အလွမ်းဆူး စူးစေ

in #myanmar6 years ago

ရင်မှာစူးနစ် ချစ်တက်လေသူ
သစ္စာတွေထပ် မပျက်စေသား
ကျောက်တိုင်ပမာ ခိုင်မြဲစေဟု
ဆုထူးပန်ကာ မေတ္တာရစ်ခွေ
ချစ်ခဲ့လေသည်။

သစ္စာတော်ချိုး
သစ်စိမ်းချိုးလျှက် မေ့ကွက်ကိုရှာ
နင်းခြေရက်သူ ချစ်သူသည်လည်း
ထပ်တူကျမျှ သစ္စာရည်နှင့်
သွန်းလောင်းပေးမည်
အလွမ်းဆူးတွေ စူးစေသား။


msc 175

source@suhlaing

Posted using Partiko Android

Sort:  

ဆူးစူးသည့်တိုင် မနုတ်နိုင်ဘဲ
အသည်းစိုင်ဝယ် မှတ်တိုင်တစ်ခု
ရေးထိုးပြုသည် အောင်းမေ့တသ
မေ့မရဘဲ ကြမ္မာမကောင်း
အကြောင်းမလှ ဝေးကြရသည်
သစ္စာပျက်၍ မဟုတ်တကား...😁😁😁

Posted using Partiko Android

ကဗျာလေးကို ပြန်ဖြေရေးထားတာ တယ်တော်ပါလား ကိုဟိန်းရေ ဒါပေမဲ့ ဖြေသိမ့်မနေနဲ့ မုန်းမှာဘဲ ရဘူး ရဘူး😊😊နောက်တာနော်

Posted using Partiko Android

Good

Posted using Partiko Android

thanks

Posted using Partiko Android

ဆူးစူးတဲ့ အလွမ်းတွေဟာ ကျိန်စာတွေလားဗျ

ကြိမ်စာတိုက်နည်းတစ်မျိုးပါဘဲကွယ်

Posted using Partiko Android

မစူးခင်​ကတည်းက လွမ်းပြီးသား​လေးပါ😁

Posted using Partiko Android

အယ်လယ့်

Posted using Partiko Android

ကဗျာ​စပ်​ဖို့လည်းစကားလုံး​တွေ​တော်​​တော်​စဉ်းစားရမယ်​ထင်​တယ်​...

Posted using Partiko Android

တစ်ခါတစ်လေလည်း အလိုလိုပေါ်တယ် ညီမ

Posted using Partiko Android

အလွမ်းများ ငြိမ်းစေသတည်းကိုယ်ဆုတောင်းရင်း ...

Posted using Partiko Android

အသံကောငိးတယ် ညီမ

ကဗျာဆိုတာ နှစ်​လုံးသားထဲက ပဲ့တင့်​သံ

Posted using Partiko Android