Interpol Redlist ထဲ ရောက်နေပြီးတော့ တွေ့ရာနေရာမှာ အဖမ်းခံရနိုင်ခြေရှိနေတာတောင်မှ DoKwon ကတော့ လေကိုမလျှော့သေးပါဘူး။
သူဟာ ပြေးနေရတာလည်းမဟုတ်သလို ပုန်းလည်းပုန်းမနေဘဲ သူ့နာမည်ပျက်ကို ဖျောက်ပစ်ဖို့ နိုင်ငံတကာက ဥပဒေအရာရှိတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း Do Kwon က လတ်တလော tweet ထားပါတယ်။ ဒါ့အပြင် shopping mall တွေမှာ သူဈေးဝယ်ထွက်တာတွေ၊ ဟိုသွားဒီသွားလျှောက်သွားနေတာတွေကို လူတိုင်းတွေ့နေနိုင်ပြီးတော့ ဒီအချက်တွေဟာ သူပုန်းနေတာမဟုတ်ကြောင်း ကောင်းကောင်းသက်သေပြနိုင်တယ်လို့ tweet ထားပါတယ်။ ဒါပေမယ့် twitter user တော်တော်များများကတော့ မယုံကြဘဲ Do Kwon ကို အခုဘယ်မှာနေနေတာလဲဆိုပြီး ဝိုင်းမေးနေကြပေမယ့် Do Kwon ကတော့ ဖြေဖို့ငြင်းနေပါတယ်။
အချို့ တွေကလည်း Interpol ကအလိုရှိနေတဲ့သူတစ်ယောက်ဟာ twitter မှာ ဘာကြောင့် ဒီလောက်လွတ်လွတ်လပ်လပ်ကြီး tweet နေနိုင်တာလဲဆိုတာကို မေးခွန်းထုတ်နေကြပြီး Interpol ဟာလည်း သောက်သုံးမကျဘူးလားဆိုပြီး သံသယရှိနေကြပါပြီ။
နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ LFG (Luna Guard Foundation) ထဲက Bitcoin တွေကို KuCoin နဲ့ OKX ထဲကို ရွှေ့နေတယ်ဆိုတာပါပဲ။ Coindesk Korea ရဲ့အဆိုအရ LFG ဟာ စက်တင်ဘာလ ၁၅ရက်နေ့ကနေ ၁၈ရက်နေ့အတွင်းမှာ 3,300 BTC လောက်ကို KuCoin ဆီနဲ့ 1,950 BTC လောက်ကို OKX ဆီကို ရွှေ့ခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့ဖက်ကတော့ ဒါဟာ LFG ငွေကြေးခဝါချမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး Do Kwon ကို ဝရမ်းထုတ်ထားတာကနေ လွတ်အောင်လုပ်ဖို့ အကွက်တစ်ခုဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
Reference Link: https://cryptopotato.com/terras-do-kwon-claims-he-is-not-hiding-again-even-after-interpols-red-notice/
https://bitcoinist.com/terra-co-founder-cash-3300-bitcoin-interpol-alert/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL