စောဘဦးကိုအလဲထိုးပြီး ကမ္ဘာ့ချန်ပီယံဆုကိုအာသာဆလာဒိုက်ဇ် ဆွတ်ခူး

in #myanmar6 years ago

image

စောဘဦးကိုအလဲထိုးပြီး ကမ္ဘာ့ချန်ပီယံဆုကိုအာသာဆလာဒိုက်ဇ် ဆွတ်ခူး

လိုက်မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲမှာ ပိုလန်နိုင်ငံသား အာသာဆလာဒိုက်ဇ်က စောဘဦးကို စတုတ္ထအချီမှာအလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။ စောဘဦးဟာ မာဂုဏ်အပြည့်ရှိပေမယ့် အလုံးအထည်ပိုင်းမှာ အာသာဆလာဒိုက်ဇ်က အားသာခဲ့ပါတယ်။

image

ဒါ့အပြင် စောဘဦးက အာသာဆလာဒိုက်ဇ်ရဲ့ အားနည်းချက်ကိုရှာမတွေ့နိုင်အောင်ဖြစ်ခဲ့ပြီး အာသာဆလာဒိုက်ဇ်က အ၀င်၊ အထွက် မှန်မှန်နဲ့ မြန်မြန်ထိုးသတ်သွားခဲ့တာကြောင့် အလုံးအထည်ပိုင်းမှာ အားနည်းချက်ရှိနေတဲ့စောဘဦး တုန့်ပြန်ချိန်မရလိုက်အောင်ဖြစ်သွားခဲ့တယ်။ စောဘဦးကလည်း ရဲရဲတင်းတင်းနဲ့ အလဲထိုးဖို့ကြိုးစားခဲ့ပေမယ့်လည်း ထိုးချက်တွေနဲ့ ကန်ချက်တွေက ထိရောက်မှုအားနည်းခဲ့တယ်။

image

ဒုတိယအချီမှာ အာသာရဲ့ကန်ချက်ကို စောဘဦးတောင့်ခံနိုင်ခဲ့ပြီး ကန်လိုက်တဲ့ အာသာရဲ့ခြေထောက်အခန့်မသင့်ဖြစ်သွားခဲ့တာကြောင့် လှုပ်ရှားနိုင်စွမ်းအားနည်းသွားတဲ့အချက်ကို စောဘဦးအသုံးမချနိုင်လိုက်တာကလည်း မချိတင်ကဲဖြစ်စရာဖြစ်သွားခဲ့တယ်။ စောဘဦးအနေနဲ့ ခြေထောက်ဒဏ်ရာရသွားတဲ့ အာသာကို ဖိထိုးနိုင်ခဲ့မယ်ဆိုရင် ပွဲကတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အာသာ ပွဲကိုပြန်ထိန်းပြီး ရှောင်ကစားသွားရင် အချိန်ဖြုန်းသွားခဲ့တယ်။ တတိယအချီမှာတော့ စောဘဦးအလူးအလဲခံလိုက်ရတယ်။ အာသာက အ၀င်အထွက်မြန်မြန်နဲ့ လက်သီးလုံးတွေကိုအတွဲလိုက်ပစ်သွင်းသွားခဲ့ရာမှာ စောဘဦးတိုက်စစ်ကိုပြင်ဆင်ခွင့်မရဖြစ်သွားခဲ့တယ်။ တတိယတစ်ချီလုံးမှာ စောဘဦးကောင်းကောင်းပြင်ဆင်ခွင့်ရမသွားခဲ့ဘူး။ တတိယအချီတစ်လျှောက်လုံး အထိုးခံခဲ့ရတဲ့ စောဘဦးဟာ စတုတ္ထအချီမှာတော့ မဟန်နိုင်ဖြစ်သွားခဲ့တယ်။ အာသာရဲ့ခြေကန်ချက်က စောဘဦးရဲ့နာထင်ကိုထိထိမိမိဝင်သွားခဲ့ရာမှာ စောဘဦးတော်တော်လေးဟန်ချက်ပျက်သွားခဲ့တယ်။ အဲ့ဒီအပျက်ကို အာသာကလက်လွှတ်မခံဘဲ အတင်းဝင်လုံးရင်း အာသာရဲ့နောက်ထပ်ခြေကန်ချက်မှာ စောဘဦးအရှုံးပေးသွားခဲ့ရပါတယ်။