အဲ့ဒီလောက် မများဘူး သိပ်အပင်ပန်း မခံနဲ့။ (၁၃)အတိတ်ကို သင်မမေ့ချင်လည်းရတယ်။ ဒါပေမဲ့ လက်လွှတ် တတ်ရမယ်။ (၁၄)တစ်ခြားသူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကို ကိုယ်တော့ စိတ်ထဲမှာမှတ်ပါ။ (၁၅)လောက မှာ အတန်းအစားရှိတယ်။ မတရားတာတွေလည်း များတယ်။မညည်းညူပါနဲ့။ (၁၆)သင့်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေး မပါနိုင်ဘူးး။ (၁၇)ငွေကြေးနဲ့ ဖြေရှင်းလို့ ရသမျှ ပြဿနာကို ပြဿနာလို့ မခေါ် ဘူး။ (၁၈)"ချစ်တယ် "ဆိုတဲ့စကားကို သင် ဘယ်အချိန်မှာပဲပြောပြော၊ ဘယ်နေရာမှာပဲပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ "sorry "ဆိုတဲ့စကားကို သင် ဘယ်အချိန်မှာပဲပြောပြော၊ ဘယ်နေရာမှာပဲပြောပြော တစ်ဖတ်လူရဲ့ မျက်လုံးကို သေချာ ကြည့်ပြောပါ။ (၁၉)ကိုယ့်ကိုကိုယ် အားလပ်ချိန်ပေးပြီး တစ်ယောက်တည်း ထီး ထီးနေကြည့်ပါ။ (၂၀)အပြင်ပုံပန်းသွင်ပြင်နဲ့ ဘယ်တော့မှ တစ်ဖက်သားကို မဆုံး ဖြတ်နဲ့။ ပြောစရာရှိရင် ဖြည်းဖြည်းပြောပါ။ တွေးစရာရှိရင် မြန်မြန်တွေးပါ။ (၂၁)ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွတ်တတ်အောင် နားလည်ပါ။ (၂၂)ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။ (၂၃)ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာလိမ့်မယ်။ (၂၄)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိသလို လမ်း ထက်ဝက်တင် လက်လျှော့ လိုက်ရတဲ့ အောင်မြင်ခြင်းဆိုတာ လည်းမရှိပါဘူးး။ (၂၅)လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူရှိ မယ်။ ကိုယ့်ထက်ညံ့သူမရှိဘူး။ "ငါကြိုးစားပြီးပြီလား"လို့ ကိုယ် ကိုကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် #သင်ရင့်ကျက်ပြီပဲ# #credit#ဆရာမ နိုင်းနိုင်းစနေ<<