ဂျင်းထောင်း မင်္ဂလာ

in #myanmar6 years ago

ဒီတပတ် စနေနေ့က မတ်မတ်စုရဲ့ ကချင်တိုင်းရင်းသူ သူငယ်ချင်းတစ်ယောက် ဂျင်းထောင်းပွဲကို သွားခဲ့ပါတယ်။ ဗမာလူမျိုးတွေ အခေါ်ဆိုရင်တော့ ကလေးအမည်ပေး မင်္ဂလာသို့မဟုတ် ကလေး ကင်ပွန်းတပ်လို့ ပြောရမှာဖြစ်ပါတယ်။ ကချင် လူမျိုးတွေကတော့ ဒီမင်္ဂလာကို ဂျင်းထောင်း မင်္ဂလာလို့ ခေါ်ဆိုကျပါတယ်။ မတ်မတ်စုလည်း အရင်တုန်းက ဂျင်းထောင်းမင်္ဂလာတွေကို တက်ရောက်ဖူးပေမဲ့ စပ်စပ်စုစုမရှိလှဘဲ စားပြီးရင် ပြန်ပါတော့တယ်။ Steemမှာ စာတွေရေးတဲ့ နောက်ပိုင်းမှာတော့ ဘယ်ကိုဘဲသွားသွား သေချာလေ့လာတက်တဲ့ အကျင့်လေးတစ်ခု စွဲကပ်လို့ လာခဲ့ပါတယ်။ ဒါနဲ့ ဂျင်းထောင်း မင်္ဂလာနဲ့ ပတ်သက်ပြီး သူငယ်ချင်းရဲ့ အဖွားထံ စပ်စု မေးမြန်းလာခဲ့သမျှကို Steem ( msc ) မိသားစုကြီးကို ဖောက်သည်ချလိုက်ရပါတော့တယ်။

ဂျင်းထောင်းခြင်း ဓလေ့ဟာ ကချင်လူမျိုးတွေရဲ့ ရိုးရာဓလေ့စစ်စစ်ဖြစ်ပြီး ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက ကျင့်သုံးလာခဲ့ကျတဲ့ ကင်ပွန်းတပ် မင်္ဂလာအခမ်းအနားဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျင်းနံ့ကို နတ်ဆိုးတွေက ကြောက်လန့်တဲ့ အတွက် ကလေးသူငယ်တွေကို ဖမ်းစားလို့ မရအောင် စီမံခြင်း ဖြစ်ပါတယ်။ ဂျင်းထောင်းထောင်းတဲ့ အခါမှာ ဂျင်းရယ် ဆားရယ် အသားခြောက်ရယ် ငါးခြောက်ရယ် ကြက်ဥပြုတ်ရယ်ပါဝင်ပါတယ်။ အသားခြောက်ကတော့ သားယောက်ျားလေးတွေအတွက်ဖြစ်ပြီး သမီးမိန်းကလေးမွေးဖွားရင်တော့ ငါးခြောက်နဲ့ထောင်းလေ့ရှိပါတယ်။

IMG_20180911_152436.png
source

မိန်းကလေးတွေကို ဘာကြောင့် ငါးခြောက်နဲ့ထောင်းရပါသလဲလို့ စပ်စုကြည့်တော့ ငါးဆိုတာ တိုးပွားတက်တဲ့ သဘောရှိလို့ပါတဲ့။ မတ်မတ်စုလည်း စပ်စုပြီးသကာလ ဂျင်းထောင်းနဲ့ ကချင် ဒံပေါက်ကို အဝလွေးလိုက်ပါတော့တယ်။ ကချင်ဒံပေါက်ကတော့ မျှစ်နုနုလေးတွေကို သေးသေးလေးတွေပေါက်ထားပြီး ထမင်းနဲ့နယ်ထားပါတယ်။ ငါးလေးတွေလည်းပါသလို ရှလက်ရွက် မုန်လာဥနီတွေလည်း ထည့်ထားပါတယ်။ မအီတဲ့အပြင်စားရတာ အရသာရှိလှပါတယ်။ အနည်းငယ်စပ်တဲ့ အရသာရှိပေမဲ့ ကျောက်ဖရုံသီး ဟင်းရည်လေးနဲ့ လွန်စွာလိုက်ဖက်လှပါတယ်။

ကျောက်ဖရုံသီးဟင်းရည်ကို နည်းနည်းပြောပြချင်ပါတယ်။ ကျောက်ဖရုံသီး အစိမ်းကို အလည်ကဖောက်ပြီး ဟင်းရည်ထည့်ထားပါတယ်။ ဘယ်လိုပြုလုပ်ထားတယ်တော့ မသိပါဘူး။ အစိမ်းနံ့လည်း တစက်မှ မရဘဲ ပင်စိမ်းနံ့သင်းသင်းလေးနဲ့ အင်မတန်သောက်ကောင်းလှပါတယ်။ တွဲဖက်စားသုံးဖို့ အတွက်တော့ ကြက်ကို ရှာလကာရည်နဲ့စိမ်ပြီး အတုံးသေးသေးလေးတွေ တုံးကာ ကြော်ထားပါတယ်။ နှမ်းနဲ့ လှိမ့်ထားတာ ဖြစ်တဲ့အတွက် ကြက်သားတုံးလေးတွေပေါ်မှာ နှမ်းဖွေးဖွေးလေးဟာ မြင်ရတာနဲ့တင်စားချင်စဖွယ်ပါ။ ဒါအပြင် ပန်းကန်ပြားကြီးတချပ်နဲ့ ဆလပ်ရွက် မုန်လာဥနီ သခွားသီးတို့ကိုလည်း အတို့အမြှပ်အဖြစ် ချပေးထားပါတယ်။ မတ်မတ်စုတို့လည်း မြိန်လှစွာဖြင့် တစ်ယောက် ၂ပန်းကန်နှုန်းစားသုံးခဲ့ကျပါတယ်။ အဲ့နောက်မှာတော့ ကလေးလေးကို နှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ကာ လေးလံသော ခြေလှမ်းများဖြင့် ပြန်ခဲ့ကျပါတော့သတည်း။

IMG_20180911_152421.png
source


msc 175@suhlaing

Sort:  

ဘယ်သွားသွား ဘာလုပ်လုပ်
Steemit မှာစာရေးဖို့ ကုန်ကြမ်းလေးတွေစုတတ်ပြီးပ
ကချင် ဂျင်းထောင်းနဲ့ ဒံပေါက်ကလဲစားချင်စဖွယ်နော့

အရမ်းကောင်းတဲ့ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာ အစားအစာလေးပါ ဦးထွေးရေ

ရှဝါရှားတဲ့အကြောင်းလေးလည်းရေးဦးလေ။

ဖြည်းဖြည်းချင်းတော့ရေးမယ် ကထွေးရေ

ချစ်စရာ ရိုးရာဓလေ့ လေးတွေနော် မကြားဖူးတဲ ဓလေ့လေးတွေသိရလို့ ကျေးဇူးပါ မရေ။

တိုင်းရင်းသား ဓလေ့လေးတွေက ချစ်ဖို့ကောင်းတယ် ညီမရေ

ကချင်ရိုးရာကလေးကင်မွန်းတပ်မင်္ဂလာကိုသိရပြီ

အဲ့လိုလေးတွေ ကျင်းပကျပါတယ် ညီမရေ

နှစ်ပန်းကန်ဆိုတော့ လေးလံသော ခြေလှမ်းတွေ ဖြစ်ရောပေါ့လေ ။

ခြေလှမ်းတင်မကဘူး မျက်ခွံ့လေးတွေလည်း ပါတယ်အေ့

အိလောက်တောင် ဖစ်ဝါးဒယ်လား

သွားရည်ကျမိပါရဲ့...🤤

တခါတစ်ခေါက်တော့ဖြင့် အလည်ရောက်လာမယ်ဆိုရင် သူငယ်ချင်းကလေး ကင်ပွန်းတပ်နှင့်လည်း ဆုံလျှင် ခေါ်၍ ကျွေးချင်ပါသည်

ဗဟုသုတ တစ်​ခု တိုးပြန်​ပါ​ပေါ့ဗျာ ..
သိခွင့်​ရတာ ​ကျေးဇူးပါ မစု​ရေ ..

လာဖတ်ပေးတာတဲ့ အတွကိလည်း ကျေးဇူးပါ


Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom AmountYou got a 3.80% upvote from @upme thanks to @suhlaing! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).

ရှုံးလိုက်တာ upmeရယ် နောက် ဘုတော့ဘူး

အော်​ အဲလိုလား ဗဟုသုတအများကြီးရပါတယ်​ မတ်​မတ်​စုရယ်

ဟုတ် အဲ့လိုပါ ဗဟုသုတတိုးစေတဲ့အတွက် ရေးရကျိုးနပ်ပါပြီ

ဂလု စာဖတ်ရင်း သားရေပါကျတယ် ကြက်ကချင်ချက်ဆိုလားရှိတယ် မြစ်ဆုံသွားတုန်းက ဝယ်စားတာ ထလို့ တောင်မနိုင်ဘူး စားကောင်းလွန်းလို့ 

ကချင်စာတွေ အကုန်ကောင်းတယ် ငရုတ်သီးစပ်စပ်လေးနဲ့ ငါးခူချက်ဆိုလည်းရှယ်ကောင်း

ခုလို​ပြောပြ​ပေး​တော့ကချင်​တိုင်းရင်းသား​တွေရဲ့ဓ​လေ့ကိုသိရပြီး၊ဗဟုသုတရပါတယ်​...​နောက်​လည်းဖတ်​ရဖို့​စောင့်​​နေပါ့မယ်​....

ဗဟုသုတတိုးစေဖို့အတွက် ဆက်ရေးပါ့မယ် ညီမရေ

တစ်‌ရွာတစ်‌ပုဒ်‌ဆန်းဆိုသလို‌ပေါ့။

ရိုးရာဓလေ့လေးဆိုပါတော့

စားချင်မိတယ်ဗျာ ဟီး

တကယ်ကို ကောင်းတာ မောင်တက်တိုးရေ

အော် ဂျင်းထောင်းပွဲဆိုတာ ကြားဖူးတယ်။သို့သော် ကလေးကင်းပွန်းတတ်မှန်မသိခဲ့ဘူးမဆုရေ

ခု သိသွားပလား ကိုအေး

တကယ့်ဂျင်းကိုထောင်းရတာကိုး၊စားလို့ကောင်းလား မတ်မတ်စု

တကယ့်ဂျင်းကို အသားနဲ့ ရောထောင်းပါတယ်

ဂျင်းထောင်းတဲ့ ကချင်မလေးတွေပုံတင်ရမှာ မတ်မတ်စုရ ထောင်းပီးသားဂျင်းပုံတွေတင်တော့ ဘာကြည့်ရမယ်မှန်းမသိဘူး ☺☺☺

ဂျင်းထောင်းတဲ့သူက ကောင်မလေးတွေ ဟုတ်ဘူး ကစိုးရေ ဘာသာရေးဘက်က မဟုတ်ရင် အမျိုးထဲမှာ ယုံကြည်ရတဲ့ စံထားရတဲ့ စိတ်ထားကောင်းမွန်သူကို ထောင်းခိုင်းတာ ဂျင်းထောင်းသူနဲ့ ကလေးလေးဟာ စိတ်ဓာတ်ချင်းတူလာတယ်လို့လည်း အယူရှိကျတယ် ဒါကြောင့် ဂျင်းထောင်တဲ့လူကို သတိထားပြီးရွေးချယ်ကျသတဲ့

ဗဟုသုတ မျှဝေပေးတာ ကျေးဇူးပါ

လာဖတ်ပေးတာ ကျေးဇူးပါ

ရိုးရာဓလေ့တစ်ခုကိုသိခွင့်ရလိုက်ပါတယ်ဗျာ

ဟုတ်ကဲ့ နောက်များလည်း ဆက်လက်ရေးသားပါအုံးမယ်

အဲ့လို​ပြော​တော့ ဗိုက်​​တောင်​ဆာလာပြီ 😁😁

တကယ်စားကောင်းပါတယ်