အနည်မထိုင်သေးတဲ့ အလွမ်း

in #love6 years ago

အနည်မထိုင်သေးတဲ့ အလွမ်း

သတိရမိလိုက်တဲ့  အချိန်တိုင်း
နင်နဲ့ တူရှိချင်မိတဲ့ စိတ်လေးနဲ့ 
ငါ နင့် ကို လွမ်းတယ်………။

အတူတူပျော်ခဲ့ဖူးတဲ့ အခိုက်အတန့် လေးတွေရယ်
အတူတူသွားခဲ့ဖူးတဲ့ နေရာလေးတွေက
ငါ့ အတွက်တော့
ပြန်တွေးတိုင်း တစိမ့်စိမ့်ကြည်နူးလွမ်းဆွတ်ရတဲ့
အရာလေးတွေပါ ချစ်သူ………။

တခါတလေ
နင်ဘာတွေများ လုပ်နေသလဲ သိချင်တယ်
တခါတလေ
နင်နေကောင်းရဲ့ လား တွေးပူနေမိတယ်
အလွမ်းတွေ အနည်မထိုင်သေးခင် အထိတော့
တနေ့ တနေ့ 
ငါဒီလို ပဲ ခံစားနေရအုံးမယ် ထင်ပါတယ်ဟာ………။

📝ရေးသားသူ ဖြိုးဝေအောင်📝


MSC-115
imageAuthor @phyowaiaung

received_1178917088909060.gif

Sort:  

အလွမ်းသမားများအလွမ်းဘဝမှလွတ်ကြပါစေ

အလွမ်းလေးတွေ ရှိတာ ကဗျာ လေးတွေ ထွက်လာတာပေါ့ဗျာ

Esteem apk ကနေတင်ရင် သူက 25% ဖြတ်တေဆို ဘာလို့တင်နာတုံး😒

bot မသုံးတော့ဘူလေ @good-karma လာတော့ $1 လောက်ရတာ 10% ပေးရလဲ တန်ပါတယ် bot သုံးရင်သာမကိုက်တာ

👍👍👍👏👏👏

အလွမ်းများ​ဝေး​စေသတည်းကိုယ်​ဆု​တောင်းရင်း....။😜😜

အလွမ်းတွေ က steemit မှ post တခုဖြစ်တာပေါ့

ဝဋ်ကလည်းကြီးသကိုးဟ

ဟုတ်ပ ဝဋ် တမျိုးပဲ

အနည်မထိုင်ဆို အငြိမ်မှ မနေပဲ

ငြိမ်လဲ အနည်ထနေတာပါပဲ အယ်တော့ ကနေတာပဲကောင်းတယ်