ကိုယ့်ဟိုဟာသာ ကိုယ်ထု သေလိုက်ချင်တော့တယ်
စာဖတ်သူတို့ရေ Dogecoin စျေးတက်ပုံကတော့ ကြမ်းချက်။ 5 လ အတွင်း 26,000 percent ကျော် တက်သွားတယ်။ Dogecoin စျေး 0.004 USD လောက် ရှိတုန်းက စာရေးသူ Dogecoin 30,000 ကျော် ကိုင်ထားတယ်။ USD 120 ဖိုးလောက်ပဲ ရှိမယ်။ ဖြစ်ချင်တော့ Flare Network က Litecoin ကိုင်ထားသူတွေကို Airdrop ချပေးမယ်လို့ ဖတ်လိုက်ရတယ်။
ဒီတော့ Flare Network Airdrop ကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ Litecoin စျေးတော့ တက်မှာပဲဆိုပြီး ကိုယ်မှာရှိတဲ့ Dogecoin တွေကို Litecoin ပြောင်းလိုက်တယ်။ ဖြစ်ချင်တော့ အခု Flare ကလည်း policy ပြောင်းပြီး Airdrop မပေးတော့ဘူးတဲ့။ Litecoin စျေးကလည်း 5 လ အတွင်း 2 ဆ ကျော်ကျော်ပဲ တက်တယ်။ ဒီအချိန်မှာ Dogecoin က အဆပေါင်း 450 ကျော် တက်သွားတယ်ဗျာ။
မလွန်လွန်းဘူးလား။ လွန်ခဲ့တဲ့ 5 လ လောက်တုန်းက ကိုင်ထားတဲ့ Dogecoin 30,000 ကျော်ကိုသာ ဒီအတိုင်း ဆက်ကိုင်ထားရင် 30,000 × Doge ပေါက်စျေး 0.66 USD = 19800 USD မြန်မာငွေနဲ့ဆို 1550 နဲ့မြှောက် သိန်း 300 ကျော် ရှိမယ်။ မြန်မာငွေ တစ်သိန်းခွဲကျော်ကျော်ရင်းပြီး 5 လအတွင်း သိန်း 300 မြတ်တဲ့အလုပ် ဘယ်မှာ ရှိမလဲ။ သဂေါင့်သား Dogecoin က ဘာလို့ 5 လအတွင်း အဆ 450 ကျော် တက်သွားလဲတော့မသိ။ ကိုယ်ကတော့ ရောင်းလိုက်မိတဲ့ Dogecoin 30,000 ကျော် အခု ပြန်လည်း မဝယ်နိုင်တော့။
အွန်လိုင်းပေါ်မှာ Dogecoin က 1 Doge ကို 5 USD အထိ တက်မယ်လို့ ပြောသူက ပြောနေသည်။ အဲဒါ လည်း မယုံချင်သေးဘူး။ ဘယ်ယုံမလည်း Dogecoin က unlimited supply အကန့်အသတ်မရှိ ထွက်နေတာ။ စဥ်းစားကြည့်လေ Litecoin 84 သန်း အထိပဲရှိနိုင်တယ်။ ဒီလို မယုံရင်း မယုံရင်းနဲ့ပဲ သိန်း 300 ကျော် ဆုံးရှုံးသွားတယ်။ ခုထိလည်း မယုံပါဘူး။ အရင်က 1 USD ပေးဝယ်ရင် 450 Doge လောက် ရခဲ့တာ။ အခု 1 USD ပေးဝယ်ရင် 1 Doge ခွဲပဲ ရတော့မယ်။ မတန်ဘူး။ မဝယ်ပါဘူး။ မင်းဘာသာ စျေးတက်ချင်သလောက် တက်စမ်း။
ကျွန်တော့်တွင် ထို Doge 30,000 ကျော် ယခုအချိန်ထိ ရှိနေပါကလည်း မြန်မာငွေ ဘယ်လို ထုတ်ရမယ် မသိပေ။ မြန်မာနိုင်ငံတွင် crypto exchange များ ပေါ်လာသည်အထိ စောင့်လျှင် Doge စျေးက 0.004 အထိ ပြန်ကျသွားမလား မပြောတတ်ပေ။
ထူးစမ်းပါပေ့ crypto လောကကြီးရယ်။
ကိုယ့်ဟိုဟာသာ ကိုယ်ထု သေလိုက်ချင်တယ်။