ချစ်သောထိုနှင်းဆီ

Part (2)

သမီးကြီးတွေ သမီးငယ်တွေပြောလာတော့ ဦးစိုးမိုးသူက အံ့သြနေသည်။သူသိထားတာက ဦးဘသောင်းမှာသားသမီးမထွန်းကားသည်ဟု...

ဒေါ်မြကတော့ ထမင်းပွဲသိမ်းနေတုန်း ဝင်လာသောနုနုယဉ်ယဉ်ပုံစံနှင့်မိန်းခလေးကိုလှမ်းကြည့်၍ရှင်းပြလိုက်သည်

``အဲ့ဒါသမီးကြီးလေ စံပါယ်ဖြူတဲ့ ဒီနှစ်ပဲအဝေးသင်နဲ့ဘွဲ့ ရတာ ဟောဒီရွာမာ လက်ချိုးရေလို့ရတယ် ကြွားတယ်လိုတော့မထင်နဲ့ လူလေးရေ အဘွားတို့မှာဒါလေးပဲဂုဏ်ယူနေရတာ.."

နှစ်ယောက်စလုံးဘွဲ့ ရစေချင်ပေမဲ့..."နင်ကလဲ ကလေးအကြောင်းကို ထည့်ပြောအုံးမယ်၊ဒါပဲမပါမပြီး..."

ဦးဘသောင်းက ကွမ်းအစ်ကြီးကိုရှေ့ မှာချ၍ ကွမ်းညှပ်ကင်းမကြည်လင်သည့်မျက်နှာနှင့်....

သူကတော်တာပဲဥစ္စာ၊လူကြီးတွေကဆက်မတက်ခိုင်းလို့မတက်ခဲ့ရတာ" ဘယ်သူ့ကိုပြောနေမှန်းမသိတော့ လင်မယားနှစ်ယောက်မျက်နှာကိုတလှည့်စီကြည့်ရင်း အမည်ဖော်မှာကိုစောင့်နေမိသည်။ ဦးဘသောင်းက ဦးစိုးမိုးသူ ကြည့်နေသည်ကိုပြန်ကြည့်ကာအငယ်မလေးကအရမ်းခလေးဆန်တာကွ..မူလတန်းကနေအလယ်တန်းကျောင်း၊အလယ်တန်းကနေအထက်တန်းကျောင်းထားတဲ့အထိစာလည်းအရမ်းတော်တာ ဘယ်ရောက်နေနေစာတော်လို့ဆရာတိုင်းကချစ်တယ်"

ဘွဲ့ မရတာသူလား.."အင်း ဆက်တက်ရရင်တော့ ခုဆိုနောက်ဆုံးနှစ်ပေါ့၊ဆယ်တန်းကို လေးဘာသာဂုဏ်ထူးနဲ့ အောင်ထားတာ..."

ဟင်!.." ဒီလိုရွာလေးမှာဂုဏ်ထူးရှင်ရှိသည်ဆိုတော့ဦးစိုးမိုးသူ အြံဥွားသည်။ပြီးတော့ လေးဘာသာဂုဏ်ထူး....။အဲ့ဒါဆက်မဖြေတော့ပူးပေါ့..."

ပထမနှစ်ဖြေပြီးပြီး၊နောက်မှဆက်မတက်တော့တာ"ဘာဖြစ်လို့လဲ..."

ဝ.. တောင်ပိုင်းက ဦးလေးဖြူတို့လာခေါ်နေတယ်" ပြောနေတုန်းစကားကပြတ်သွားသည်။ဘွားမြသမီးဘာလုပ်ပေးရမလဲဟင်"

ကဲပါအေ ၏်းပန်းကန်ဆေးမလို့ ဟန်ပြင်နေတာကျုပ်သိပါတယ်၊မလိုပါပူး အပြင်မှာအေးဆေးနေစမ်းပါ၊အငယ်မက ပါမလာပူးလား" စံပါယ်ဖြေမလို့ ပြင်လိုက်စဉ် ဖျတ်ခနဲမော့လာသည့်မျက်နှာတခုကြောင့် နှုတ်ခမ်းတွေဟရင်း ပြောဖို့မေ့နေ၏ ဦးစိုးမိုးသူသတိထားမိကာ သူမကြည့်သည့်မျက်လုံးတွေနောက်ကိုလိုက်ကြည့်တော့ ထမင်းဝိုင်းမှာ ရှုံ့  ရှုံ့ မဲ့မဲ့နှင့်လက်စသတ်၍ သူ့ကျောနောက်မှာ စာအုပ်တအုပ် ဟိုလှန်ဒီလှန်လုပ်ရင်း တိတ်တိတ်ဆိတ်ဆိတ်ရှိနေသည့်ချစ်သော.... သူမစက္ကန့်များစွာ စူးစိုက်သွားခဲ့စဉ် ချစ်သောကမျက်နှာလွှဲသွားပြီဖြစ်သည်။ပြီးတော့နှုတ်ခမ်းတွေမှာ ခပ်တွန့်တွန့်ပြုံးစိစိနှင့်....။ စံပါယ်ဖြူဆိုတာ ဆံပင်တွေအရှည်ကြီးနှင့်အရပ်အနေတော် အသားညိုညို ယဉ်စစလေးပါပဲ ဒါပေမဲ့..... သူမကိုမြင်လိုက်တာနှင့် ခုနကပန်းကန်ထဲမှာဘာကြီးမှန်းမသိလို့ ဟိုလှန်ဒီလှန် တွန်းရွေ့ ခဲ့မိသော တို့ဟူးဆိုသည့် လေးထောင့်စပ်စပ် ဟင်းတံးကိုသတိရ၏ ပါးပြင်မို့မို့ညိုညိုမှာ ပါးကွက်ကြီးတွေတင်ထားတာ တို့ဟူးတုန်းကြီးတွေအတိုင်း...။ချစ်သောမချိုမချဉ်ဖြစ်သွားတာရော မိန်းခလေးရှက်သွားတာရော ဦးစိုးမိုသူဖျတ်ခနဲဝေ့ကြည့်ပြီး မမြင်သလိုနေလိုက်သည်။ပြီးမှ...အငယ်မလေးက ပညာတော်တာပဲ၊ဘာဖြစ်လို့ဆက်မဖြေတာလဲ မြင်တောင်မြင်ဖူးချင်လာပြီ"

ဒေါ်မြကတော့ ရေနွေးကရားလေးပါသည့်ဗန်းနှင့်လက်ဖက်သုပ် သူတို့ရှေ့ ချပေးရင်း....

မြင်ဖူးရင်တော့ မျောက်မူးလဲလေးပါလားလို့ တန်းသိသွားမှာပဲ" ပြောရင်းရယ်သေးသည်။ပြီးတော့...အကြီးမနဲ့ကတော့လုံးဝဆီနဲ့ရေပဲဟေ့ ပြောစရာရှိလဲ ဘယ်မျက်နှာမှမကြည့်ပူး၊ဘာလုပ်လုပ် အကြောက်အလန့်ကလဲနည်းကာ့ ကိုယ့်ရပ်ရွာမို့လို့ပေါ့ မဟုတ်ရင်မလွယ်ပူး၊အဲ့ဒါကြောင့်ခက်နေတာပေါ့ကွယ်၊ပြောလဲမပြောချင်ပူး"

ဆိုပြီး တကယ်မပြောတော့ဘဲနေသဖြင့် ထပ်မေးရကောင်းနိုးကောင်းနိုးနှငိ့ ဦးစိုးမိုးသူနှုတ်ဆိတ်နေရပြန်သည်။ဒါပေမဲ့သတိရလိုက်ကာ

ဒေါ်မြတို့က ကလေးမမွေးခံဘူးထင်တာ"အော် ငါ့တူကလဲကျုပ်ကသားသမီးမထွန်းကားပါပူး ကျုပ်တူမခလေးတွေပါ ငယ်ငယ်ကတည်းကသူ့ မမေကတီဘီနဲ့ဆုံးတာလေ အဲ့ဒါနဲ့ခေါ်မွေးစားထားတာ"

ခလေးတေကလဲရိုးသားကြိုးစားတယ်"ဟုတ်တယ်ဟုတ်တယ် အဲ့ဒါတော့သွေးထွက်အောင်မှန်တယ် အကြီးဆိုရင်သူ့ကိုယ်သူ အငယ်မလောက်ဥာဏ်မကောင်းဘူးဆိုပြီး စာတွေအရမ်းကျက်တာ အငယ်မကြတော့လဲ စာအုပ်ခါးကြားထိုးရန်ဖြစ်ရင်းမေးလိုက်ရင် ရသွားပြီ၊ကျက်ပြီးပြီဆိုတာချည်းပဲ"

ရန်ဖစ်တယ် ဟုတ်လား"ဖြစ်ပြီငေါ လူလေးရေ..ဘာပြောပြောအမြီးအမောက်လွတ်တယ်မှမရှိတာ၊တော်ရုံလူကဘယ်ခံနိုင်မလဲ"

ဘာလဲအဘွား..သူကယောက်ျားလေးလိုနေတာလား.."အဲ့ဒိလိုပဲပြောရမလား၊ရည်းစားသနာထာယမှာလည်းညီအမနှစ်ယောက်စလုံး ပူစရာမလိုပူး..... "

ဒီစကားကြားတော့ စိတ်မပါဘဲစာအုပ်လှန်နေသည့်ချစ်သော ပခုံးတွန့်ရင်း ရေရွတ်မိ၏။ကြိုက်တဲ့ကောင်တော့သွားပြီ.....။

ဟဲ့...ခလေး၊မြေးရယ်တိတ်လှချည်လား၊ဒီဘက်လှည့်ပါဦး"ဗျာ!.."

တိတ်တိတ်လေး အသံမထွက်အောင်တယောက်တည်းအတင်းတုတ်နေပါတယ်ဆိမြှ တိုက်တိုက်ဆိုင်ဆိုင်ခေါ်လိုက်တော့ ပျာပျာသလဲကြီးထူးမိသည်

ဒီဘက်လှည့်ပါ၊လက်ဖက်သုပ်လေး စားပါဦး"အဟွန်း...မကြိုက်လို့ပါ"

``ကြိုက်သွားမှာပါကွယ်၊အကြီးမက လက်ဖက်သုပ်ဆိုရင်လက်ရာသိပ်ကောင်းတာကွဲ့ ၊ကြည့်ကြည့်တောသုပ်မဟုတ်ပူး၊စပ်စပ်ချဉ်ချဉ်လေးရယ်.."

ရယ်နေရင်း ချစ်သောမျက်နှာမချိုမချဉ်ဖြစ်၏၊မျက်လုံးထဲမှာ ပါးကွက်ကြီးနှစ်ဖက်နဲ့ တို့ဟူးတုံးကြီးတွေပဲ ကွင်းကွင်းကွက်ကွက်ပေါ်လာတာဘယ်လိုဖျောက်မလဲ....။

ြေ ပာတော့ တောသုပ်မဟုတ်ပူးတဲ့။ကြည့်လိုက်တော့ြို့မှာအမည်တပ်ကြသည့် လက်ဖက်အဘိုးကြီးသုပ်...........။

#အမှားပါရင်ခွင့်လွှတ်ပါ 😙😙

Original Writer @babylay