အနာဂါတ်ကြယ်ပွင့်လေးများပုံဖော်ပေးသူ

in #myanmar7 years ago (edited)

image

Steemit members အားလုံး မင်္ဂလာပါရှင်။
ဖေဖေါ်ဝါရီ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့ နဲ့ ကလေးများနေ့ တစ်နေ့တည်းကျသလို ဒီနှစ်တော့ ကလေးများကို ပျော်ရွှင်စေချင်လို့ ဆိုပြီး ကျောင်းပိတ်ပေးတယ် ဆိုတာ အိမ်က အန်တီတွေ ပြောလို့သိခဲ့ရတယ်။ အရင်နှစ်တွေတော့ ပိတ်တာ မကြားဖူးသလိုပဲ။ အခုရာသီကလည်း ကလေးများ စာမေးပွဲ ဖြေဆိုနေတဲ့ အချိန်ကာလ လေးလည်းဖြစ်ပါတယ်။ ကလေးတွေ ဆိုတာ တစ်ချိန်မှာ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်သလို လောကကြီးကို အရောင်ဆိုးမယ့်သူများလည်း ဖြစ်လာနိုင်ကြသူတွေ မဟုတ်လား။ ကလေးတွေကို ကြယ်ပွင့်လေးများ ဖြစ်အောင် အဓိက ပေါ်ဖော် ပေးနိုင်သူ တွေကလည်း မိဘနှင့်ဆရာ တွေပါပဲ။

image

မိဘတွေတွက် သားသမီးတွေ ဆိုတာ ရတနာတွေပါပဲ။ ရတနာတွေမို့ မိဘတွေက ငုံထားမတက် ချစ်ကြပါတယ်။ ချစ်တာ အပြစ်မဟုတ်ပင်မယ့် အချစ်မမှားဖို့တော့ လိုပါလိမ့်မယ်။ တစ်ခါတလေမှာ မိဘတွေရဲ့ အချစ်က အချစ်မဖြစ်ပဲ ကိုယ့်ကလေးတွေ နှစ်မှန်းမသိ နှစ်သလို ဖြစ်သွားတက်ကြတာတွေ အများကြီးမို့ပါ။ မိဘကတော့ ချစ်တာပါပဲ အရမ်းအချစ်လွန်းတဲ့အခါ ကလေးကို လမ်းမှားရောက်အောင် တွန်းပို့လိုက်သလို ဖြစ်နေမှန်း အချိန်လွန်မှ သိရတဲ့အခါ ဝမ်းအနည်းဆုံး ဖြစ်ရသူတွေကလည်း မိဘတွေပါပဲ။ ကလေးဆိုတာ ငယ်ရွယ်စဉ်မှာပဲ အကောင်းဆုံး ပုံသွင်း ပုံဖော်နိုင်တာပါ။ ကြီးသွားပြီးဆို ပုံသွင်းဖို့ မဖြစ်နိုင်တော့ပါ။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးလေး အနာဂါတ်မှာ အထွန်းတောက်ဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်ဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်သူတွေမို့ မိမိတို့ အချစ်ကြောင့် အမှောင်မဖုံးဖို့ လိုပါလိမ့်မယ်။

image

ကလေးတွေ ဆိုတာ အရမ်းကို အပစ်ကင်းစင် လွန်းတာမို့ မိဘရဲ့ ပုံသွင်း ပုံဖော်တဲ့တိုင်းကို နေထိုင်တက်ကြတယ်။ ကလေးအရွယ် ဆိုတာ အကောင်းအဆိုး အမှားအမှန်ကို မသိသေးတာမို့ မိဘရဲ့ ပုံသွင်းမှုတိုင်း ပြုမူတက်ကြတာမို့ မိဘတွေက သိပ်ကို အရေးကြီးပါတယ်။ တစ်ချို့မိဘတွေ ကိုယ့်သားသမီးတွေ ငုံထားမတက် ချစ်တော့ ကလေးချင်း ကစားကြလို့ ရန်ဖြစ်ရင်တောင် အမှားနဲ့အမှန်ကို မခွဲခြားတော့ဘူး။ အရင်ဆုံး တစ်ခြားကလေးကို အရင်အော်ငေါက် လုပ်တော့ မိဘခြင်း စကားများကြ ဘယ်သူက မှားတယ် မှန်တယ် မသိ ကိုယ့်ကလေးကသာ အမှန်လို့ထင် ရန်ဖြစ် ပြဿနာ ဖြစ်ကြတဲ့ခါ အမှားအမှန် မခွဲခြားတက်သေးတဲ့ ကလေးကို အမှားအမှန် ခွဲခြားတက်တဲ့ မိဘက မခွဲခြားပြတဲ့ခါ ကလေးမှာ မိဘက သူမှန်လို့ သူဘက်က ရှိတယ်လို့ပဲ မှတ်ယူလိုက်တဲ့အခါ လမ်းမှားကို စဖို့ ခြေလှမ်းတွေ ဖြစ်လာတက်တာပေါ့။ ဒါကြောင့် အရာအရာမှာ သားသမီးကို ချစ်တာ အပြစ်မဟုတ်ပင်မယ့် အချစ်တွေလွန်တဲ့အခါ ကြယ်ပွင့်ကို အမှောင်ဖုံးအောင် လုပ်မိသူတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ကလေးဆိုတာ အမှားအမှန် သူမသိဘူး။ မိဘက ဒီလမ်းလျှောက် ဒီဟာလုပ်ဆို သူလုပ်မှာပဲ။ ဒီတွက် မိဘတွေက လမ်းမှန်ကို တွန်းပို့ပေးဖို့ သိပ်ကို လိုအပ်ပါတယ်။ ဒါမှလည်း တစ်ချိန်ချိန်မှာ ကိုယ့်ကလေးဟာ အနာဂါတ်ရဲ့ ကြယ်ပွင့် ဖြစ်လာနိုင်မှာပါ။

image

နောက်တစ်ခုက အပစ်ကင်းစင်လွန်းတဲ့ ကလေး ဘာမှမသိသေးတဲ့ အရွယ်မှာ မိဘတွေက စီးပွားရေးတွက် လုံးပန်းနေရတော့ ကလေးကို မကြည့်အားပဲ တစ်ခြားသူတွေထံ အပ်နှံပြီး ရေခြား မြေခြားမှာ သွားလုပ်ကြတဲ့ခါ မိဘရင်ခွင်မှာသာ နေသင့်သေးတဲ့ ကလေးအရွယ် သူတို့လေးတွေမှာ စိတ်ဒဏ်ရာတွေ ဖြစ်သွားတက်ကြတာတွေလည်း ရှိတယ်။ ဘာလိုဆို မိုတို့အိမ်ရှေ့အိမ်က ကလေးလေး သူမိဘတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု အလုပ်ဆိုတာလည်း မယ်မယ်ရရမရှိတော့ သူများနိုင်ငံမှာ သွားလုပ်စား ကလေးကိုတော့ အဖွါးဖြစ်သူနဲ့ ထားခဲ့ရှာတာ။ ကလေးမှာ ငယ်သေးတော့ မိဘကို တွယ်တာရှာတဲ့ အရွယ်ဆိုတော့ ကလေးမှာ ငိုငိုပြီး တက် ဆေးရုံ ခဏခဏ ရောက်ရရှာတာ။ နည်းနည်းကြာလာတော့ မတက်တော့ပင်မယ့်လည်း အဖွါးဆိုတာ သူ့မျက်စိအောက်က ပျောက်လို့ကိုမရ သူမိဘတွေလို သူ့ကို ထားခဲ့မှာကို အရမ်းစိုးရိမ်ရှာတာ။ ဘယ်တစ်စိမ်းမှလည်း ချစ်လို့ ခေါ်လို့မရ သူ့အဖွါး ပျောက်သွားမှာကို အရမ်းစိုးရိမ်နေရှာတာလေ။ အဲဒီကလေးမှာ စိတ်ခံစားမှု စိတ်ဒဏ်ရာလိုမျိုးကို သူရရှိနေရှာတာ။ ကလေးလေး အခုမှ လူလောကထဲ စဝင်ကာစ သူရှေ့ဆက်ရမယ့် အနာဂါတ်က အများကြီး ကျန်သေးတာ အခုထဲက စိတ်ဒဏ်ရာက သူ့ဘဝမှာ စိုးမိုးခံနေရရှာတာ ဘယ်လောက်သနားစရာ ကောင်းလိုက်တဲ့ ကလေးလဲ။ မိဘတွေကတော့ သူ့တို့တွက်ပဲ ငွေသွားရှာတာလို့ ပြောမှာပေါ့။ မှန်ပါတယ် မိဘတွေဘက်ကလဲ။ ဒါပေမဲ့ ကိုယ့်ကလေးရဲ့ စိတ်အခြေအနေလေးကို လေ့လာသုံးသပ်ပြီး ထားခဲ့လို့ နားလည်နိုင်မယ့် အရွယ်မျိုးဆို ပိုမကောင်းပေဘူးလား။ ဒါကြောင့် သားသမီး ကလေးလေးတွေ အကောင်းဆုံး ပုံဖော်ပေးနိုင်တာလည်း မိဘ ဖြစ်သလို ကလေးတွေရဲ့ စိတ်ကျန်းမာ ပျော်ရွှင်မှု ပေးနိုင်ဆုံးဟာလည်း မိဘရင်ခွင်ပါပဲ။

image

ကလေးဆိုတာ အပစ်ကင်းဆုံးအရွယ်နဲ့ အဖြူစင်ဆုံး အချိန်ပါပဲ။ ထိုချိန်မှာ ပဲ့ကိုင်သူ မိဘတို့ကလည်း အကောင်းဆုံး ပေါ်ဖော်ပြီး အနာဂါတ်မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် ဖြစ်အောင် ဖန်တီးပေးနိုင်သူတွေပါ။ လောကမှာ မိဘတိုင်းက ကိုယ့်ကလေး ကိုယ့်သားသမီးကို ချစ်ကြတာချည်းပါပဲ။ တစ်ချို့က ချစ်လွန်းတော့ နှစ်သလို ဖြစ်သွားတက်တာတွေ ရှိသလို တစ်ချို့ကလည်း ချစ်တာတွေ ထုတ်မပြနိုင် လောကအရေးမှာပဲ ပူပန်နေရတဲ့အခါ သားသမီးနှင့်စိမ်းသလိုတွေ ဖြစ်လာတော့ ပျော်တဲ့အရပ်မှာ သာယာမိတဲ့အခါ အကောင်းအဆိုး မခွဲခြားနိုင် လမ်းမှားသွား နိုင်ကြတာလေးတွေကို ကလေးလေးတွေ နေရာကနေ ခံစားရေးသားခြင်းပါ။ မိဘဆိုတာ ကလေးလေးတွက် စံနာမူယူထိုက်သူတွေ ရိုသေ ချစ်ကြောက်ရမယ့်သူတွေမို့ မိဘတွေရဲ့ အချစ်အပေါ် ကလေးလေးများ အထင်မမှားမိစေဖို့ သိပ်ကိုအရေးကြီးတာလေးကို ချစ်လွန်းလို့လည်း လမ်းမှားမဖြစ်စေဖို့ အချစ်ကို သွယ်ဝှက်ထားလို့လည်း စိတ်ဒဏ်ရာတွေ မပေးမိကြစေဖို့ မြင်တွေ့နေကြရတဲ့ မိဘနှင့်သားသမီး ကလေးတွေကြား အဖြစ်ပျက်လေးတွေ ရေးသားထားခြင်းပါ။ မိုမြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်လေးတွေ မိုစိတ်ကူးအတွေးနဲ့ ချရေးထားတာမို့ အမှန်ရှိသလို အမှားလည်း ရှိနိုင်ပါတယ်။ စေတနာရင်းခံ၍ ရေးသားခြင်း အမှန်ပါ။ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by google

Sort:  

ရန်ကုန်မှာမပိတ်ဖူး ပဲခူးမှာတော့ပိတ်တယ် အမ

ဟုတ်လား၊အားလုံးပိတ်တယ်ထင်တာ၊မဟုတ်ဖူးပေါ့လေ

ငယ်ငယ်က ပညာရေးအတွက် သူများအိမ်မှာ နေရခဲ့ရတော့ စိတ်ဒဏ်ရာရခဲ့ဖူးပါတယ်ဗျ။

ပတ်ဝန်းကျင်မှာမြင်တွေ့နေရတာမို့ကိုယ်ချင်းစာမိပါတယ်

ကလေးတွေကိုဂရုစိုက်သင့်တယ် မှန်ပါတယ်ညီမ

ကျေးဇူးပါ

မိဘတွေကိုယ်တိုင် သားသမီးကို
နည်းစနစ်တကျ ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ
သိနားလည် ထားဖို့ လိုမယ်ထင်ပါတယ်
(အော်---- ရေးထားတာအရမ်းကောင်းပါတယ် မမ
အကြောင်းအရာ အချက်တွေစုံလို့ပဲ
ခါတော်မီဖြစ်အောင် မနေ့က ဘာလို့မတင်တာလဲ မမ)

ဖတ်ပေးတဲ့တွက်ကျေးဇူးပါ

မိဘနဲ့ ခွဲခွာပြီး နေရတဲ့ ကလေးတွေ သနားပါတယ်။

အမှန်ပဲ၊ကိုယ့်မျက်စိရှေ့မှာမြင်တွေ့နေရတော့ပိုစိုးတယ်

အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရချင်သေးတယ် ဒါပေမဲ့ စာတွေကျက်ရမယ် စာမေးပွဲတွေဖြေရမယ်ဆို မသွားဘူး

အဲဒါတော့အမှန်ပဲ။ကျေးဇူးပါ

ကလေးလေးတွေ နုနယ်စဉ်အရွယ်လေးမှာကြီးပြင်းလာရတဲ့ ပုံစံက အနာဂတ်ဘ၀မှာ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ် မမိုရေ

ဟုတ်တယ်zinရေ
အားပေးတာကျေးဇူးပါ

က​လေးဆိုတာအင်​မတန်​ဖြူစင်​ပါတယ်​။အမှန်​ပါပဲမိဘ​တွေရဲ့​ဂရုစိုက်​မှူ​ပေါ်အမျာကြီးအ​ရေးပါပါတယ်​ရှင်​။

ဟုတ်တယ်အိရေ

ယ​နေ့လူငယ်​ ​နောင်​ဝယ်​လူ ကြီး ဆိုသလို​ပေါ့​နော်

လူကြီးကတော့လူတိုင်းဖြစ်ပါတယ်
လူကောင်းဖြစ်ဖို့သာအရေးကြီးတာ

ကိုယ်ချင်းစာမိပါတယ်

ကျေးဇူးပါ

အမှန်ပါပဲဗျာ...plz v and c me back @mgtoetat

Thanks,v&m done

Nice post and good job !

ကိုယ်ချင်းစာမိပါတယ် sis

ဟုတ်ကဲ့ပါ

ကလေးတွေရဲ့အနာဂတ်ကမိဘတွေနဲ့အမျာကြီးဆိုင်ပါတယ်👪good👍

Right,thanks

ကလေးဆိုတာဖယောင်းလိုပဲ မိဘပုံသွားသလိုသွားတယ် ၊ကြီးရင်တော့မရတော့ဘူး

အမှန်ပဲ

မှန်ပါတယ်ဗျာ ဖြူစင်တဲ့ ကလေးငယ်များကို အရောင်မဆိုးမိစေရန် သတိထားသင့်ပါတယ်။ သူတို့တွေဟာ အနာဂတ်ရဲ့ အသီးအပွင့်လေးတွေပါ။

ဟုတ်ကဲ့၊ကျေးဇူးပါ

မှန်ပါတယ် အမရေ ကလေးတွေအတွက် မိဘတွေက ပိုပြီးစဉ်းစားပေးသင့်ပါတယ် ဘာကြောင့်ဆို ပတ်ဝန်းကျင်မီာ အဲလိုစဉ်းစားပေးတာက နည်းကြတဟ်လေ

ကျေးဇူးပါ

လူကောင်းလူတော်ဖြစ့်အရေကြိးတယ်။

Yes,Right

ကလေးလေးရလာရင် သေချာပြုစု ပျိုးထောင်ရမယ် ခ်ခ် အရင် မွေးပေးမည်းသူရှာရဦးမှာပါလေ အဆင့်နည်းနည်းကျော်မိသွားတယ်

ဟုတ်တယ်အရင်ရှာလိုက်ပါအုန်း
လက်ဖွဲ့လေးဘာလေးအရင်ပေးပါရစေအုန်း

လက်ဦးဆရာတွေဖြစ်တဲ့ မိဘရဲ့သွန်သင်ဆုံးမမှုကလည်းအရေးကြီးပါတယ်...

ဟုတ်တာပေါ့ရှင်

This post has received a 7.69% upvote from @aksdwi thanks to: @ayemomo.