မင်္ဂလာပါ။ ဤဆောင်းပါးမှာ ဆရာတင်လှိုင် ဦးမှ ကျွန်တော့ အားမေးသော မေးခွန်း ဖြစ်သည့် Steemit Platform ပေါ်တွင် ရင်းနှီး မြှပ်နှံလျင် ဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်များ အကြောင်းကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ ဆရာ့ အား Chat Box မှ ဆွေးနွေး ရှင်း ပြနိုင်သော်လည်း အခြားသူများလည်း ဗဟုသုတ ရ နိုင်ရန် အလို့ငှာ ဆောင်းပါး အဖြစ်ရေးသား ဖေါ်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ပထမ ဦးစွာ အနေဖြင့် ကျွန်တော်သည် ရင်းနှီး မြှပ်နှံမှုတွင် ကျွမ်းကျင်သော သူ မဟုတ်ကြောင်း ကို ကြိုတင်ပြောကြားထားလိုပါသည်။ ဤဆောင်းပါးတွင် ဖေါ်ပြထားသော တွက်ချက်ထားသော အကြောင်းအရာတို့မှာ မိမိ၏ ထင်မြင်ယူဆ ချက်သာဖြစ်၍ တဝေမတိမ်း လိုက်နာဆောင်ရွက် ရန် မဟုတ်ကြောင်း ကြိုတင်ပြောကြားထားလိုပါသည်။
ဤ ဆောင်းပါးမှာ တွက်ချက်မှုများ ထင်မြင်ယူဆချက်များ ဖေါ်ပြရမည် ဖြစ်သဖြင့် အနည်း ငယ်ရှည်လျားသော ဆောင်းပါး ဖြစ်သောကြောင့် သည်းခံ၍ ဖတ်ရှုစေလိုပါသည်။ ထို့အပြင် ဤဆောင်းပါးတွင်ပါဝင်သော တွက်ချက်မှုများမှ ယနေ့ Steem ပေါက်ဈေးဖြင့် တွက်ချက်ဖေါ်ပြမှု ဖြစ်ကြောင်းလည်း သတိထားမိစေလိုပါသည်။
Steem Platform ပေါ်တွင် ရင်းနှီးမြှပ်နှံရာတွင် အခြေခံအားဖြင့် သုံးမျိုးရှိပါသည်။ မိမိတို့မှာ Steemit ၏ Initial Coin offering ကို မှီလိုက်သူများ မဟုတ်ကြ၍ ဤ Steem coin များ ကို အများအပြား ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်တော့ပါ။ ဆိုလိုသည်မှာ Steem ကို ဈေးပေါပေါဖြင့် မရနိုင်တော့ပါ။
ထို့ကြောင့် ဤ Steem ကို ရရှိနိုင်ရန် blogging လုပ်မည်လော ၊ ဝယ်ယူ ရင်းနှီး မည် လော ဟူ၍ ဖြစ်လာပါသည်။ blogging မှာ ယခု MSC မှ အကူအညီပေး ၍ လက်တွဲခေါ်နေကြသူများ ဖြစ်၍ blogger များအတွက်တော့ ထပ်မံမဖေါ်ပြတော့ပါ။ ဝယ်ယူ စုဆောင်း ရင်းနှီးလိုသူများအတွက် သာသီးသန့် ဖေါ်ပြပေးသွားပါမည်။
Steem 100- 500 အသေရင်းနှီးမြုပ်နှံခြင်း
ဤရင်းနှီး မြုပ်နှံခြင်းမှာ လက်ရှိပေါက်ဈေးတွင် ဝယ်ယူစုဆောင်းထားခြင်းသာဖြစ်၍ ထိုစုဆောင်းထားခြင်းမှ မိမိအတွက် ကာလတို အကျိုးအမြတ် မရရှိနိုင်သေးပါ။ အကျယ်ရှင်းပြပါမည်။ ဤ ယနေ့ Steem ပေါက်ဈေးမှာ 1 steem = 4.15 $ USD ဖြစ်ပါသည်။ ထို့ကြောင့် Steem 100 ဝယ်မည်ဆိုလျင် 415 $ ကုန်ကျမည်ဖြစ်ပါသည်။ မြန်မာငွေ ပေါက်ဈေး 1$USD = 1300 kyat ဖြင့် တွက်လျင် 539500 kyat ဖြစ်ပါသည်။ မြန်မာငွေ ငါးသိန်းကျော် ကုန်ကျပါမည်။ Steem 500 အတွက် ဆိုလျင် ယနေ့ ပေါက်ဈေးဖြင့်
500 x 4.15 = 2075$
2075 x 1300= 2,697,500 kyat
မြန်မာငွေ ၂၇ သိန်းခန့် ကုန်ကျမည် ဖြစ်ပါသည်။ ဤသည်မှာ ယနေ့ ပေါက်ဈေးဖြင့် တွက်ချက်ပြထားခြင်း ဖြစ်ပါသည်။ ဤတွင် ကာလတို အကျိုးအမြတ် မရှိနိုင်သေးပါ ဆိုခြင်းကို ရှင်းပြပါမည်။ Steem 500 ကို Power up လုပ်၍ အခြားသူငှာ များအား vote ပေးလျင် 0.14 သာရရှိနိုင်ပါသေးသည်။
ထို့ကြောင့် ဤ SP500 ဖြင့် vote ရောင်းစား၍ မရသေးပါ။ ထို့ကြောင့် ရင်နှီးမြုပ်နှံမှုသာလုပ်ထားရမည် မိမိအတွက် ကတော့ သူတပါးအား လိုက်လံ vote ပေးခြင်းဖြင့် cureation reward ယူယုံသာရှိပါသည်။ ဤသို့သော အသေရင်းနှီး မြုပ်နှံခြင်းမှာ မိမိသား အတွက် သို့ မဟုတ် မိမိ သမီး အတွက် SP500 ဝယ်ထားပေးမည်။
နှောင်ဆယ်နှစ်ခန့် တွင် ထုတ်ရောင်း၍ သူတို့ လုပ်ချင်သော စီးပွားရေး လုပ်ပါစေဟူ၍ အသေ ရင်းနှီး မြုပ်နှံထားပေးခြင်း ဖြစ်ပါသည်။ အကျိုးအမြတ်အနေဖြင့်တော့ သူတပါးအား vote ပေးခြင်းဖြင့် SP တဖြည်းဖြည်း များလာခြင်းသာရှိပါလိမ့်မည်။
Steem 1000- 10000 အကူအညီပေး ရင်းနှီး မြုပ်နှံခြင်း
ဤရင်းနှီး မြုပ်နှံခြင်းမှာ မိမိအတွက် ရေတို အကျိုးအမြတ်များစွာ မရှိသေးသော်လည်း မိမိအတွက် သာမက အခြားသူများအတွက်လည်း အလွန် အကျိုးများသော ရင်းနှီး မြုပ်နှံခြင်း ဖြစ်ပါသည်။ အကျယ် ရှင်းပြပါမည်။ ဤရင်းနှီး မြုပ်နှံခြင်း အတွက် Steem 1000 အတွက်
1000 x 4.15 = 4150$
4150 x 1300 = 5,395,000 kyat
မြန်မာငွေ သိန်း ၅၀ ကျော်လိုအပ်မည် ဖြစ်ပါသည်။ ထို့ အတူ Steem 10000 အတွက် မြန်မာငွေ သိန်း ၅၀၀ ကျော် လိုအပ်မည် ဖြစ်ပါသည်။ ဤရင်းနှီး မြုပ်နှံမှုတွင် မိမိ အတွက် ကာလတို အကျိုးအမြတ် များစွာ မရသေးသော်လည်း မိမိအတွက် သော်လည်းကောင်း အခြားသူငှာများ အတွက်သော်လည်းကောင်း Steem Power အလျင်အမြန်တိုးပွားစေပါသည်။
Steem Power 1000 နှင့် အထက် သည် မိမိ ကိုယ်တိုင်လည်း blogger လုပ်၍ ဆောင်းပါးများရေး အခြားသူများအတွက်လည်း voting များပေးနိုင်လျင် အလွန် အကျိုး များသော ရင်းနှီး မြုပ်နှံခြင်းဖြစ်၍ အကူအညီပေး ရင်းနှီးမြုပ်နှံခြင်း ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။
Steem 15000- နှင့်အထက် နေ့စဉ်အကျိုးအမြတ်ရသော ရင်းနှီး မြုပ်နှံခြင်း
ဤရင်းနှီး မြုပ်နှံခြင်း မှာ မြန်မာငွေ သိန်း ၈၀၀ နှင့် အထက် လိုအပ်မည် ဖြစ်ပါသည်။ ဤရင်းနှီး မြုပ်နှံခြင်းတွင် မိမိ ၏ Steem Power ဖြင့် voting များကို စတင် ရောင်းချ နိုင်ပြီ ဖြစ်ပါသည်။ SP 15000 ၏ ၁၀၀% voting အား မှာ လက် ရှိ Steem ပေါက်ဈေး 4.15$ တွင် တခါ Vote လျင် 4.31 $SBD ရရှိနိုင်ပါသည်။
ထို့ကြောင့် မိမိ ၏ 100% vote ကို လိုချင် လျင် မိမိ ထံသို့ 1 SBD လွဲခိုင်း၍ vote ရောင်းစားနိုင်ပါသည်။ ဤ အပိုင်းတွင် အနည်းငယ် စီးပွားရေး ဆန်လာပြီ ဖြစ်သဖြင့် အနည်းငယ်ထပ်မံရှင်းပြလိုပါသည်။ မိမိ အနေဖြင့် မြန်မာငွေ သိန်း ၈၀၀ ကျော် ရင်းထားရသဖြင့် နေ့စဉ် ငွေတိုး အနေဖြင့် vote ရောင်းစားခြင်းမှာ လက်ခံနိုင်စရာရှိပါသည်။
ဆိုခဲ့သည့် အတိုင်း မိမိ တခါ vote လိုက်လျင် voting power 2% ကျ သွားသဖြင့် 100% ပြန်ဖြစ်ရန် ၂ နာရီ စောင့် ရပါသည်။ ဤသို့ ၂ နာရီခြား တကြိမ် vote ရောင်းစားခြင်းဖြင့် တရက်လျင် အနည်း ဆုံး ဆယ်ကြိမ်ခန့် ရောင်းနိုင်ပါလိမ့်မည်။ ဆယ်ကြိမ် ဆိုသည်မှာ 10$ SBD ပင် ဖြစ်ပါသည်။
ဤ ယနေ့ SBD ပေါက်ဈေးဖြင့် တွက်လျင် 5.10$USD ဖြင့် တွက်လျင် 51$USD ရပါလိမ့်မည်။ မြန်မာငွေဖြင့် ၆၆,၃၀၀ ကျပ် ရရှိနိုင်ပါသည်။ ထို့ကြောင့် တရက်လျင် ၆ သောင်းကျော် ဖြင့် တလလျင် သိန်း ၂၀ ဝန်းကျင်ခန့် ခန့်မှန်ခြေရရှိနိုင်ပါသည်။ ပြင်ပတွင် သိန်၈၀၀ ငွေတိုးပေးထားလျင် တလ အတိုးမည်မျှ ရနိုင်သည်ကိုတော့ ကျွန်တော်မသိပါ။
ဤ ရင်းနှီး မြုပ်နှံမှုအတွက် တခုသတိထားရမည်မှာ မိမိတို့ vote ရောင်းစားသည်မှာ SBD ဖြင့် ရောင်းစားခြင်း ဖြစ်၍ ပြင်ပရှိ SBD ပေါက်ဈေးပေါ်မူတည်၍ မိမိ အကျိုးအမြတ် ကွဲပြားပါလိမ့်မည်။ ဤသို့ vote ရောင်းစားလျင် ဝယ်သူကော ရှိပါမည်လော မေးခွန်း ထွက်လာပါသည်။ ပူစရာမလိုပါ။
လက်ရှိ MSC တွင် Steem Power အကြောင်း နားလည်နေသူတို့အား SBD 1$ ပေးလျင် 5$ ရအောင် vote ပေးမယ်ဆိုလျင် အလုအယက် Voting ဝယ်ကြပါလိမ့်မည်။ တခုမကောင်းသည်မှာ စီးပွားရေး ဆန်သော voting ရောင်းစားခြင်း ဖြစ်၍ quality content ဖြစ်သော မဖြစ်သော copy post လောဟူ၍ ခွဲခြားနေမည် မဟုတ်ပါ။ ဝယ်သူရှိလျင် ရောင်းကြမည်သာ။
ဤသည် မှာ Steemit Platform ပေါ်တွင် မည်သို့ မြုပ်နှံလျင် မည်သို့ အကျိုးရှိသည်ကို အကျယ်ချဲ့၍ ယနေ့ Steem ပေါက်ဈေး များဖြင့် တွက်ချက် ပြသခဲ့ခြင်း ဖြစ်ပါသည်။ အကျိုးအမြတ်များအတွက်လည်း SBD ယနေ့ ပေါက်ဈေးဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ဤတွင် ထိုကဲ့သို့ ရင်း နှီး မြုပ်နှံထား ခြင်းသည် ဘယ်အချိန်တွင် အကျိုးအမြတ် ထုတ်ယူ ကြမလဲ ဟူသော မေးခွန်း ထွက်လာပါသည်။
ကျွန်တော့ အမြင်ဖြင့် ပြောလျင် မိမိငွေ လိုအပ်သော အချိန်တွင်သာ ထုတ်ယူပါမည်။ နှောင် ၅ နှစ်ခန့် ထုတ်ယူစရာ မလိုအပ်သေးလျင် ဒီအတိုင်း ရင်းနှီး မြုပ်နှံထား၍ လိုအပ်ချိန်ကြလျင်သာ ထုတ်ယူပါမည်။ ဤကဲ့သို့ ရင်းနှီးမြုပ်နှံထားလျင် အကျိုး များပါမည်လော..? ဤ မေးခွန်း အတွက် သင်သည် Steemit Platform အား ၂၀၁၆ ခန့်တွင် သိ၍ Steem ဈေး ၁၀ ပြား ခန့်တွင် Steem Power ၅၀၀၀၀ ခန့် ဝယ်စုထားသူဖြစ်လျင် ယနေ့ ၂၀၁၈ တွင် သင်သည် တနေ့ ဝင်ငွေ ၃ သိန်းခန့် ပုံမှန်ဝင် နေသူ တယောက် ဖြစ်နေပါပြီ ဟုသာ ပြန်ဖြေပါမည်။
အကြောင်းမှာ SP 50000 ရှိသူ၏ ၁၀၀% vote မှာ 14.33$ ရရှိနိုင်၍ vote တခုလျင် အနည်းဆုံး 5$ SBD ဖြင့် သင်ရောင်းချနိုင်ပါသည်။ ယခုမှ စတင်၍ နေ့စဉ် vote ရောင်းစားနိုင်ဖို့ လိုအပ်သော အရင်း အနှီးမှာ မြန်မာငွေ သိန်း ၈၀၀ နှင့် အထက် ဖြစ်ပါသည်။ ဤသည်မှာ Steem ဈေး 4.15 $USD သာ ရှိပါသေးသည်။
အကယ်၍ Steem ဈေးသည် 10$USD အထက်သို့ ရောက်လာလျင် ဤသို့ နေ့စဉ် vote ရောင်းစားနိုင်ရန် မည်မျှ ရင်းနှီးရမည်ကို တွက်ချက်ကြည့်ပါ။ Steemit Platform ၏ အသက်သည် Steem Power ဖြစ်ပါသည်။ လူတိုင်း လူတိုင်း SP စုကြမည်သာဖြစ်၍ အပင်စိုက်စောသူတို့ ယခု အသီးခူးစားနေကြပါပြီ။ ယခုမှ အပင်စစိုက်လည်း နောက်မကျ သေးပါဟူ၍ တိုက်တွန်းလိုပါသည်။
ဤတွင် Steemit Platform တွင်ရင်းနှီး မြုပ်နှံခြင်း အတွက် အားလုံး အကောင်းချည်းသာလော ဟူသော မေးခွန်း အတွက် မိမိ အကောင့် passwords မပျောက်အောင် ထိန်းထား နိုင်သရွေ့ Steemit Platform ၏ ဆိုးကျိုးကို ရှာမတွေ့သေးပါ။ Steemit Platform သည် beta version သာ ရှိသေးသည် မှန်ပါသည်။
သို့သော် ဤ beta version တွင် အောင်မြင်နေပြီ ဖြစ်သော Platform ဖြစ်ပါသည်။ Steemit Platform သည် တရားဝင် လွင့်တင်ခြင်း မရှိသေးသလို တရားဝင် ကြေညာခြင်း ( Steemit Platform ၏ အသုံးဝင်ပုံ များကို အခြား Media များတွင် တရားဝင်ကြေညာခြင်း ) များမရှိသေးပါ။ Steemit marketing team များ တရားဝင် လုပ်ဆောင်ခြင်း မရှိသေးပါ။
လွန်ခဲ့သော ၈ နာရီခန့် က တင်လိုက်သော Steemit CEO @ned ၏ ၂၀၁၈ ခုနှစ် အတွက် Steemit Platform ရှေ့ဆက် သွားရမည့် လုပ်ငန်း ဆောင်တာများ အကြောင်း ဖတ်ကြည့် ရာတွင် Steemit Team မှ Software Engineer များ ၊ Desing Engineer များ ၊ Software architecture များ အခြားသော အရေးပါ နေရာရောက်သည့် နေရာတော်တော်များများ တွင် ကျွမ်းကျင်သူများ ခန့်ထား ၍ ဤ ၂၀၁၈ ခုနှစ် တွင် Steemit ၏ SMTs ( smart Media tokens ) projects များကို အလုံး အရင်း နှင့် လွှင့်တင်နိုင်ရန် ပြင်ဆင်နေကြပါသည်။
လာမည့် ငါးနှစ် အတွင် Steemit blockchain နည်းပညာတွင် အခြေခံမည့် social media များ နည်းပညာများ တစ်သိန်းကျော်ခန့် ရှိလာမည် ဖြစ်ကြောင်း လည်း ပြောကြားထားပါသည်။ အပြည့် အစုံကို အောက်ပါလင့် တွင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။
ထို့ကြောင့် ကျွန်တော် တဦးတည်း အမြင်ဖြင့် ပြောရလျင် Steemit Platform သည် cryptocurrency လောကတွင် သူ့လောက် ကောင်းမွန်သော blockchain မျိုး မရှိသေးသည် ကတော့ သေချာပါသည်။ ဤသည်မှာ ကျွန်တော့ အနေဖြင့် Steemit တွင်သာ တစိုက်မတ်မတ် လျှောက်လှမ်း နေ၍ အခြားသော blockchain များကို မလေ့လာမိသည် လည်း ဖြစ်နိုင်ပါသည်။
မည်သို့ပင် ဆိုစေ Steemit Platform ပေါ်တွင် ရင်းနှီး မြုပ်နှံမှု ပြုလုပ်ချင်သူများ သည် Steemit ၏ SMTs များတရားဝင် မကြေညာသေးခင် ဝင်ရောက် ရင်းနှီးထားသင့်သည်ဟု အကြံပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် SMTs များ ဝင်ရောက်လာလျင် Steem ဈေးမှာ မုချ ထိုးတက်သွားမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ လက်သုံးစကားဖြင့်သာ ထပ်မံသတိပေးလိုပါသည်။
" Steem ဈေးမတက်မှာ မပူပါနှင့် Steem ဈေးတက်လာသောအချိန်တွင်ကိုယ့်တွင် လုံလောက်သော SP မရှိမှာကိုသာ ပူပါ" ။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001
resteem bro
thank for sharing and support
thanks you , happy go lucky..
ယခုလိုအသေးစိတ်ရှင်းပြပေးထားတဲ့အတွက်ကျေးဇူးပါအကိုဟင် ။ ကျွန်တော်လည်း အဲ့ကိစ္စအမှန်တကယ်သိချင်နေသူပါ။ ခုလိုဝင်ရောက်မေးခွန်းမေးထားသောဆရာတင်လှိုင်ဦး ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ နောက်သိချင်သောသူများ ပြန်မြင်နိုင်စေရန်လည်း resteem လုပ်ခဲ့ပါတယ် အကိုဟင် ကျေးဇူးပါခင်ဗျ။
အထွေးလည်း တခုခု ရသွားတဲ့ အတွက် အစ်ကိုလည်း ဝမ်းသာပါတယ်။
ကျေးဇူးတင်ပါတယ် ကိုဟင် မိမိတတ်နိုင်တဲ့ဘက်ကနေ sp များသထက်များအောင် ပိုစုနေပါပြီ တစ်ချိန်မှာ သားရွှေအိုးထမ်းဖို့ မျှော်လင့်ချက်နဲ့ပါ
အကောင်းဆုံးပါ။ တနှစ် နှစ်နှစ် ဆိုတာ ခဏလေးနဲ့ ကုန်သွားမှာပါ။ SP ဟာများလာလေလေ ကိုယ့်အတွက် ရော သူများအတွက်ပါ အကျိုးများလေလေပါ။
ကျွန်တော်သည် စတီးမစ်ဟာ နောင်တွင် အင်မတန်ကျယ်ပြန့်လာသော ဆိုက်တစ်ခုဖြစ်လာမည်ကို အကိုဟင်ပြောပြချက်များအရ သိရှိလာခဲ့သည်။ ယနေ့အချိန်အခါတွင် steemit platform မှာ investment မလုပ်နိုင်သည်ကို ကိုယ်ကိုကိုယ် နှမြောမိသည်။ သို့သော် ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုရှိနေပါသေးသည် bloger လုပ်၍ sp များ ထပ်ဆင့်စုသွားပါမည်။ ယခုရေတိုအချိန်မာ အကျိုးခံစားမှု နည်းသေးသော်လည်း နောင်လာနောက်သား အမွေဆက်ခံသူများအတွက် ကြီးမားသော အထောက်အပံ့တစ်ခုဖြစ်လာမည်ဟု ကျွန်တော်ယုံကြည်ထားသည်။ ဒါကြောင့်မို့ ကျွန်တော့အလားတူ စတီးမစ် bloger မိတ်ဆွေများ sp ရသဆလာက်စုကြပါလို့ ထပ်လောင်းအကြံပြုလိုက်ပါတယ်။
ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ သည့် အတိုင်း Steemit က နှစ်ရှည် သွားရမှာပါ။ တလ နှစ်လ နဲ့ အရာမထင် ပေမယ့် ၃ နှစ် လောက်ဆို အတော်လေး သိသာလာပါလိမ့်မယ်။ ဇွဲကောင်းသူတို့ နေရာရပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်ဆရာ Steem Power အပင်လေးတွေကို ရေလောင်းပေါင်းသင်ပြီး သနပ်ခါးခြံတစ်ခြံတည်ခဲ့သလို Steem ခြံတည်ပါ့မယ်ဆရာ
Steem ပင်လေး တွေစိုက်ကြတာပေါ့။
ဟုတ်ကဲ့ပါဆရာ
ဟုတ်တယ်အကို ကျွှန်တော်တို့ sp ဟာ ဘာမှ မဖြစ်လောက်သေးပါဘူး အများကြီး ဆက်စုဖို့ ကြိုးစားပါဦးမည် ။ နောက်က လိုက်လာကြဖို့လဲ မျော်မန်းရင်း ဆက်လက် စုဆောင်းနေဆဲပါ ။
အဲတာ အကောင်းဆုံး ရင်နှီးမြုပ်နှံမှုပါ။ ကိုယ့် ရဲ့ စွမ်းအားနဲ့ ဇွဲ ပေါင်းပြီး SP စုတာပါ။
ကျေးဇူးပါ
Steem ဝယ်စုချင်ပါသော်လည်း ငွေပိုငွေလျှံများများ မရှိသေး၍
စိတ်ထိန်းထားရပါသည်။ သို့ဖြစ်ပါ၍ Steem Power တိုးရေး
တို့အရေး ဟု စိတ်ထားကာ စာများကိုသာ တွင်တွင် ရေးတင်နေမိ
ပါတော့သည်။ Bot များကို သုံး၍လည်း SP လေးမှ မြတ်မြတ်
Boost နေမိပါသည်။ English language အားနည်းမှုကြောင့်
နိုင်ငံခြားသားများ နားလည်မည့် Quality blog များတော့
မရေးဖြစ်သေးပါ။ သို့သော် မိမိနှင့်တန်းတူ SP တိုးရန် ကြိုးစားနေသော
မြန်မာလူငယ်များ အောင်မြင်ရေး စိတ်ဓာတ် စာရိတ္တ မြင့်မားစေရန်
ရည်သန်၍ အောင်မြင်ရေး တတ်ကျမ်းစာပေများကို မျှဝေပေးနေမိပါသည်။
မူးပဲအစမှ ထူးကဲဘဝ ရောက်လိမ့်မည်ဟု ယုံကြည်စိတ်ထားဖြင့်
ဆက်လက်ချီတတ်နေပါမည်။ We are together fighting!
ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ သည့် အတိုင်း Steemit က နှစ်ရှည် သွားရမှာပါ။ တလ နှစ်လ နဲ့ အရာမထင် ပေမယ့် ၃ နှစ် လောက်ဆို အတော်လေး သိသာလာပါလိမ့်မယ်။ ဇွဲကောင်းသူတို့ နေရာရပါလိမ့်မယ်။
အော်…ဟုတ်အကို
ရသမျှကိုSPတင်ထားဆဲပါ
သူဌေးဖြစ်သွားရင်လည်း မေ့မသွားနဲ့အုံး
Ha Ha
ကျနော်steemitကို
စလုပ်တဲ့အချိန်က 2017 .
12လပိုင်းမကုန်ခင်လောက်ကပေါ့
1sbdကို 3steemကျော်လောက်ရတယ်
အခု1sbdကို 1steemကျော်လောက်ပဲ ရတော့တယ်
နောက်ဆို spစုဖို့တောင် မလွယ်တော့ဘူး အခုကတည်းက
ရသမျှsbdကို တစ်ခါမှထုတ်မသုံးဖူးသေးပဲ steemဝယ်ပြီး spစုနေပါတယ် အခုနေများ 1sbdပေးလိုက်လို့ ကိုယ့်ကို3sbdဖိုးလောက်ပဲ လာပြီးvoteပေးရင် ကျေနပ်ပါပြီ 5sbdလောက်များ voteပေးခဲ့ရင် ပျော်လို့ထခုန်မိမလားပဲ ဘာလို့ဆို အခုနောက်ပိုင်း botတွေ သိပ်မလုပ်ဖြစ်တော့ဘူး အရှုံးတွေများလို့ပါ အခုလို အစ်ကို့ဆောင်းပါးတွေကို ဖက်ရတာ steemitလုပ်နေတဲ့ ကျနော့်အတွက်ကော အများအတွက်ပါ ဗဟုသုတရပါတယ် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
ဒါနဲ့ ကျနော် Steem ဝယ်ချင်နေတာကြာပါပြီ
ဘန်ကောက်ကနေ ဘယ်လိုဝယ်ရမှန်းမသိဘူးအစ်ကို
Steem ဈေးတက်လာလေလေ SP ဝယ်စုဖို့ ခက်လေလေပါ။ Bangkok မှာ ဈေးရောင်း နေတဲ့ ညီလေးသာအေး @glastofresco ကို ဆက်သွယ်ကြည့်လိုက်လေ... သူဘယ်လို ပိုက်ဆံ အထုတ်အသွင်း လုပ်တယ်ဆိုတာ။
ဟုတ်ကဲ့အစ်ကို
ထိုင်းဘဏ်စာအုပ် နဲ့ရတယ်ပြောတယ်
အစ်ကိုရယ် အခုတော့ ငွေကြေးမတတ်နိုင်သေးပါသဖြင့် blog ရေးပြီးတော့ဘဲ စုနိုင်ဦးမှာပါ ကျေးဇူးပါဗျ
အကောင်းဆုံးပါ။
An interesting article for us. Thank you bro. We are on the way and now we really know important of steem power. Now, I always think about steem power. My daily life is now fill of steem dream.
😊
Hoping is the best thing , but doing something for your hope to become true is much better ...
Right!
Steem ico ကိုမသိလိုက်မိတာ အလွန်နောင်တရမိတယ်ဗျာ. ဒါပေမဲ့ဆရာပြောသလိုပဲ ခုထလုပ်လည်းနောက်မကျသေးဘူးဆိုတော့ အားတော့တက်မိတယ်. ဘဏ်မှာငွေစုသလိုပဲ ငွေပိုငွေလျှံရှိရင် sp ဝယ်စုတော့မယ်ဗျာ. ကျေးဇူးတင်ပါတယ်ဆရာ
SMT တွေ ဝင်မလာခင် SP ဝယ်စုထားနိုင်ရင် အကောင်းဆုံးပါ။
တွက်ကြည့်ပီးပီ 10000 sp တောင် မနည်းဘူးငွေက အကယ်၍ ဝယ်ပီး vote ရောင်းစားမယ်ဆိုလဲ သိပ်မကိုက်ဘူး နောက်တခုက booster လုပ်မယ်ဆိုလဲ quaility တွေဘာတွေ ရွေးမနေပဲပေးရမှာ ကိုဟင်တစ်ခါပြောဖူးတာ မှတ်မိတယ်။
မှန်ပါတယ် ၊ ရင်းနှီးမြုပ်နှံ တာနဲ့ လုပ်စားတာ ကွာပါတယ်။
ခုမှဖတ်မိတယ် အစ်ကို ကျေးဇူးပါ ဒါဆို နိုင်ငံ တွေက တရားဝင် ခွင့်ပြုလိုက်ရင် steem တန်ဖိုးထိုးတက်သွားမှာအသေအချာပဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ စတော့ဈေးကွက်ကိုတောင် ယှဉ်လာနိုင်မယ်ထင်တယ် ။ ရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ March လကုန်လောက်ဖြစ်မယ်ထင်ပါတယ်။
လာမည့် budget နှစ်ပေါ့
Thanks for the knowledge!
Upvote & resteemed!
Thanks you very much, appreciate that...
Nice post bro , vote ရောင်းရင် ဝယ်မဲ့သူက တကယ်ကိုရှိနေမှာအမှန်ပါ ဒါဘဲမဲ့ Steemit သုံးနေတဲမြန်မာတွေထဲမှာ အကိုလိုမျိုး spများတဲ့သူကိုမတွေဖူးသေးဘူး မသိတာလည်းဖြစ်မှပါ အကိုရေးတဲ့ Steemit ဆောင်ပါးတော်တော်များများကိုဖတ်ဖူးပါတယ် တကယ်ကို ကောင်းတဲဆောင်ပါတွေပါ thanks
ဟုတ်ကဲ့ လောလောဆယ်အထိ တော့ မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။ ဒီ Platform က တကယ်ကောင်းလွန်းလို့ မြန်မာတွေကို ကျွန်တော်ချပြခဲ့တာပါ။ Steemit Platform ပေါ်ကို ရောက်တာ မြန်မာထဲမှာ တော့ အစောဆုံးလို့ ပြောလို့ ရပါတယ်။ မြန်မာနာမည် မမည့်ပဲ တခြားအကောင့်နဲ့ မြန်မာတွေ ရှိရင်တော့လည်း မပြောတတ်ပါဘူး။
ဟုတ်တယ် လုံလောက်တဲ့ SP မရှိမှာဘဲ တွေးတွေးပြီး စိတ်ပူတာ။
ကျေးဇူးပါ အစ်ကိုဟင် sharing လုပ်ပေးလို့။
ကြိုးစားပြီး အတတ်နိုင်ဆုံး စုထားပါ။
ကျေးဇူးပဲကိုဟင်ရေ ထပ်လေ့လာပါ့မယ်။
ဟုတ်ကဲ့ဆရာ.. ခုလို ရှင်းပြလိုက်တော့ အားလုံးသိသွားတာပေါ့။
အကိုဟင်…ပြောသောသတိပေးစကားများကား ကျနော်တို့မြန်မာလူမျိုးတွေအတွက်အလွန်တိုးတက်ကြီးပွားစေလိုကြောင်းမှာ ထူးပြောစရာမရှိအောင် ကျေးဇူးတင်လှပါသည်အကိုရေ…အဲ့ကြောင့်မို့…
နော်တို့မြန်မာ စီးမစ်တွေအပေါင်းတို့လည်း ဖြစ်နိုင်ရင် အမြန်ဆုံးအ
တက်နိုင်ဆုံး ရင်းနှီးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါရစေခမျ…
ရင်းနှီးမြုပ်နှံနိုင်သူ investors တွေ ဝင်လာနိုင်ရင်တော့ အကောင်းဆုံးပါ။ အခုထက်ထိ ပိုက်ဆံတတ်နိုင်သူ အများက cryptocurrency ကို မယုံကြည် နိုင်ကြသေးပါဘူး။
Thank for your post .I try to grow my Steem Power.
Nothing is better than SP...
ရင်းနှီးမြုပ်နှံမှုတော့ မလုပ်နိုင်သေးတဲ့အတွက် စာရေးပြီးပဲ sp စုနေပါတယ်။
အကောင်းဆုံးပါ။
Steem power မပိုင်ဆိုင် ပဲ နေမှပဲ ဆိုးမိပါတယ် တနေ့ steem ဈေးက တက်လာမယ်ဆိုတာ ယုံကြည်တယ်
အဲလို ယုံကြည် တဲ့သူတွေကိုပဲ တစိုက်မတ်မတ်နဲ့ တွဲခေါ်နေခဲ့တာပါ။
ကျွန်တော်တို့လို Postဘဲ ရေးသား တင်မယ့်သူတွေကတော့ တစ်နေ့ တစ်လံ ပုဂံ ဘယ်ေ ပြးမလဲပေါ့ အစ်ကိုရေ။အစ်ကို့ ကျေးဇူးကြောင့် ကျွန်တော်တို့ လုပ်နိုင်တာပါ။ကျေးဇူး bro
ဟုတ်ပါတယ်။ MSC ကဘယ်အချိန်ထိ အကူအညီ ပေးနိုင်မယ် မသေချာသေးပါဘူး။ လက်ရှိ ရ နေတဲ့ အချိန် မှာ ရသလောက်စုထားနိုင်ရင် အကောင်းဆုံးပါ။
wow . အားကျတာ mmm မှာသာ ပလုံမထားရင်
အဲ့ သိန်း၈၀၀ ဖိုးsteem ဝယ်လိုက်လို့ရတယ်
ရင်နာလိုက်တာ
MMM ကဘယ်လို လုပ်သွားတယ်ဆိုတာမသိပေမယ့် လူပြောများနေတော့ စိတ်ဝင်စားနေတာ... တော်တော်များများပါသွားပုံရတယ်။
အခုက တော့ ဘာ့ postလေးနေ့တိုင်းတင် voteပေး ဒါပပဲလုပ်နိုင်သေးတာပါ။ spများများရအောင်စုဖို့ ကြိုးစားနေပါတယ်။ ကျေးဇူးပါအကိုေ၇့.
အကောင်းဆုံးပါ။
အကို့ postဖတ်ရတာ အရမ်းအားရှိတယ်ဗျာ။
ကျေးဇူးတင်ပါတယ်။
investနဲ့ ပတ်သက်ပြီး သိချင်နေတာ အခုလို သေချာရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ အကိုဟင်
ဟုတ်ကဲ့.. ခုလို ရှင်းပြလိုက်တော့ အားလုံးသိသွားတာပေါ့။
အရမ်းကောင်းတဲ့ဆောင်းပါတစ်ခုပါအကိုရာ ဖက်လိုက်ရတာ တကယ်ကိုအားရှိပီးလန်းဆန်းသွားတာဘဲ အကို steem ပွဲလေးမှာ ဆုံမယ်နော်
တွေ့ကြမယ်လေ....
ဝမ်းသာပီပေါ့အကိုရယ် ပွဲလေးဖြစ်မြောက်ပါစေဆုတောင်းလျက်ပါခင်ဗျ
ကျေးဇူးတင်ပါတယ် ဒီဆောင်းပါးက အခုမှ စဝင်တဲ့လူသစ်အနေနဲ့ အားဆေးတစ်ခွက်ဖြစ်စေပါတယ်
ကျေးဇူး အများကြီးတင်ပါတယ်
sp 100 တောင်မပြည့်တတ်လို့ စိတ်ပျက်နေချိန် အကိုဟင်ရဲ့ post ကို ဖတ်လိုက်ရလို့ အားတက်သွားစေပါတယ်ဗျား
ကျေးဇူး အများကြီးတင်ပါတယ်
Very interesting when we discuss about money. And I totally agree with your opinion
Thanks you
ရသမျှ sp upဖို့ပဲ ခေါင်းထဲထည့်ထားပါတယ် အစ်ကိုဟင်
အကောင်းဆုံးပါ။
Steem ico မမှီလိုက်တာနာတယ်။
ဝယ်စုမယ်ဆိုတော့လည်းမဝယ်နိုင်ပြန်ဘူး။
Blogger လုပ်ပြီး စုနေရတယ်။
I like it its so nice
I like it and love it you @kachinhenry
Nice bro!
ဟုတ်ပါတယ်ဗျ
Steem ico ကိုမသိလိုက်မိတာ အလွန်နောင်တရမိတယ်ဗျာ
ဟုတ်ကဲ့
ဟုတ်ကဲ့ ဆရာ..။
It's such a nice feeling to read some useful posts, and yours was one of it. Thank you for sharing. This means a lot to me. Upvoted and reesteemed!!
I love steem, သမီးငယ်လေးကို ချစ်ခင်ကြင်နာသလို Steem power လေးတွေ ကိုလည်း မိမိရင်သွေးပမာ ပြုစု ယုယစွာဖြင့် အနာဂတ်အတွက် စုဆောင်းပါ့မယ်ရှင့် ။ ကျေးဇူးတင်ပါတယ်ဆရာ
I already invested. thanks for advice.
Thank for sharing; bro.I believe that future of steemit platform will be bright.
ရေရှည်အတွက် ရည်ရွယ်ပီး ကြိုးစားနေပါတယ် အကို။
ကျေးဇူးတင်ပါတယ်အစ်ကို
Resteemခဲ့ပြီ
ဈေးတက်မယ်ဆိုတော့ Spတွေအများကြီး လိုချင်မိလာပြီ
ဒါပေမယ့်တရွေ့ရွေ့နဲ့ လိပ်သွားလေး သွားနေရတယ် ဟီး😁😁😁
Goood brother ...
I just resteem your post!
ဗဟုသုတများထပ်မံတိုးပွားလာတဲ့အတွက်ကျေးဇူးပါဆာဟင်
ခုမှစသုံးတာပါ ... ဘာမှမလုပ်တတ်သေးဘူး .... ရင်းစရာလဲမရှိဘူး ဆိုရင် ဘယ်လိုကနေ အကြိုးအမြတ်ရနိုင်လဲအကို အကြံလေးပေးပါဦး ....