အစိမ်း​သေမနှင့်​ပီယ​ဆေး

in #esteem7 years ago

ရေးတာနည်းနည်းကြာသွားတယ်
image
Credit:photo
{အစိမ်းမနှင့်​ပီယ​ဆေး}

"ည​နေကမှ​တောင်​ကျ​ချောင်း​လေးမှာမြို့က​ဈေးဝယ်​ပြီးပြန်​လာကြတဲ့ထားခင်​တို့တစ်​သိုက်​ရွာကိုအပြန်​....
"ဖိုးတဖွားဖွားရွာ​နေတုန်း​ချောင်းကအဖြ​တ်​မှာမိုးကြိုးပစ်​လိုက်​တာ........
"ထားခင်​"...​အေးမူ...."ချိုချိုသန်းတို့အ​နောက်​က...တဖြည်းဖြည်းချင်းလာ​နေတဲ့..."ဝင်းသန်း"..ကိုမိုးကြိုးပြစ်​ချလိုက်​တာ.......
"တုန်းခနဲ...ပြစ်​လဲကျသွားပြီး
တစ်​ကိုယ်​လုံးမဲတူးချိတ်​ပြီး​သေဆုံးသွားတာမို့......
"ရွာရဲ့ထုံးစံအရ...အစိမ်း​သေကိုရွာထဲအယူမခံပဲ...
နေ့မကူးခင်​ည​နေဘက်​....
သင်္ချိုင်း မှာ​မြေမြုပ်​လိုက်​ကြတယ်​"
"ဒီသတင်းကို....ရွာနားနီး....
ဟိုး​လေးတစ်​​ကျော်​​ကျော်​နဲ့သိရှိသွားကြပြီး......
စိတ်​မ​ကောင်းရုံသက်​သက်​သာဖြစ်​​နေကြသလို.....
"ရွာဦး​ကျောင်းက"ကိုရင်​"
တစ်​သိုက်​က​တော့
အစိမ်း​သေမ၏သနပ်​ခါးနှင့်​​ဆေး​ဖော်​ရန်​ပင်​....
ထို​ဆေးကိုအစာထဲတွင်​ခပ်​ကာ​ကျွေးလျှင်​​ဆေးမိသူသည်
အင်​မတန်​မချစ်​တတ်​ပြီး နှစ်​​ပေါင်းရာ​ကျော်​ထိ​ဆေးမပျယ်​တတ်​​ပေ
"အများနဲ့မတူတမူထူးခြားစိတ်​ဝင်​စား​နေကြတယ်​"
"ကိုရင်"ပဏ္တိက.."ဟိုဒကာမသတင်းကြားပြီးပြီလား...
ဒီချိန်​က​ဆေး​ဖော်​လို့အ​ကောင်းဆုံးပဲ
"ကြားပြီးပြီးကိုရင်​...စန္တိမာ...
ဘုန်းကြီး နားသွားပြီးအပူကပ်​ကြရင်​​ကောင်းမယ်​နဲ့တူတယ်​"
"ဒါဆိုလည်းဘုန်းကြီးဆီသွား​လျှောက်​တင်​ကြရ​အောင်​"
"ဘုန်းဘုန်းဘုရား"
"​ဟေ....ကိုရင်​တို့မအိပ်​ကြ​သေးဘူးလားကွယ့်​..."
"တပည့်​​တော်​တို့..ဘုန်းဘုန်းဘုရား ကို​လျှောက်​တင်​စရာရှိလို့ပါဘုရား"
"ဟိုဒကာမ​လေး"ဝင်းသန်း"
ဒီ​နေ့ညအသုဘချ​မြေမြုပ်​မယ်​တဲ့ဘုရား......
"အဲ့ဒါတပည့်​​တော်​တို့လာ​လျှောက်​တာပါဘုရား.....
"တစ်​ပတ်​မပြည့်​ခင်​တပည့်​​တော်​တို့ပီယ​ဆေး​ဖော်​ချင်​ပါတယ်​ဘုရား....
"အရှင်​ဘုရား​ပြောသလိုအစိမ်း​သေအပျိုကရှာရခက်​တာ...
အခု​တော့.....အဆင်​သင့်​ဖြစ်​ပြီဘုရား.....
"​အေး...ကိုရင်​ကြီးတို့.....
ဒါမျိုးကသတ္တိရှိမှ....စွန့်​စားရဲမှ
ကိုရင်​တို့ရ....
"အတိမ်း​​စောင်းမခံဘူး​လေ...
တစ်​ခုခုဖြစ်​ရင်​....ဆရာ​တော်​ဘုရားဦးဇင်းကိုအပြစ်​တင်​လို့ဆုံးမှာမဟုတ်​ဘူး.......
"ကိုရင်​တို့ကို"အရှင်​ဘုရားစိတ်​မပူပါနဲ့"
"တပည့်​​တော်​တို့ကမ​ကြောက်​မလှန့်​တတ်​သလို..
"အရှင်​ဘုရားထိုး​ပေါက်​ထားတဲ့​ဆေး​တွေ​ကြောင့်
ဘာကိုမှမ​ကြောက်​ပါဘုရား"
"မစိုးရိမ်​ပါနဲ့ဘုရား.....
တပည့်​​တော်​ရယ်​......ကိုရင်
ပဏ္တိက ရယ်​...ကိုရင်​ပညာသာမိကလည်းလုံးဝမ​ကြောက်​ပါဘုရား..."
"သ​လောက်​​တောင်​စိတ်​အားထက်​သန်​​နေမှ​တော့သွားကွယ်​.သွားသွား"
"ဒါမယ့်​သတိဝရိယရှိဖို့​တော့လိုမယ်​​နော်​.....
"မှန်​လှပါဘုရားတပည့်​​တော်​တို့စစရာရာဂရုစိုက်​ပါ့မယ်​"
"ကယ်​..အချိန်​လင့်​​နေဦးမယ်​သွားကြ...သွားကြ"
"သို့နှင့်​"
"တစ်​ခု​သောညရဲ့.......
သင်္ချိုင်း ထဲကဇရပ်​ပျက်​ထဲမှာ
"လပြည့်​ညရဲ့အလင်း​ရောင်​နဲ့အတူ.........
ဘုန်းကြီးတစ်​ပါးနဲ့.....ကိုရင်​သုံးပါးတို့လုပ်​ငန်းစဖို့အဆင်​သင့်​ဖြစ်​​နေပြီ.......
"ညဆို​တော့သိတဲ့တိုင်းပဲ"
သင်္ချိုင်း မှာဆို​တော့ပိုဆိုး​ရော​ပေါ့......
"​​ခွေး​တွေကလည်းအူ.....
ကျီးအာသံ....​တွေကညသန်း​ခေါင်​ယံအချိန်​ထိစိုးမိုး​နေတုန်း"
သွားရင်းနဲ့အရိုး​ခေါင်း​တွေနင်းမိလိုနင်းမိနဲ့
"အူး....ဝူး.....ဝူး........
"အူး.......ဝူး......ဝူး.....
"ကယ်​"ကိုရင်​တို့ပ္စည်း​တွေအစုံပါတယ်​​နော်​...."
"​ပြောထားတဲ့အတိုင်းကိုယ့်​တာဝန်​နဲ့ကိုယ်​သွက်​သွက်​လက်​လက်​လုပ်​ကြ"
"ကယ်​အသင့်​ဖြစ်​ပြီ.....
ပြောထားတဲ့အတိုင်းတာတာဝန်​ကိုယ်​စီယူကာ..
"ဘုန်းကြီးမှဦး​ဆောင်​၍ဇရပ်​ထဲကထွက်​လာပြီး.........
တစ်​ခု​သော​မြေပုံလတ်​လတ်​ဆတ်​ဆတ်​နားသို့ရပ်​လိုက်​သည်​.....
"တစ်​ပြိုင်​နက်​တည်း ကိုရင်​တစ်​ပါးစီလျှင်​မြန်​စွာ...
ဖျာကြမ်းခင်း....ချည်​မန်းကြိုးတားသူတားနှင့်​.......
"​ကယ်​...ကိုရင်​တို့စကြမယ်​....
"အင်းလိတ်​​တွေလက်​​မောင်းမှာချည်​ထားကြ......
ဘာကိုပဲမြင်​မြင်​​တွေ့​တွေ့မ​ကြောက်​ကြနဲ့
ဘာ​ကောင်​ပဲ​တွေ့​တွေ့....
ဒီဆန်​မန်း​တွေကိုင်​ထား....
"ဘာ​ကောင်​ပဲကပ်​ကပ်​....
ဒီဆန်​မန်းနဲ့သာ​ပေါက်​လိုက်​ကြားလာ.....
"တင်​ပါ့ဘုရား"
ထိုချိန်​မှာပဲ......ညှီစုတ်​စုတ်​နံ့တွေနှာ​ခေါင်းထဲဝင်​လာလိုက်
နံလိုက်​တာကွာ....
"တကယ်​ပုတ်​နဲ့ကြီးဟ"
သူတို့တီးတိုး​ပြော​နေချိန်​မှာပဲ..
"ဘုန်းဘုန်းက​မြေပုံကိုလက်​ညှိုးထိုး....
တောက်​​ခေါက်​၍အမိန့်​​ပေး​နေ​သောအခါ.....
"​မြေပုံမှအ​လောင်း​ကောင်​ကတဖြည်.ဖြည်း...ချင်းငုတ်​တုတ်​ထထိုင်​လိုက်​တယ်​"
ကိုရင်​သုံးပါးကမ​ကြောက်​တတ်​​ပေမယ့်​ခုလိုအစိမ်းမကငုတ်​တုတ်​ထထိုင်​တာကို.
မြင်​​တော့မ​ကြောက်​တတ်​​ပေမယ့်​ကြက်​သီးဖျန်းဖျန်းထကာ......
"တစ်​ပါးနှင့်​တစ်​ပါးပူးကပ်​စွာထိုင်​လိုက်​ကြတယ်​"
"ရင်​​တွေလည်းတဒိန်းဒိန်းခုန်​.
ဒူး​တွေတုန်​ကာ...ငါတို့​တော့လာမိတာမှားပြီထင်​တယ်
"​နောင်​တရမိသလိုဦးဇင်းကြီး​ထိုး​ပေးထားတဲ့​ဆေး​တွေ...
လက်​ဖွဲ့​တွေ...
ဦးဇင်းကြီးလည်းအတူရှိ​နေတာပဲ.......
"ကိုရင်​ချင်းကြည့်​ရင်းမ​ကြောက်​ပါဘူးကွာ....
ပြော​နေရင်းမှာပဲ.....
သင်္ချိုင်း ထဲမှသစ်​ပင်​ကြီးများက​လေမတိုက်​ပဲပျင်းထန်​စွာလှုပ်​ခတ်​​နေတဲ့အပြင်
ရွာဘက်​ရှိ​နေတဲ့​ခွေး​တွေ​....
သင်္ချိုင်း နားမှာရှိတဲ့​ခွေးအူသံ​တွေနဲ့....
အူး........ဝူး......ဝူး.......
အူး.........ဝူး.......ဝူး.....
ခွေးအူသံများကအသဲချမ်းစရာ​ကောင်းလှသည်​.....
ထိုချိန်​မှာပင်​....
ဦးဇင်းကြီးဆီမှအသံဟိန်း၍
"​ဟေ့သင်္ချိုင်းက....အကြီးဆုံး..
အ​စောင့်​နှင့်​သရဲများ
ငါတို့လိုအပ်​၍​ဆေး​ဖော်​တဲ့အခါသင်​တို့မ​နှောက်​ယှက်​ပဲကူညီကြပါ.....
"ငါတို့​ဆေး​ဖော်​တာ​အောင်​မြင်​ရင်​သင်​တို့ကိုအလှူပြု၍....
ကျွေး​မွေးမည်​.....
"သင်​တို့နာခံကြ....
မ​နှောက်​ယှက်​ပဲ​နေကြကုန်​အံ့
"ငါဆရာအမိန့်​သိကြားမြင်​​စေရမယ်​"
ဦးဇင်းကြီးမာန်​ပါပါနဲ့.....
တောက်​"တစ်​ချက်​​ကို
ပြင်းပြင်း​ခေါက်​လိုက်​​တော့...
ယိမ်းယိုင်​​နေတဲ့သစ်​ပင်​များ..
အူ​နေ​တဲ့​ခွေးများ.....မှအစ
တိတ်​ဆိတ်​ ငြိမ်​သက်​သွား​တော့တယ်​.....
"အဲ့ချိန်​မှ..."ကိုရင်​"သုံးပါးသက်​ပြင်းပြိုင်​တူချနိုင်​ပြီး......
"စိတ်သစ်​များဝင်​လာ​တော့မှစိတ်​ရဲကြ​တော့တယ်​"
"ကဲ....ကိုရင်​"တို့ပါလာတဲ့ပစ္စည်း​တွေကိုထုတ်​ကြ​တော့"
"တင်​ပါ့ဘုရား "
"ကိုရင်​တစ်​ပါးချင်းစီမှ....
သနပ်​ခါး.. ....​ကျောက်​ပြင်
ရေတစ်​ဖလား..ယပ်​​တောင်
သွားပွတ်​တံ တို့ကိုဦဇင်းကြီးအား​ပေးလိုက်​​တော့....
ဦးဇင်းကြီးမှ.....အစိမ်း​သေမ​ရှေ့ချ​ပေးရင်း...
"​ဟေ့....ငါဆရာအမိန့်​နဲ့သနပ်​ခါးလိမ်းစမ်းခုလိမ်းထူထူလိမ်း
"အစိမ်း​သေမမှာတုံ့ဆိုင်းမ​နေ​တော့ပဲသနပ်​ခါးတုံးကိုယူ
ရေထည့်​....သွက်​လက်​စွာနဲ့​သွေး​နေ​တော့တယ်​.....
"တိတ်​ဆိတ်​​နေ​သော....
သင်္ချိုင်းပတ်​ဝန်းကျင်​မှာ....
"အစိမ်း​သေမရဲ့......
သနပ်​ခါး​သွေးသံတရှဲရှဲသာကြား​နေရ​တော့တယ်​...
အစိမ်း​သေမက.....
သနပ်​ခါး​သွေးလိုက်​တိုင်း...
ဦးဇင်းက​ရေဖလားကိုင်​ကာတတွတ်​တွတ်​မန်းမုတ်​ရင်း​​ကျောက်​ပြင်​ထဲ​ရေမန်းများချ​ပေးလိုက်​နဲ့
လ​ရောင်​​အောက်​မှာ​တော်​ရုံတန်​ရုံအသည်းငယ်​သူများအဖို့....
မူး​မေ့သွား​စေနိုင်​သည်​....
အတန်​ကြာ​သွေးပြီး....
သနပ်​ခါးအရည်​အနှစ်​များ..
များများလာ​တော့...
ဦးဇင်းကြီးမှ.....
ကယ်​ကိုရင်​တို့ပန်းယူ​ပေးကြ
ကိုရင်​မှအဆင်​သင့်​ခူးလာ​သော​ခေါင်​ရမ်းပန်းအနီအားဦးဇင်းလက်​ထဲသို့ထည့််​​ပေးလိုက်​​တော့
ဦးဇင်းက...အစိမ်း​သေမအား​ပေးရင်းအမိန့်​ပြန်​​လေသည်​...
"ဟဲ့အစိမ်းမ...
နင့်​နားမှာပန်​....သနပ်​ခါးလိမ်း
"အန်​တုဗလမပြုနဲ့....
ဆရာခိုင်းတိုင်းနာခံအစိမ်းမ
ထိုချိန်​မှာပင်​.. .....
အစိမ်းမကမျက်​​တောင်​မခတ်
ရုပ်​​သေကြီးနဲ့...ဦးဇင်း​ပေးတဲ့​ခေါင်​ရမ်းပန်းကိုလက်​နှစ်​ဖက်​နဲ့ယူ​ခေါင်းမှာပန်​ပြီး....
သနပ်​ခါးကိုဇိမ်​​ပြေနှစ်​​ပြေလိမ်း​နေ​တော့တယ်​....
"ဟဲ့အစိမ်းမလက်​တစ်​ဖက်​ကယတ်​​တောင်​ခပ်​...
"လက်​တစ်​ဖက်​ကလိမ်း...
လက်​တစ်​ဖက်​ကယပ်​​တောင်​​ခပ်​​နေ​လေရာ...
လေတိုက်​တိုင်းအစိမ်းမဆီကသနပ်​ခါးနံ့သင်းသင်းက​မွှေးပျံ့လို့​နေ​တော့သည်​....
တ​အောင့်​ကြာ၍....
သနပ်​ခါးမ​ခြောက်​တစ်​​ခြောက်​အချိန်​​ရောက်​​သောအခါ
ဦးဇင်းကြီးမှ သနပ်​ခါးကို..
သပွတ်​တံဖြင့်​.....
ကော်​ဗူးအလွတ်​ထဲခြစ်​ချခိုင်း​သောဟန်​ဖြင့်​.......
ဂါထာမန္တာန်​များရွတ်​ကာအမိန့်​​ပေး​သောအခါ....
"အစိမ်း​သေမမှ.....
မျက်​လုံးစိမ်းကြီးဖြင့်​ကြည့်​ကာ
မခြစ်​ချလိုဟန်​နဲ့....
ဦးဇင်းကြီးအားဂျစ်​ကန်​ကန်​ကြည့်​​နေ​လေ​တော့တယ်​...
လ​ရောင်​​အောက်​မှာအစိမ်းမရဲ့မျက်​လုံးစိမ်းကြီးနဲ့ကြည့်​​နေတာကိုရင်​သုံးပါးလုံး
မြင်​​တွေ့ကာ​ကျောချမ်း​နေကြသည်​....
ထိုခါဦးဇင်းကြီးမှ...
ဟဲ့အစိမ်းမ.. ..
သနပ်​ခါးခြစ်​ချဆိုတာကို...
ငါ့ကိုအန်​တုပြီးကလန်​ကဆန်​လုပ်​​နေတာလာ......
ဦးဇင်းကြီး​ဒေါသထွက်​​ပေါက်​ကွဲ​လာ​တော့တယ်​....
နင့်​ကိုဒီတိုင်းထားလို့မရ​တော့ဘူး....
ပညာ​ပေးမှရ​တော့မယ်​..ဆိုပြီး
တောက်​​ခေါက်​​တော့မှ....
"အစိမ်း​သေမမှဦးဇင်းကြီးအားကြည့်​ကာသနပ်​ခါးကိုခြစ်​ချ​ပေး​တော့တယ်
ထို့​နောက်​....
သနပ်​ခါးများကုန်​​အောင်​ခြစ်​ချပြီး​သောအခါ.....
ဦးဇင်းကြီးမှသနပ်​ခါးမှုန့်​ဗူးကိုပိတ်​.....
ပစ္စည်းများကိုသိမ်းပြီးလျှင်
ကိုရင်​တို့ဦးဇင်း​ပြောတာမ​မေ့နဲ့.....
"အစိမ်း​သေမဘက်​လှည့်​၍အစိမ်း​သေမအားအမိန့်​ပြန်​​ပေး​လေသည်​.....
ဟေ့အစိမ်းမ.....
ရှေးကံမ​ကောင်းလို့နင်​​သေရ​ပေမယ့်​....
ခုချိန်​ကစပြီးနင့်​ကိုဘယ်​သူမှချုပ်​ပြီးမ​မွေးနိုင်​​စေရ
မခိုင်းနှိုင်း​စေရငါအာဏာမွက်​လိုက်​သည်​......
နင်​အိပ်​စက်​လှဲ​လျောင်းရာ​မြေပုံထဲကိုနဂိုအတိုင်းဝင်​​ပေ​တော့.....
ရက်​လည်​အလှူဒါနနင်​ရ၍
ကောင်းမြတ်​မွန်​ရာနင့်​ဘဝကိုလှစ်​ခနဲပြန်​​တော့​နေ​တော့....
ငါတို့လည်းနင့်​ကို​မေ့မယ်​....
နင်​လည်း​မေ့၍အဆက်ပြတ်​​စေဆိုပြီး......
ဦးဇင်းကြီးမှ မာန်​နဲ့ထန်​နဲ့ဟိန်း​ဟောက်​လိုက်​​သောအခါ.....
အစိမ်းမလည်းတဖြည်းဖြည်းနဲ့မီးခိုးသဏ္ဍာန်​​မြေပုံထဲသို့​ပျောက်​ဝင်​​လေ​တော့သည်​...
ကယ်​ကိုရင်​တို့လက်​စကို​ဖျောက်​...
တင်​ပါ့ဘုရား
ချည်​မန်းကြိုးများဖြုတ်​ကာဖျာလိတ်​ပြီးသည်​နှင့်​....
ဦးဇင်းကြီးမှ အမိန့်​ပြန်​​လေ​တော့သည်​.....
သင်္ချိုင်း​စောင့်​နှင့်​သင်​၏အ​ပေါင်းအပါများ.....
ကျွန်ုပ်​တို့​ကျွေး​မွေးသည်​ကိုစားကြ​သောက်​ကြ​လော့
ငါတို့ကိုလည်း​ကောင်းမွန်​စွာသွားခွင့်​ပြု....
အသင်​တို့်​မ​နှောက်​ယှက်​ကြကုန်​လင့်​ဟုဆိုကာ....
အဆင်​သင့်​ချက်​ယူလာ​သောအမဲသားနှင့်​ထမင်းကို
ကိုရင်​များမှငှက်​​ပျောဖက်​ဖြင့်​ခင်း​ကာပုံလိုက်​ကြပြီးဦးဇင်းနှင့်​အတူ.......
သင်္ချိုင်းမှ​နောက်​လှည့်​မကြည့်​ပဲခပ်​တုတ်​တုတ်​ထွက်​လာကြသည်​.....
အ​နောက်​ဘက်​ဆီမှအသံများဆူညံစွာ...
လုယက်​စား​သောက်​​နေကြသလိုအသံများကအတိုင်းသားကြား​နေရတယ်​....
ထိုခါဦးဇင်းကြီးမှ.. ..
ကိုရင်​တို့မြန်​မြန်​သွက်​သွက်​​လျှောက်​ကြဟုလက်​တို့ကာသတိ​ပေးလိုက်​တယ်
ကိုရင်​သုံးပါးလည်းဦးဇင်းကြီးရဲ့​ခြေလှမ်းကြဲ​နောက်​ကိုအမှီ​ပြေးလိုက်​ရင်း....
ရွာသင်္ချိုင်းအစပ်​ကို​ရောက်​သည်​နှင့်​.....
အ​နောက်​က​နေလူအုပ်​ကြီးအသံဖြင့်​....
လိုက်​​ဟေး.......လိုက်​ဟ...
အသံကြီးကြားလိုက်​​လေရာ...
ဦးဇင်းကြီးမှ....
ကိုရင်​တို့ရွာကို​ရောက်​​အောင်​သာ​ပြေးကြ​ပေ​တော့.....
အ​နောက်​ကိုလုံးဝလှည့်​မကြည့်​နဲ့​တော့ဆိုပြီး​ပြေးခိုင်း​လေရာ.....
ဦးဇင်းနှင့်​ကိုရင်​သုံးပါး ဖ​နောင့်​နှင့်​တင်​ပါးတစ်​ထပ်​တည်းကျ​အောင်​​ပြေး​လေ​တော့သည်​...
ကျောင်းနှင့်​သချိုင်းကအလှမ်း​ဝေးသည်​မို့...
အသံကြီးကြားတိုင်းအမဲ​ခြောက်​တစ်​ထစ်​ပြစ်​ချခိုင်း​လေရာ....
နောက်​ဆုံတစ်​ထစ်​လည်းကျန်​​တော့​ကျောင်းဝင်းအစပ်​ကို​ရောက်​​လေရာ..
ထိုအခါအသံ​တွေလည်းနီးလာ​လေရာ..
ကယ်​​ရော့ကွာတစ်​တုံးပဲကျန်​တာ......
ထိုအခါမှအ​နောက်​က​နေဆက်​လိုက်​လာသံမကြားရ​တော့ပဲအမဲ​ခြောက်​ကိုသာလုယက်​စား​သောက်​​နေ​တော့တယ်​......
ဦးဇင်းနှင့်​ကိုရင်​သုံးပါးကျောင်းဝင်းထဲသို့အမြန်​​ပြေးဝင်​​တော့တယ်​...
"ခုမှပဲသက်​ပြင်းချနိုင်​​တော့တယ်​"
တစ်​ပါးနဲ့တစ်​ပါးကြည့်​လိုက်​ရယ်​လိုက်​​မောလိုက်​နဲ့....
ရွဲရွဲစို​နေတဲ့သင်္ကန်းကိုလှဲကာအ​မော​ဖြေ​နေချိန်​မှာပဲ....
ကျောင်းဝင်းအပြင်​ဘက်​မှ....
"ငါတို့ပစ္စည်းပြန်​​ပေး.......
ငါတို့ပစ္စည်းပြန်​​ပေး.. ......
ကြောက်​စရာအသံကြီးများထပ်​ကြားရ​တော့....
ကိုရင်​များပျာပျာသလဲထ၍​ကျောင်းတံခါးကိုပိတ်​...
မီးမှိတ်​၍ ..သင်္ကန်းနှင့်​​ခေါင်းမူးခြုံ​နေ​နေ​တော့တယ်​.....
"ဒီလိုနှင့်​အတန်​ကြာ​တော့....
ရောင်​နီ​လာ​တော့........
တံခါး​ပေါက်​သံကြားရ​သောအခါ......
ဆွမ်းခံကြွရန်​လာ​ခေါ်ခြင်းပါ.
ဦးဇင်းနှင့်​ကိုရင်​သုံးပါး လည်း​နေမ​ကောင်းချင်​ဟန်​​ဆောင်​၍..
ခုနှစ်​ရက်​လုံးလုံး​ကျောင်းထဲတွင်​သာ​အောင်း​နေ​တော့တယ်​.....
အဘယ်​​ကြောင့်​ဆို​သော်​....
သင်္ချိုင်း​စောင့်​နှင့်​သူ၏အ​ပေါင်းပါများကမ​ကျေနပ်​၍​စောင့်​​နေမှာကိုသိ​သော​ကြောင့်​ပင်​..
သူတို့ပစ္စည်းကို​စောင့်​ယူရင်းရန်​ပြုမှာကို​ကြောက်​ရသည်​...
ခုနှစ်​ရက်​ပြည့်​​တော့မှ....
သင်္ချိုင်း​စောင့်​နှင့်​သူ၏အ​ပေါင်းပါများလက်​​လျှော့၍ပြန်​သွားကြ​လေရာ.....
အစိမ်းမဆီက​ဖော်​စပ်​ယူလာ​သောပီယ​ဆေးအားခွဲယူကြကာ....
"ကယ်​...ကိုရင်​တို့....
တစ်​​ယောက်​စီခွဲတန်းချပြိီိးယူကြ....
ဦးဇင်းကြီးက​တော့တခြား​ကျောင်းသို့ကြွ​နေမယ်​....
ကိုရင်​သုံးပါးထဲမှနှစ်​ပါးကလူထွက်​ကာအိမ်​​ထောင်​ပြုကြကုန်​တယ်​...
ကျန်​တစ်​ပါးကိုရင်​ကြီးမှာခုချိန်​ထိဝါ​တော်​ရဘုန်းဘုန်းအဖြစ်​တည်​ရှိ​​နေကာ...
ပီယ​ဆေးအားသူနှင့်​ခင်​မင်​ရင်းနှီးတဲ့ဒကာများကိုသာခွဲ​ဝေ​ပေး​တော့တယ်​....
အားလုံးကို​လေးစားလျက်​ {မိငဲ}
Sort:

ကြောက်စရာကြီး

တော်ချက်

ပျင်းလို့ဖတ်ဘူး

မလုပ်ကောင်းတာတေ
အဲလိုမျိုးတေက